မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၂-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ စတင်ကာ ဧပြီ ၁၆ ရက်နေ့အထိ ယိမ်း အကအလှများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ရေကစားလာ ပြည်သူများအား စတုဒီတာမုန့်ကျွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ် (၆)ခု စုစုပေါင်းမဏ္ဍပ်(၇)ခုတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေး မဏ္ဍပ်များ၌ ယိမ်းအက အလှအဖွဲ့(၂၂)ဖွဲ့က ယှဉ်ပြိုင် ကပြဖျော်ဖြေမည်ဖြစ်ပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့ လာရောက် ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒီသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်သည်။

အလားတူ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်လည်း ဇီဝိတဒါန ငါးလွတ်ခြင်း၊ သက်ကြီးဘိုးဘွားများကို ကန်တော့ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း အစီအစဉ် များကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“မေကြးၿမိဳ႕တြင္၂၀၂၂-ခုႏွစ္ ျမန္မာ့ရိုးရာယဥ္ေက်းမႈမဟာသၾကၤန္ပြဲေတာ္ကို စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္”

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕တြင္ ၂၀၂၂-ခုႏွစ္ ျမန္မာ့ရိုးရာယဥ္ေက်းမႈ မဟာသၾကၤန္ပြဲေတာ္ကို ဧၿပီ ၁၃ ရက္ေန႕မွ စတင္ကာ ဧၿပီ ၁၆ ရက္ေန႕အထိ ယိမ္း အကအလွမ်ား၊ ေဖ်ာ္ေျဖေရး အစီအစဥ္မ်ား၊ ေရကစားလာ ျပည္သူမ်ားအား စတုဒီတာမုန႔္ေကြၽးျခင္းမ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြား မည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံမွ သိရသည္။

ျမန္မာ့ရိုးရာယဥ္ေက်းမႈ မဟာသၾကၤန္ပြဲကို မေကြးၿမိဳ႕ ကမ္းနားလမ္းရွိ ဗဟိုမ႑ပ္ႏွင့္ ဝန္ႀကီးဌာနမ႑ပ္ (၆)ခု စုစုေပါင္းမ႑ပ္(၇)ခုတြင္ စည္ကား သိုက္ၿမိဳက္စြာ က်င္းပမည္ျဖစ္ရာ ဗဟိုမ႑ပ္ႏွင့္ ဝန္ႀကီးဌာနအလိုက္ ဧည့္ခံေဖ်ာ္ေျဖေရး မ႑ပ္မ်ား၌ ယိမ္းအက အလွအဖြဲ႕(၂၂)ဖြဲ႕က ယွဥ္ၿပိဳင္ ကျပေဖ်ာ္ေျဖမည္ျဖစ္ၿပီး၊ ဗဟိုမ႑ပ္ႏွင့္ ေရကစားမ႑ပ္မ်ားသို႔ လာေရာက္ ၾကည့္ရႈအားေပးသည့္ ပရိသတ္မ်ား၊ ေရကစားလာျပည္သူမ်ားႏွင့္ ေဖ်ာ္ေျဖေရးယိမ္းအဖြဲ႕မ်ားအား သၾကၤန္ျဖစ္ေျမာက္ေရးေကာ္မတီႏွင့္ အလႉရွင္မ်ားမွ ေန႕စဥ္ စတုဒီသာမုန႔္မ်ားျဖင့္ ဧည့္ခံေကြၽးေမြးမည္ျဖစ္သည္။

အလားတူ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႕တြင္လည္း ဇီဝိတဒါန ငါးလြတ္ျခင္း၊ သက္ႀကီးဘိုးဘြားမ်ားကို ကန္ေတာ့ျခင္းႏွင့္ ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း ပရိတ္တရားေတာ္မ်ား ႐ြတ္ဖတ္ျခင္း အစီအစဥ္ မ်ားကို က်င္းပေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews