ရွှေဂုံရိပ်မွန်အိမ်ရာ၊ တိုက် ၅ သုံးလွှာအခန်း ၁၄ တွင်နေထိုင်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့ ဧပြီ ၇ ရက်၊ နံနက်ပိုင်းက ၎င်း၏နေအိမ်၌ပင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဗဟန်းမြိုနယ် ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲထံမှ သိရသည်။
” သူက မနေ့ညကမှ နေပြည်တော်က ပြန်လာတာ။ သေနတ်သမားက သူ့အိမ်ရှေ့တံခါးကို ခေါက်လို သူက တံခါးလာဖွင့်တဲ့အချိန်မှာ ပစ်သွားတာ” ဟု ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေသည် နိုင်ငံတော်ကပေးသည့်အိမ်တွင် နေထိုင်ခြင်းမရှိဘဲ ၎င်းပိုင် ရွှေဂုံရိပ်မွန်အိမ်ရာတွင်သာ တစ်ယောက်တည်း နေထိုင်လာခဲ့သည်မှာ ငါးနှစ်ကျော်ရှိပြီဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲထံမှ သိရသည်။
ဒေါ်သန်းသန်းဆွေမှာ ဗဟိုဘဏ်တွင် ဒုဥက္ကဌ ရာထူးဖြင့် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ရွှေ၊ ဒေါ်လာ ကြီးကြပ်ရေးအဖွဲတွင် အဖွဲခေါင်းဆောင်အဖြစ် တာဝန်ယူထားသူတစ်ဦးဖြစ်သည်။
#mhtnews
(Zawgyi)
“ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကို PDF အမည်ခံအကြမ်းဖက်က ၎င်း၏နေအိမ်၌ သေနတ်ဖြင့်ပစ်သတ်သွား”
ရွှေဂုံရိပ်မွန်အိမ်ရာ၊ တိုက် ၅ သုံးလွှာအခန်း ၁၄ တွင်နေထိုင်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့ ဧပြီ ၇ ရက်၊ နံနက်ပိုင်းက ၎င်း၏နေအိမ်၌ပင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေသည် နိုင်ငံတော်ကပေးသည့်အိမ်တွင် နေထိုင်ခြင်းမရှိဘဲ ၎င်းပိုင် ရွှေဂုံရိပ်မွန်အိမ်ရာတွင်သာ တစ်ယောက်တည်း နေထိုင်လာခဲ့သည်မှာ ငါးနှစ်ကျော်ရှိပြီဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဒေါ်သန်းသန်းဆွေမှာ ဗဟိုဘဏ်တွင် ဒုဥက္ကဌ ရာထူးဖြင့် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ရွှေ၊ ဒေါ်လာ ကြီးကြပ်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူတစ်ဦးဖြစ်သည်။
#mhtnews