နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ခရီးစဉ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ နောင်တရားဒေသအတွင်း လက်ဖက်အခြောက်ခံစက်ရုံဖွင့်လှစ်ရေး လမ်းညွှန်ချက်နှင့်အညီ လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံ စက်ရုံ (နောင်တရား)ကို ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းစက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌တည်ရှိပြီး အဆိုပါ လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား)မှ တစ်ရက် ၈ နာရီတစ်ဆိုင်းဖြင့် ထုတ်လုပ်ပါက လက်ဖက်ကုန်ချော လက်ဖက် အချိုခြောက် ၁၁၃၆ ကီလိုဂရမ် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် စက်လည်ရက် ၂၂၄ ရက် ဖြင့် လက်ဖက်ကုန်ချော လက်ဖက်အချိုခြောက် ၄၈၈၀၀၀ ကီလိုဂရမ်(၅၃၈ တန်)ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်းသိရှိရသည်။

နောင်တရားမြို့အတွင်း ယခုကဲ့သို့ လက်ဖက်ခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံကြီး တည်ဆောက်ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း (နောင်တရား) ဒေသ၊ ပင်လောင်းဒေသနှင့် အနီးဝန်းကျင်ဒေသများမှထွက်ရှိသည့် သစ်သီးများကို အခြောက်ခံပြီး အသီးအခြောက်ပြုလုပ်ကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်အတွင်း အဆင့်မြင့်ထုတ်ကုန် အဖြစ် ထုတ်လုပ်ရောင်းချပြီး ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပြီး ဝင်ငွေတိုးပွား စေရန်ဖြစ်ကြောင်း၊ ပင်လောင်း- နောင်တရားဒေသများသည် ပတ်ဝန်းကျင်ရှိ ရွာငံ၊ ပင်းတယမြို့များထက် စိုက်ဧကများသော်လည်း အကျိုးမြတ်ရရှိမှုနည်းသဖြင့် လက်ဖက်ခြံလုပ်ငန်းများနှင့် အသီးခြံလုပ်ငန်းများ စွန့်ခွာမည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိရာ စက်ရုံမှဝယ်ယူမည့် လက်ဖက်နှင့်သစ်သီးကုန်ကြမ်း ဝင်ငွေပုံမှန် ရရှိလာမည်ဖြစ်၍ လက်ဖက်နှင့် သစ်သီးခြံလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း သိရသည်။

နောင်တရားပတ်ဝန်းကျင် ကျေးရွာအုပ်စု ၈ စုတွင် လက်ရှိလက်ဖက်စိုက်ဧက စုစုပေါင်း ၄၅၂၆ ဧကခန့်နှင့် တစ်ဧကပျမ်းမျှ လက်ဖက် ရွက်စိမ်း ၆၀၀ ပိဿာခန့် ထွက်ရှိပြီး တစ်နှစ် စုစုပေါင်း လက်ဖက်ရွက်စိမ်း ၂ ဒသမ ၇ သန်းပိဿာခန့်ထွက်ရှိကြောင်းနှင့် ပင်လောင်းမြို့နယ် အတွင်းတွင် လက်ဖက်စိုက်ဧက ၁၅၅၄၃ ဧကမှ တစ်နှစ်လက်ဖက်ရွက်စိမ်း ၆၆၁၀၂၀၀ ပိဿာခန့် ထွက်ရှိသည့်အတွက် ဒေသတစ်ခုလုံးတွင် လက်ဖက်ရွက်စိမ်းထွက်ရှိမှုအနေဖြင့် ၉၃၂၅၈၀၀ ပိဿာ (၁၅၂၂၈)တန် ထွက်ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္၏ လမ္းၫႊန္မႈျဖင့္ တည္ေဆာက္ခဲ့သည့္ လက္ဖက္ အခ်ိဳေျခာက္ႏွင့္ သစ္သီး အေျခာက္ခံစက္႐ုံ(ေနာင္တရား) ဖြင့္လွစ္”

နိုင္ငံေတာင္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္၏ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ခရီးစဥ္အတြင္း ေဒသခံျပည္သူမ်ား၏ လူမႈစီးပြားဘဝ အေထာက္အကူျဖစ္ေစရန္ရည္႐ြယ္၍ ေနာင္တရားေဒသအတြင္း လက္ဖက္အေျခာက္ခံစက္႐ုံဖြင့္လွစ္ေရး လမ္းၫႊန္ခ်က္ႏွင့္အညီ လက္ဖက္အခ်ိဳေျခာက္ႏွင့္ သစ္သီးအေျခာက္ခံ စက္႐ုံ (ေနာင္တရား)ကို ယမန္ေန႕က နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီး ခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း တက္ေရာက္ဖြင့္လွစ္ေပးခဲ့သည္။

ယင္းစက္႐ုံသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ပင္ေလာင္းၿမိဳ႕နယ္၊ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေနာင္တရားၿမိဳ႕၌တည္ရွိၿပီး အဆိုပါ လက္ဖက္အခ်ိဳေျခာက္ႏွင့္ သစ္သီးအေျခာက္ခံစက္႐ုံ(ေနာင္တရား)မွ တစ္ရက္ ၈ နာရီတစ္ဆိုင္းျဖင့္ ထုတ္လုပ္ပါက လက္ဖက္ကုန္ေခ်ာ လက္ဖက္ အခ်ိဳေျခာက္ ၁၁၃၆ ကီလိုဂရမ္ ထုတ္လုပ္နိုင္ၿပီး တစ္ႏွစ္လွ်င္ စက္လည္ရက္ ၂၂၄ ရက္ ျဖင့္ လက္ဖက္ကုန္ေခ်ာ လက္ဖက္အခ်ိဳေျခာက္ ၄၈၈၀၀၀ ကီလိုဂရမ္(၅၃၈ တန္)ခန႔္ ထုတ္လုပ္နိုင္မည္ ျဖစ္ေၾကာင္းသိရွိရသည္။

ေနာင္တရားၿမိဳ႕အတြင္း ယခုကဲ့သို႔ လက္ဖက္ေျခာက္ႏွင့္ သစ္သီးအေျခာက္ခံစက္႐ုံႀကီး တည္ေဆာက္ဖြင့္လွစ္ရသည့္ ရည္႐ြယ္ခ်က္မ်ားအေနျဖင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း (ေနာင္တရား) ေဒသ၊ ပင္ေလာင္းေဒသႏွင့္ အနီးဝန္းက်င္ေဒသမ်ားမွထြက္ရွိသည့္ သစ္သီးမ်ားကို အေျခာက္ခံၿပီး အသီးအေျခာက္ျပဳလုပ္ကာ ျပည္တြင္း၊ ျပည္ပ ေဈးကြက္အတြင္း အဆင့္ျမင့္ထုတ္ကုန္ အျဖစ္ ထုတ္လုပ္ေရာင္းခ်ၿပီး ေဒသခံျပည္သူ မ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္အကူျဖစ္ေစၿပီး ဝင္ေငြတိုးပြား ေစရန္ျဖစ္ေၾကာင္း၊ ပင္ေလာင္း- ေနာင္တရားေဒသမ်ားသည္ ပတ္ဝန္းက်င္ရွိ ႐ြာငံ၊ ပင္းတယၿမိဳ႕မ်ားထက္ စိုက္ဧကမ်ားေသာ္လည္း အက်ိဳးျမတ္ရရွိမႈနည္းသျဖင့္ လက္ဖက္ၿခံလုပ္ငန္းမ်ားႏွင့္ အသီးၿခံလုပ္ငန္းမ်ား စြန႔္ခြာမည့္အေျခအေနမ်ား ျဖစ္ေပၚလ်က္ရွိရာ စက္႐ုံမွဝယ္ယူမည့္ လက္ဖက္ႏွင့္သစ္သီးကုန္ၾကမ္း ဝင္ေငြပုံမွန္ ရရွိလာမည္ျဖစ္၍ လက္ဖက္ႏွင့္ သစ္သီးၿခံလုပ္ငန္းမ်ား ဆက္လက္လုပ္ကိုင္ေဆာင္႐ြက္နိုင္ေစရန္ျဖစ္ေၾကာင္း သိရသည္။

ေနာင္တရားပတ္ဝန္းက်င္ ေက်း႐ြာအုပ္စု ၈ စုတြင္ လက္ရွိလက္ဖက္စိုက္ဧက စုစုေပါင္း ၄၅၂၆ ဧကခန႔္ႏွင့္ တစ္ဧကပ်မ္းမွ် လက္ဖက္ ႐ြက္စိမ္း ၆၀၀ ပိႆာခန႔္ ထြက္ရွိၿပီး တစ္ႏွစ္ စုစုေပါင္း လက္ဖက္႐ြက္စိမ္း ၂ ဒသမ ၇ သန္းပိႆာခန႔္ထြက္ရွိေၾကာင္းႏွင့္ ပင္ေလာင္းၿမိဳ႕နယ္ အတြင္းတြင္ လက္ဖက္စိုက္ဧက ၁၅၅၄၃ ဧကမွ တစ္ႏွစ္လက္ဖက္႐ြက္စိမ္း ၆၆၁၀၂၀၀ ပိႆာခန႔္ ထြက္ရွိသည့္အတြက္ ေဒသတစ္ခုလုံးတြင္ လက္ဖက္႐ြက္စိမ္းထြက္ရွိမႈအေနျဖင့္ ၉၃၂၅၈၀၀ ပိႆာ (၁၅၂၂၈)တန္ ထြက္ရွိေၾကာင္း သိရသည္။

#mhtnews