ရိုင်ဖယ်သေနတ်များကိုင်ဆောင်ထား အကြမ်းဖက် ရာဇဝတ်ဂိုဏ်းတစ်ခုသည် ဘရာဇီးလ်နိုင်ငံ တောင်ပိုင်းရှိ ပါရာနာပြည်နယ်မှ မြို့တစ်မြို့ကို လက်နက်အားဖြင့် အကြမ်းဖက် လုယက်သိမ်းပိုက်ရန်ကြိုးစားခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် ပစ်ခတ်မှုများဖြစ်ပွားသည့်ဖြစ်စဥ်တစ်ခု တနင်္ဂနွေနေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။

လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းသား ၃၀ ခန့်သည် သံချပ်ကာသယ်ယူပို့ဆောင်ရေးယာဉ် ကုမ္ပဏီတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် ရဲနှစ်ဦးအပါအဝင် လူ ၃ ဦး ဒဏ်ရာရရှိသွားခဲ့ပြီး လက်နက်ကိုင်ဓားပြများအနေဖြင့် တိုက်ခိုက်မှု မအောင်မြင်ဘဲ မြို့မှ ဆုတ်ခွာထွက်ပြေးသွားရကြောင်း ပါရာနာပြည်နယ်အစိုးရက ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖေါ်ပြထားသည်။

“ကျနော်တို့အဖွဲ့တွေရဲ့လျှင်မြန်ရဲရင့်တဲ့ စစ်ဆင်ရေးနဲ့ အဲဒီတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ခဲ့တယ်” ဟု ပြည်နယ် အုပ်ချုပ်ရေးမှူး ကားလို့စ် မက်ဆာ ရက်တင်ဟို ဂျူနီယာကပြောကြောင်း ထိုကြေညာချက်တွင် ဖေါ်ပြထားပြီး “မိမိတို့၏ လုံခြုံရေးတပ်များသည် ထိုဓါးပြများကို လိုက်လံတိုက်ခိုက်နေပြီး ပြည်သူများကို အလျှင်အမြန်အကာ အကွယ်ပေးနေသည်” ဟုလည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

လူဦးရေ ၁၈၄၀၀၀ ရှိသော ဂွါရာပူရာဗာမြို့သည် ပြည်နယ်မြို့တော် ကျူရီတီဗာနှင့် ဘရာဇီးလ်၊ ပါရာဂွေးနှင့် အာဂျင်တီးနား ၃ နိုင်ငံအကြား လမ်းတဝက်တွင် တည်ရှိပြီး ဓါးပြများက ရဲစခန်းကိုတိုက်ခိုက်ကာ လုံခြုံရေးတပ်များကိုဟန့်တားရန် ဂိတ်ပေါက်ကို မီးရှို့ခဲ့သည်ဟုဆိုသည်။

ဘရာဇီးလ်တွင် မကြာသေးမီနှစ်များအတွင်း ချိန်ကိုက်ညိနှိုင်း ဓါးပြတိုက်မှုများဖြစ်ပွားလာပြီး မြို့ငယ်များ၊ မြို့များကို သိမ်းပိုက်ကာ ဓါးပြတိုက်ထွက်ပြေးရေးအတွက် ဓါးစာခံဖမ်းဆီးမှုများ၊ လမ်းပိတ်ဆို့မှုများကို မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ဘရာဇီးလ္တြင္ လက္နက္မ်ားကိုင္ေဆာင္ထားေသာ ဓါးျပမ်ားက ၿမိဳ႕ကိုသိမ္းပိုက္ရန္ႀကိဳးစား”

ရိုင္ဖယ္ေသနတ္မ်ားကိုင္ေဆာင္ထား အၾကမ္းဖက္ ရာဇဝတ္ဂိုဏ္းတစ္ခုသည္ ဘရာဇီးလ္နိုင္ငံ ေတာင္ပိုင္းရွိ ပါရာနာျပည္နယ္မွ ၿမိဳ႕တစ္ၿမိဳ႕ကို လက္နက္အားျဖင့္ အၾကမ္းဖက္ လုယက္သိမ္းပိုက္ရန္ႀကိဳးစားခဲ့သျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ ပစ္ခတ္မႈမ်ားျဖစ္ပြားသည့္ျဖစ္စဥ္တစ္ခု တနဂၤႏြေေန႕ညပိုင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း နိုင္ငံတကာသတင္းမ်ားအရ သိရသည္။

လက္နက္ကိုင္ ရာဇဝတ္ဂိုဏ္းသား ၃၀ ခန႔္သည္ သံခ်ပ္ကာသယ္ယူပို႔ေဆာင္ေရးယာဥ္ ကုမၸဏီတစ္ခုကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့သျဖင့္ ရဲႏွစ္ဦးအပါအဝင္ လူ ၃ ဦး ဒဏ္ရာရရွိသြားခဲ့ၿပီး လက္နက္ကိုင္ဓားျပမ်ားအေနျဖင့္ တိုက္ခိုက္မႈ မေအာင္ျမင္ဘဲ ၿမိဳ႕မွ ဆုတ္ခြာထြက္ေျပးသြားရေၾကာင္း ပါရာနာျပည္နယ္အစိုးရက ထုတ္ျပန္သည့္ ေၾကညာခ်က္တစ္ေစာင္တြင္ ေဖၚျပထားသည္။

က်ေနာ္တို႔အဖြဲ႕ေတြရဲ႕လွ်င္ျမန္ရဲရင့္တဲ့ စစ္ဆင္ေရးနဲ႕ အဲဒီတိုက္ခိုက္မႈေတြကို ဟန႔္တားနိုင္ခဲ့တယ္ ဟု ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ကားလို႔စ္ မက္ဆာ ရက္တင္ဟို ဂ်ဴနီယာကေျပာေၾကာင္း ထိုေၾကညာခ်က္တြင္ ေဖၚျပထားၿပီး မိမိတို႔၏ လုံၿခဳံေရးတပ္မ်ားသည္ ထိုဓါးျပမ်ားကို လိုက္လံတိုက္ခိုက္ေနၿပီး ျပည္သူမ်ားကို အလွ်င္အျမန္အကာ အကြယ္ေပးေနသည္ ဟုလည္း ထိုေၾကညာခ်က္တြင္ ေဖၚျပထားသည္။

လူဦးေရ ၁၈၄၀၀၀ ရွိေသာ ဂြါရာပူရာဗာၿမိဳ႕သည္ ျပည္နယ္ၿမိဳ႕ေတာ္ က်ဴရီတီဗာႏွင့္ ဘရာဇီးလ္၊ ပါရာေဂြးႏွင့္ အာဂ်င္တီးနား ၃ နိုင္ငံအၾကား လမ္းတဝက္တြင္ တည္ရွိၿပီး ဓါးျပမ်ားက ရဲစခန္းကိုတိုက္ခိုက္ကာ လုံၿခဳံေရးတပ္မ်ားကိုဟန႔္တားရန္ ဂိတ္ေပါက္ကို မီးရွို႔ခဲ့သည္ဟုဆိုသည္။

ဘရာဇီးလ္တြင္ မၾကာေသးမီႏွစ္မ်ားအတြင္း ခ်ိန္ကိုက္ညိႏွိုင္း ဓါးျပတိုက္မႈမ်ားျဖစ္ပြားလာၿပီး ၿမိဳ႕ငယ္မ်ား၊ ၿမိဳ႕မ်ားကို သိမ္းပိုက္ကာ ဓါးျပတိုက္ထြက္ေျပးေရးအတြက္ ဓါးစာခံဖမ္းဆီးမႈမ်ား၊ လမ္းပိတ္ဆို႔မႈမ်ားကို မၾကာခဏ ျပဳလုပ္ေနေၾကာင္း သိရသည္။

#mhtnews