
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဧပြီ ၃ ရက်က ထုတ်ပြန်ထားသော မူ၀ါဒသစ်တစ်ခုဖြစ်သည့် နိုင်ငံခြားငွေကို မြန်မာကျပ်ပြောင်းလဲရေးမူဝါဒသစ်အပေါ် EU နှင့်စင်ကာပူတို့ကလည်း ယင်းမှကင်းလွတ်ခွင့်ပေးရန် တင်ပြထားကြောင်း သိရသည်။
EU ၏တောင်းဆိုမှုတွင် ကုမ္ပဏီများ၊သံတမန်ရေးရာ ကိစ္စများအပါအဝင် နိုင်ငံခြားပညာသင်အရေးကိစ္စများနှင့် စီးပွားရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ နိုင်ငံတွင်း ထောက်ပံ့ကူညီရေးနှင့် လုပ်ငန်းဆောင်တာများ အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့်ဟု အကြောင်းပြကာ ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုထားခြင်းဖြစ်သည်။
အလားတူ စင်ကာပူနိုင်ငံကလည်း မြန်မာနိုင်ငံအတွင်း ၎င်းတို့ကုမ္ပဏီများ လုပ်ဆောင်နေဆဲဖြစ်ကာ မူဝါဒသစ်သည် လုပ်ငန်းများအပေါ် ခက်ခဲစေပြီး ဆက်လက်လုပ်ကိုင်နိုင်ရန် စိန်ခေါ်မှုများစွာရှိနေကြောင်း ပြောဆိုထားသည်။
ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။
ယင်းညွှန်ကြားချက်နှင့်စပ်လျဉ်း၍ ဧပြီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကလည်း ကင်း လွတ်ခွင့်ပေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တောင်းဆိုထားခဲ့ကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားစာပါအတိုင်း ဆောင်ရွက်ရာတွင် ကင်းလွတ်ခွင့်ပြုမည့် ကိစ္စရပ်များ ပေါ် ပေါက်လာပါက သီးခြားထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိကာ နိုင်ငံခြားငွေကို ကျပ်ငွေစာရင်းပြောင်းရမည်ဆိုသည့် ထုတ်ပြန်ချက်တွင် အစိုးရဝန်ကြီးဌာနများ စာရင်းမှမပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။
#mhtnews

(Zawgyi)
“ဗဟိုဘဏ္၏ ေဒၚလာမွ က်ပ္ေျပာင္းမူဝါဒ ကင္းလြတ္ခြင့္ေပးရန္ EU ႏွင့္ စင္ကာပူတို႔ ေတာင္းဆို”
ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္မွ ဧၿပီ ၃ ရက္က ထုတ္ျပန္ထားေသာ မူ၀ါဒသစ်တစ်ခုဖြစ်သည့် နိုင္ငံျခားေငြကို ျမန္မာက်ပ္ေျပာင္းလဲေရးမူဝါဒသစ္အေပၚ EU ႏွင့္စင္ကာပူတို႔ကလည္း ယင္းမွကင္းလြတ္ခြင့္ေပးရန္ တင္ျပထားေၾကာင္း သိရသည္။
EU ၏ေတာင္းဆိုမႈတြင္ ကုမၸဏီမ်ား၊သံတမန္ေရးရာ ကိစၥမ်ားအပါအဝင္ နိုင္ငံျခားပညာသင္အေရးကိစၥမ်ားႏွင့္ စီးပြားေရးအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းမ်ား၏ နိုင္ငံတြင္း ေထာက္ပံ့ကူညီေရးႏွင့္ လုပ္ငန္းေဆာင္တာမ်ား အခက္အခဲမ်ားျဖစ္ေပၚေနျခင္းေၾကာင့္ဟု အေၾကာင္းျပကာ ကင္းလြတ္ခြင့္ျပဳရန္ ေတာင္းဆိုထားျခင္းျဖစ္သည္။
အလားတူ စင္ကာပူနိုင္ငံကလည္း ျမန္မာနိုင္ငံအတြင္း ၎တို႔ကုမၸဏီမ်ား လုပ္ေဆာင္ေနဆဲျဖစ္ကာ မူဝါဒသစ္သည္ လုပ္ငန္းမ်ားအေပၚ ခက္ခဲေစၿပီး ဆက္လက္လုပ္ကိုင္နိုင္ရန္ စိန္ေခၚမႈမ်ားစြာရွိေနေၾကာင္း ေျပာဆိုထားသည္။
ဗဟိုဘဏ္၏ထုတ္ျပန္ခ်က္တြင္ ျပည္တြင္း၌ ေနထိုင္သူမ်ား၏ ျပည္ပမွ နိုင္ငံျခားသုံးေငြျဖင့္ ရရွိေသာဝင္ေငြမ်ားကို ျမန္မာနိုင္ငံအတြင္းသို႔ ျပန္လည္ေပးပို႔ၿပီး နိုင္ငံျခားသုံးေငြမ်ား ေရာင္းဝယ္ေဖာက္ကားသည့္လုပ္ငန္း (AD) လိုင္စင္ရဘဏ္မ်ားတြင္ နိုင္ငံျခားေငြစာရင္းဖြင့္လွစ္၍ အလုပ္လုပ္ရက္ ၁ ရက္အတြင္း ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ေရာင္းခ်ရမည္ျဖစ္ေၾကာင္း ၫႊန္ၾကားထားသည္။
ယင္းၫႊန္ၾကားခ်က္ႏွင့္စပ္လ်ဥ္း၍ ဧၿပီ ၄ ရက္ေန႕တြင္ ျမန္မာနိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးကလည္း ကင္း လြတ္ခြင့္ေပးရန္ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ႏွင့္ နိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ေတာင္းဆိုထားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ၫႊန္ၾကားစာပါအတိုင္း ေဆာင္႐ြက္ရာတြင္ ကင္းလြတ္ခြင့္ျပဳမည့္ ကိစၥရပ္မ်ား ေပၚ ေပါက္လာပါက သီးျခားထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပပါရွိကာ နိုင္ငံျခားေငြကို က်ပ္ေငြစာရင္းေျပာင္းရမည္ဆိုသည့္ ထုတ္ျပန္ခ်က္တြင္ အစိုးရဝန္ႀကီးဌာနမ်ား စာရင္းမွမပါဝင္ေၾကာင္း ထုတ္ျပန္ခဲ့သည္။
#mhtnews
Recent Comments