ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေ ၁၂ ရက်မှ ၂၃ ရက်အထိ ပြန်လည်ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်ရာ

မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ပြေးခုန်ပစ်၊ မြားပစ်၊ လက်ဝှေ့၊ ဘိလိယက်၊ ဘောလုံး ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ ဘော်လီဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ အလေးမ၊ သေနတ်ပစ်၊ လှေလှော် (အပြည်ပြည်ဆိုင်ရာလှေ၊ ကနူးကယက်)၊ ပီတန်း၊ ဂေါက်သီး၊ စစ်တုရင်၊ ကာယဗလ၊ Esports နှင့် Kurash အားကစားနည်းတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ယခင်က အားကစားနည်း ၁၈ မျိုးတွင်သာ ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း Esports နှင့် Kurash အားကစားနည်းများ ထပ်တိုးခဲ့ခြင်းဖြစ်ကာ မြန်မာအားကစားအဖွဲ့ အများစုသည် လာမည့်ဆီးဂိမ်းပြိုင်ပွဲအတွက် ပြီးခဲ့သည့်နှစ်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး အားကစားအဖွဲ့ ခြောက်ခုမှာမူ ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းမှာ တောင်ကိုရီးယားနိုင်ငံ၌လည်းကောင်း၊ မြန်မာ အမျိုးသားဘောလုံးအသင်းမှာ ယူအေအီးနိုင်ငံ၌လည်းကောင်း လက်ရှိသွားရောက်လေ့ကျင့်လျက်ရှိပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိကာ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းမှာမူ မတ် ၁၀ ရက်မှ ဧပြီ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၌ နေထိုင်လေ့ကျင့်ပြီး ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲနှင့် အာဆီယံ ဖူဆယ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့သလို မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းမှာမူ ဧပြီ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပသည့် ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်ပြီးနောက် ထိုင်းနိုင်ငံ၌ ဆက်လက် လေ့ကျင့်လျက်ရှိသည်။

(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်စုစုပေါင်း ၅၂၆ ခု ချီးမြှင့်မည်ဖြစ်ပြီး အားကစားနည်း အချို့ကို မေ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ဗီယက္နမ္နိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ (၃၁)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ျမန္မာနိုင္ငံက အားကစားနည္း ၂၀ ျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္”

ဗီယက္နမ္နိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ (၃၁)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ျမန္မာနိုင္ငံက အားကစားနည္း ၂၀ ျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ေ႐ႊ႕ဆိုင္းထားရသည့္ (၃၁)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲကို ေမ ၁၂ ရက္မွ ၂၃ ရက္အထိ ျပန္လည္က်င္းပမည္ျဖစ္ၿပီး အားကစားနည္း ၄၀ ထည့္သြင္းက်င္းပမည္ျဖစ္ရာ

ျမန္မာနိုင္ငံအေနျဖင့္ အားကစားနည္း ၂၀ တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ စီစဥ္ထားျခင္းျဖစ္ၿပီး ေျပးခုန္ပစ္၊ ျမားပစ္၊ လက္ေဝွ႕၊ ဘိလိယက္၊ ေဘာလုံး ဖူဆယ္၊ ပိုက္ေက်ာ္ျခင္း၊ ဝူရႉး၊ ေဘာ္လီေဘာ၊ ဂ်ဴဒို၊ တိုက္ကြမ္ဒို၊ ဗိုဗီနမ္၊ အေလးမ၊ ေသနတ္ပစ္၊ ေလွေလွာ္ (အျပည္ျပည္ဆိုင္ရာေလွ၊ ကႏူးကယက္)၊ ပီတန္း၊ ေဂါက္သီး၊ စစ္တုရင္၊ ကာယဗလ၊ Esports ႏွင့္ Kurash အားကစားနည္းတို႔ျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

ျမန္မာနိုင္ငံအေနျဖင့္ ယခင္က အားကစားနည္း ၁၈ မ်ိဳးတြင္သာ ယွဥ္ၿပိဳင္ရန္ စီစဥ္ထားေသာ္လည္း Esports ႏွင့္ Kurash အားကစားနည္းမ်ား ထပ္တိုးခဲ့ျခင္းျဖစ္ကာ ျမန္မာအားကစားအဖြဲ႕ အမ်ားစုသည္ လာမည့္ဆီးဂိမ္းၿပိဳင္ပြဲအတြက္ ၿပီးခဲ့သည့္ႏွစ္ကတည္းက ေလ့က်င့္ျပင္ဆင္ခဲ့ၿပီး အားကစားအဖြဲ႕ ေျခာက္ခုမွာမူ ၿပိဳင္ပြဲအႀကိဳျပင္ဆင္မႈအျဖစ္ တ႐ုတ္နိုင္ငံ၌ သြားေရာက္ေလ့က်င့္ခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးေဘာလုံးအသင္းမွာ ေတာင္ကိုရီးယားနိုင္ငံ၌လည္းေကာင္း၊ ျမန္မာ အမ်ိဳးသားေဘာလုံးအသင္းမွာ ယူေအအီးနိုင္ငံ၌လည္းေကာင္း လက္ရွိသြားေရာက္ေလ့က်င့္လ်က္ရွိၿပီး ေျခစမ္းပြဲမ်ား ယွဥ္ၿပိဳင္ကစားလ်က္ရွိကာ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသားဖူဆယ္အသင္းမွာမူ မတ္ ၁၀ ရက္မွ ဧၿပီ ၁၂ ရက္အထိ ထိုင္းနိုင္ငံ၌ ေနထိုင္ေလ့က်င့္ၿပီး ထိုင္းဖိတ္ေခၚ ဖူဆယ္ၿပိဳင္ပြဲႏွင့္ အာဆီယံ ဖူဆယ္ၿပိဳင္ပြဲမ်ား ယွဥ္ၿပိဳင္ခဲ့သလို ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးဖူဆယ္အသင္းမွာမူ ဧၿပီ ၂၀ ရက္မွ ၂၆ ရက္အထိ က်င္းပသည့္ ထိုင္းဖိတ္ေခၚ ဖူဆယ္ၿပိဳင္ပြဲယွဥ္ၿပိဳင္ၿပီးေနာက္ ထိုင္းနိုင္ငံ၌ ဆက္လက္ ေလ့က်င့္လ်က္ရွိသည္။

(၃၁) ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္စုစုေပါင္း ၅၂၆ ခု ခ်ီးျမႇင့္မည္ျဖစ္ၿပီး အားကစားနည္း အခ်ိဳ႕ကို ေမ ၆ ရက္တြင္ စတင္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews