မကွေးမြို့နဲ့ မြင်းခြံမြို့တို့မှာ သဘာဝဓာတ်ငွေ့နဲ့ ဆိုလာစနစ် ပေါင်းစပ်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ခြင်းနဲ့ လုပ်ငန်းလည်ပတ်ခြင်းတို့အတွက် ဖင်လန်နည်းပညာကုမ္ပဏီဖြစ်တဲ့ Wärtsilä Corporation က တင်ဒါနှစ်ခု ရရှိထားတယ်လို့ ဖော်ပြလာတဲ့သတင်းတွေအရ သိရပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ခံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EPGE) က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ တင်ဒါခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကို လျှောက်လွှာပိတ်ရက်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Wärtsilä က တင်ဒါနှစ်ခုလုံးကို တရုတ်ကော်ပိုရေးရှင်း Dongfang Electric International Corporation ၊ Myanmar Chemical and Machinery (MCM) တို့နဲ့ အကျိုးတူပေါင်းစပ်လုပ်ငန်းရဲ့ အစိတ်အပိုင်းအဖြစ် ရရှိခဲ့ခြင်းဖြစ်တယ်လို့ BETV Business သတင်းဌာနရဲ့ ဖော်မှုအရ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်အရ လက်ရှိမှာ ၃၀ မဂ္ဂါဝပ်ထွက်ရှိမယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ၁၁ ခုနဲ့ ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

လက်ရှိ ဖော်ဆောင်နေတဲ့ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းတွေထဲက ၄၀ မဂ္ဂါဝပ် ထွက်ရှိမယ့် လက်ပံလှစီမံကိန်း၊ ၃၀ မဂ္ဂါဝပ် ထွက်ရှိမယ့် ညောင်ပင်ကြီးစီမံကိန်းတို့မှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ ဆိုပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ယခုနှစ် နွေရာသီအမီ ရွှေဓာတ်ငွေ့ကို အသုံးပြုပြီး ၁၉၅ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်နေပြီး ၁၃၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် ကျောက်ဖြူသဘာဝဓာတ်ငွေနှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကိုလည်း ဆောလျှင်စွာ ပြီးစီးနိုင်ရေး တွန်းအားပေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#mhtnews

==============================

(Zawgyi)

“မေကြးႏွင့္ ျမင္းၿခံတို႔တြင္ ေဖာ္ေဆာင္မည့္ လွ်ပ္စစ္စီမံကိန္း ၂ ခုအတြက္ ဖင္လန္နိုင္ငံကုမၸဏီက တင္ဒါရရွိထား”

 မေကြးၿမိဳ႕နဲ႕ ျမင္းၿခံၿမိဳ႕တို႔မွာ သဘာဝဓာတ္ေငြ႕နဲ႕ ဆိုလာစနစ္ ေပါင္းစပ္သုံး လွ်ပ္စစ္ထုတ္လုပ္ေရးစက္႐ုံမ်ား တည္ေဆာက္ျခင္းနဲ႕ လုပ္ငန္းလည္ပတ္ျခင္းတို႔အတြက္ ဖင္လန္နည္းပညာကုမၸဏီျဖစ္တဲ့ Wrtsil Corporation က တင္ဒါႏွစ္ခု ရရွိထားတယ္လို႔ ေဖာ္ျပလာတဲ့သတင္းေတြအရ သိရပါတယ္။

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန လက္ေအာက္ခံ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္း (EPGE) က ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလမွာ တင္ဒါေခၚယူခဲ့တာျဖစ္ၿပီး ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလကို ေလွ်ာက္လႊာပိတ္ရက္အျဖစ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

Wrtsil က တင္ဒါႏွစ္ခုလုံးကို တ႐ုတ္ေကာ္ပိုေရးရွင္း Dongfang Electric International Corporation ၊ Myanmar Chemical and Machinery (MCM) တို႔နဲ႕ အက်ိဳးတူေပါင္းစပ္လုပ္ငန္းရဲ႕ အစိတ္အပိုင္းအျဖစ္ ရရွိခဲ့ျခင္းျဖစ္တယ္လို႔ BETV Business သတင္းဌာနရဲ႕ ေဖာ္မႈအရ သိရပါတယ္။

ျပန္ၾကားေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းရဲ႕ ေျပာၾကားခ်က္အရ လက္ရွိမွာ ၃၀ မဂ္ဂါဝပ်ထွက်ရှိမယ့် ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံစီမံကိန္း ၁၁ ခုနဲ႕ ဓာတ္အားဝယ္ယူေရးစာခ်ဳပ္ ခ်ဳပ္ဆိုနိုင္ဖို႔ ညွိႏွိုင္းေဆာင္႐ြက္ေနတယ္လို႔ သိရွိရပါတယ္။

လက္ရွိ ေဖာ္ေဆာင္ေနတဲ့ ေနေရာင္ျခည္စြမ္းအင္သုံး စီမံကိန္းေတြထဲက ၄၀ မဂ္ဂါဝပ် ထြက္ရွိမယ့္ လက္ပံလွစီမံကိန္း၊ ၃၀ မဂ္ဂါဝပ် ထြက္ရွိမယ့္ ေညာင္ပင္ႀကီးစီမံကိန္းတို႔မွာ တည္ေဆာက္ေရးလုပ္ငန္းေတြ စတင္ေနၿပီလို႔ ဆိုပါတယ္။

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနအေနနဲ႕ ယခုႏွစ္ ႏြေရာသီအမီ ေ႐ႊဓာတ္ေငြ႕ကို အသုံးျပဳၿပီး ၁၉၅ မဂ္ဂါဝပ်အထိ တိုးျမႇင့္ထုတ္လုပ္ဖို႔ စီစဥ္ေဆာင္႐ြက္ေနၿပီး ၁၃၅ မဂ္ဂါဝပ် ထုတ္လုပ္နိုင္မယ့္ ေက်ာက္ျဖဴသဘာဝဓာတ္ေငြႏွင့္ စြန႔္ပစ္အပူသုံး ဓာတ္အားေပးစက္႐ုံစီမံကိန္းကိုလည္း ေဆာလွ်င္စြာ ၿပီးစီးနိုင္ေရး တြန္းအားေပး ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

#mhtnews