ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) မှာ အကျုံးမဝင် ကင်းလွတ်ခွင့်ပြုတဲ့ လုပ်ငန်းများနဲ့ အဖွဲ့အစည်းများ၊ ဝန်ထမ်းများကို ဗဟိုဘဏ်က ဧပြီ ၂၀ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ လုပ်ငန်းများ၊ အဖွဲ့အစည်းများနဲ့ ဝန်ထမ်းများကတော့ မြန်မာနိုင်ငံရင်းနှီးမြှုတ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုတ်နှံမှုလုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုတ်နှံမှုလုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် သံတမန်ထူထောင်ထားပြီး မြန်မာနိုင်ငံအတွင်း သံရုံးဖွင့်လှစ်ထားရှိသော ပြည်ပနိုင်ငံမှ သံတမန်များ မိသားစုဝင်များနှင့် အဆိုပါ သုံရုံးများတွင် တာဝန်ထမ်းဆောင်နေသော သံတမန်များနှင့် အလားတူအဆင့်ရှိ သံအဖွဲ့မှုထမ်းစုတွင်ပါဝင်သည့် နိုင်ငံခြားသားဝန်ထမ်းများ၊ မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ကုလသမဂ္ဂဝန်ထမ်းများနှင့် ကုလသမဂ္ဂဝန်ထမ်း (Laissez-passer) ခရီးသွားလက်မှတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ၊ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်အကူအညီပေးရေး လာရောက်ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးအေဂျင်စီ (Development Agencies) များရှိ နိုင်ငံခြားသားဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ (ဥပမာ- ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ဟသည်)၊ INGO နှင့် Development Agencies များ (ဥပမာ- TIDA, JICA) မှ သံတမန်အဆင့် နိုင်ငံခြား ဝန်ထမ်းများနဲ့ နိုင်ငံပိုင်/ နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်သံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁၊ ၁၂၊ ၁၃ ပါ သတ်မှတ်ပြဌာန်းချက်များအရ ပြည်တွင်မှာနေထိုင်သူများရဲ့ ပြည်ပမှ နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ဝင်ငွေတွေကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အလာပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရောင်းချဖို့ကို အမိန့်ကြော်ငြာစာအမှတ် (၁၂/ ၂၀၂၂) ကို ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က ကြေညာခဲ့တာဖြစ်ပြီး ယခုအခါ အဆိုပါ အမိန့်ကြော်ငြာစာနဲ့ အကျုံးမဝင် ကင်းလွတ်ခွင့်ပြုတဲ့ လုပ်ငန်း၊ အဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေကို ထုတ်ပြန်ကြေညာပေးခဲ့တာပဲဖြစ်ပါတယ်။

#mhtnews

(Zawgyi)

“ဗဟိုဘဏ္ရဲ႕ အမိန့္ေၾကာ္ျငာစာအမွတ္ (၁၂/၂၀၂၂) မွာ အက်ဳံးမဝင္ ကင္းလြတ္ခြင့္ျပဳတဲ့ လုပ္ငန္းမ်ားနဲ႕ အဖြဲ႕အစည္းမ်ား၊ ဝန္ထမ္းမ်ားကို ဗဟိုဘဏ္ထုတ္ျပန္ေၾကညာ”

ဗဟိုဘဏ္ရဲ႕ အမိန့္ေၾကာ္ျငာစာအမွတ္ (၁၂/၂၀၂၂) မွာ အက်ဳံးမဝင္ ကင္းလြတ္ခြင့္ျပဳတဲ့ လုပ္ငန္းမ်ားနဲ႕ အဖြဲ႕အစည္းမ်ား၊ ဝန္ထမ္းမ်ားကို ဗဟိုဘဏ္က ဧၿပီ ၂၀ ရက္၊ ရက္စြဲနဲ႕ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

အဆိုပါ လုပ္ငန္းမ်ား၊ အဖြဲ႕အစည္းမ်ားနဲ႕ ဝန္ထမ္းမ်ားကေတာ့ ျမန္မာနိုင္ငံရင္းႏွီးျမႇုတ္ႏွံမႈေကာ္မရွင္၏ ခြင့္ျပဳခ်က္နဲ႕ ေဆာင္႐ြက္ေနတဲ့ နိုင္ငံျခားတိုက္ရိုက္ ရင္းႏွီးျမႇုတ္ႏွံမႈလုပ္ငန္းမ်ား၊ အထူးစီးပြားေရးဇုန္မ်ားတြင္ လုပ္ကိုင္ေဆာင္႐ြက္ေနသည့္ ရင္းႏွီးျမႇုတ္ႏွံမႈလုပ္ငန္းမ်ား၊ ျမန္မာနိုင္ငံႏွင့္ သံတမန္ထူေထာင္ထားၿပီး ျမန္မာနိုင္ငံအတြင္း သံ႐ုံးဖြင့္လွစ္ထားရွိေသာ ျပည္ပနိုင္ငံမွ သံတမန္မ်ား မိသားစုဝင္မ်ားႏွင့္ အဆိုပါ သုံ႐ုံးမ်ားတြင္ တာဝန္ထမ္းေဆာင္ေနေသာ သံတမန္မ်ားႏွင့္ အလားတူအဆင့္ရွိ သံအဖြဲ႕မႈထမ္းစုတြင္ပါဝင္သည့္ နိုင္ငံျခားသားဝန္ထမ္းမ်ား၊ ျမန္မာနိုင္ငံအတြင္းရွိ ကုလသမဂၢအဖြဲ႕အစည္းႏွင့္ ၎၏လက္ေအာက္ခံ အဖြဲ႕အစည္းမ်ားတြင္ တာဝန္ထမ္းေဆာင္လွ်က္ရွိေသာ ကုလသမဂၢဝန္ထမ္းမ်ားႏွင့္ ကုလသမဂၢဝန္ထမ္း (Laissez-passer) ခရီးသြားလက္မွတ္ကိုင္ေဆာင္ထားေသာ ျမန္မာနိုင္ငံသားမ်ား၊ ျပည္ပနိုင္ငံမ်ားမွ ျမန္မာနိုင္ငံတြင္ လာေရာက္အကူအညီေပးေရး လာေရာက္ေဆာင္႐ြက္ေနသည့္ ဖြံ႕ၿဖိဳးေရးေအဂ်င္စီ (Development Agencies) မ်ားရွိ နိုင္ငံျခားသားဝန္ထမ္းမ်ား၊ အျပည္ျပည္ဆိုင္ရာအဖြဲ႕အစည္းမ်ား (ဥပမာ- ကမၻာ့ၾကက္ေျခနီအဖြဲ႕အစည္း၊ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕ ဟသည္)၊ INGO ႏွင့္ Development Agencies မ်ား (ဥပမာ- TIDA, JICA) မွ သံတမန္အဆင့္ နိုင္ငံျခား ဝန္ထမ္းမ်ားနဲ႕ နိုင္ငံပိုင္/ နိုင္ငံသားပိုင္ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္းမ်ား ျဖစ္ပါတယ္။

ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္အေနနဲ႕ နိုင္သံျခားသုံးေငြ စီမံခန့္ခြဲမႈဥပေဒပုဒ္မ ၁၁၊ ၁၂၊ ၁၃ ပါ သတ္မွတ္ျပဌာန္းခ်က္မ်ားအရ ျပည္တြင္မွာေနထိုင္သူမ်ားရဲ႕ ျပည္ပမွ နိုင္ငံျခားသုံးေငြနဲ႕ ရရွိတဲ့ဝင္ေငြေတြကို ျမန္မာနိုင္ငံအတြင္းသို႔ ျပန္လည္ေပးပို႔ၿပီး နိုင္ငံျခားသုံးေငြမ်ား ေရာင္းဝယ္ေဖာက္ကားတဲ့လုပ္ငန္း (AD) လိုင္စင္ရဘဏ္မ်ားမွာ နိုင္ငံျခားေငြစာရင္းဖြင့္လွစ္ၿပီး အလာပ္လုပ္ရက္ ၁ ရက္အတြင္း ျမန္မာက်ပ္ေငြနဲ႕ လဲလွယ္ေရာင္းခ်ဖိဳ႕ကို အမိန့္ေၾကာ္ျငာစာအမွတ္ (၁၂/ ၂၀၂၂) ကို ၿပီးခဲ့တဲ့ ဧၿပီ ၃ ရက္က ေၾကညာခဲ့တာျဖစ္ၿပီး ယခုအခါ အဆိုပါ အမိန့္ေၾကာ္ျငာစာနဲ႕ အက်ဳံးမဝင္ ကင္းလြတ္ခြင့္ျပဳတဲ့ လုပ္ငန္း၊ အဖြဲ႕အစည္းနဲ႕ ဝန္ထမ္းေတြကို ထုတ္ျပန္ေၾကညာေပးခဲ့တာပဲျဖစ္ပါတယ္။

#mhtnews