မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) အား လိုက်နာဆောင်ရွက် ရမည့်သူများမှာ ပြည်တွင်း၌ နေထိုင်သူများသာပါဝင်ပြီး နိုင်ငံခြားသားများမပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဖြေကြားမှုအရ သိရသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (င) (၁) တွင် “ နိုင်ငံခြားတိုင်းပြည်များမှ သံရုံးဝန်ထမ်းများနှင့် အလားတူတာဝန်ထမ်းဆောင် နေသော နိုင်ငံခြားသားဝန်ထမ်းများမှအပ လွန်ခဲ့သည့် ၁၂ လတာကာလအတွင်း နိုင်ငံတော်တွင် အနည်းဆုံးရက်ပေါင်း ၁၈၃ ရက် နေထိုင်ခဲ့သူများ သို့မဟုတ် ယင်းသို့နေထိုင်ခြင်းမရှိသော်လည်း မိမိ၏ အဓိကလုပ်ငန်းဌာနရှိသူများ” ဟု ဖော်ပြထားမှုကို ကိုးကားပြီး ပြောကြားခြင်းဖြစ်သည်။

ယင်းအပြင် ပြည်တွင်း၌ နေထိုင်သူများတွင် နိုင်ငံခြားတိုင်းပြည်များမှ သံရုံးဝန်ထမ်းများနှင့် အလားတူ တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသားဝန်ထမ်းများ (ကုလသမဂ္ဂ၊ IMF၊ World Bank၊ ADB၊ ASEAN၊ ဥရောပကော်မရှင်၊ JICA) စသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ နိုင်ငံခြားသားဝန်ထမ်းများ ပါဝင်မရှိပါကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးဖြေကြားထားသည်။

#mhtnews

(Zawgyi)

“ဗဟိုဘဏ္၏ နိုင္ငံျခားေငြထိန္းေက်ာင္းမႈပုံစံသစ္ထဲ နိုင္ငံျခားသားမ်ားမပါဝင္”

ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္၏ အမိန႔္ေၾကာ္ျငာစာအမွတ္ (၁၂/၂၀၂၂) အား လိုက္နာေဆာင္႐ြက္ ရမည့္သူမ်ားမွာ ျပည္တြင္း၌ ေနထိုင္သူမ်ားသာပါဝင္ၿပီး နိုင္ငံျခားသားမ်ားမပါဝင္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ ေျဖၾကားမႈအရ သိရသည္။

နိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၊ ပုဒ္မခြဲ (င) (၁) တြင္ နိုင္ငံျခားတိုင္းျပည္မ်ားမွ သံ႐ုံးဝန္ထမ္းမ်ားႏွင့္ အလားတူတာဝန္ထမ္းေဆာင္ ေနေသာ နိုင္ငံျခားသားဝန္ထမ္းမ်ားမွအပ လြန္ခဲ့သည့္ ၁၂ လတာကာလအတြင္း နိုင္ငံေတာ္တြင္ အနည္းဆုံးရက္ေပါင္း ၁၈၃ ရက္ ေနထိုင္ခဲ့သူမ်ား သို႔မဟုတ္ ယင္းသို႔ေနထိုင္ျခင္းမရွိေသာ္လည္း မိမိ၏ အဓိကလုပ္ငန္းဌာနရွိသူမ်ား” ဟု ေဖာ္ျပထားမႈကို ကိုးကားၿပီး ေျပာၾကားျခင္းျဖစ္သည္။

ယင္းအျပင္ ျပည္တြင္း၌ ေနထိုင္သူမ်ားတြင္ နိုင္ငံျခားတိုင္းျပည္မ်ားမွ သံ႐ုံးဝန္ထမ္းမ်ားႏွင့္ အလားတူ တာဝန္ထမ္းေဆာင္ေနေသာ နိုင္ငံျခားသားဝန္ထမ္းမ်ား (ကုလသမဂၢ၊ IMF၊ World Bank၊ ADB၊ ASEAN၊ ဥေရာပေကာ္မရွင္၊ JICA) စသည့္ အျပည္ျပည္ဆိုင္ရာအဖြဲ႕အစည္းမ်ား၏ နိုင္ငံျခားသားဝန္ထမ္းမ်ား ပါဝင္မရွိပါေၾကာင္းလည္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးေျဖၾကားထားသည္။

#mhtnews