
အထူးစီးပွားရေးဇုန်များ၏ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး နိုင်ငံခြား ငွေကြေးအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးတစ်ရပ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ နှင့်ပတ်သက်၍ အထူးစီးပွားရေးဇုန်များတွင်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံခြားငွေနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်း၊ အခက်အခဲများရှိပါက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့လည်း တင်ပြနိုင်ကြောင်း ဖြည့်စွက်ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးက နိုင်ငံခြားငွေမရှိသည့်ကုမ္ပဏီများအနေဖြင့် မြန်မာကျပ်ငွေမှ နိုင်ငံခြားငွေသို့ ပြောင်းလဲ၍ ပြည်ပရှိ Supplier သို့ပေးချေနိုင်ပြီး အဆိုပါငွေပေးချေမှုအတွက် Standard Operating Procedure (SOP) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက မူကြမ်းပြုစုနေပြီး မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အထူးစီးပွားရေးဇုန်များရှိ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများ၏ နိုင်ငံခြားငွေကြေး အသုံးပြုခြင်းကိစ္စများ လျင်မြန်ချောမွေ့စေရေးအတွက် နိုင်ငံခြား သုံးငွေ ကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို အထူးစီးပွားရေးဇုန်တွင်ရှိသော လုပ်ငန်းရှင်များသိရှိနိုင်ရန်အတွက် ဆွေးနွေးခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌများနှင့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများက ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌတို့က ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
#mhtnews

(Zawgyi)
“ဗဟိုဘဏ္မွ ထုတ္ျပန္ခဲ့သည့္ အမိန႔္ေၾကာ္ျငာစာ အမွတ္ ၁၂/၂၀၂၂ ႏွင့္ပတ္သက္၍ အထူးစီးပြားေရးဇုန္မ်ားရွိ လုပ္ငန္းရွင္မ်ားအေနျဖင့္ စိုးရိမ္ပူပန္မႈမ်ားရွိခဲ့ေသာ္လည္း အထူးစီးပြားေရးဇုန္ဥပေဒႏွင့္အညီ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္ဥကၠ႒ေျပာၾကား”
အထူးစီးပြားေရးဇုန္မ်ား၏ ပို႔ကုန္/ သြင္းကုန္လုပ္ငန္းမ်ား လ်င္ျမန္ေခ်ာေမြ႕ေစေရး နိုင္ငံျခား ေငြေၾကးအသုံးျပဳျခင္းႏွင့္စပ္လ်ဥ္းသည့္ အစည္းအေဝးတစ္ရပ္ကို စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ ယမန္ေန႕နံနက္ပိုင္းက ျပဳလုပ္ခဲ့သည္။
အဆိုပါ အစည္းအေဝးတြင္ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ဦးသန္းညိန္း က ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္မွ ထုတ္ျပန္ခဲ့သည့္ အမိန႔္ေၾကာ္ျငာစာ အမွတ္ ၁၂/၂၀၂၂ ႏွင့္ပတ္သက္၍ အထူးစီးပြားေရးဇုန္မ်ားတြင္ရွိသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ စိုးရိမ္ပူပန္မႈမ်ားရွိခဲ့ေသာ္လည္း အထူးစီးပြားေရးဇုန္ဥပေဒႏွင့္အညီ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
နိုင္ငံျခားေငြႏွင့္ပတ္သက္၍ လက္ရွိေဆာင္႐ြက္ေနသည့္အတိုင္း ဆက္လက္ေဆာင္႐ြက္နိုင္ေၾကာင္း၊ အခက္အခဲမ်ားရွိပါက နိုင္ငံျခားသုံးေငြ ႀကီးၾကပ္မႈေကာ္မတီႏွင့္ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္သို႔လည္း တင္ျပနိုင္ေၾကာင္း ျဖည့္စြက္ေျပာၾကားသည္။
ထို႔ေနာက္ ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး၊ ဦးေအာင္နိုင္ဦးက နိုင္ငံျခားေငြမရွိသည့္ကုမၸဏီမ်ားအေနျဖင့္ ျမန္မာက်ပ္ေငြမွ နိုင္ငံျခားေငြသို႔ ေျပာင္းလဲ၍ ျပည္ပရွိ Supplier သို႔ေပးေခ်နိဳင္ၿပီး အဆိုပါေငြေပးေခ်မႈအတြက္ Standard Operating Procedure (SOP) ကို ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက မူၾကမ္းျပဳစုေနၿပီး မၾကာမီထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
အထူးစီးပြားေရးဇုန္မ်ားရွိ ရင္းႏွီးျမႇုပ္ႏွံသည့္ ကုမၸဏီမ်ား၏ နိုင္ငံျခားေငြေၾကး အသုံးျပဳျခင္းကိစၥမ်ား လ်င္ျမန္ေခ်ာေမြ႕ေစေရးအတြက္ နိုင္ငံျခား သုံးေငြ ႀကီးၾကပ္မႈေကာ္မတီ၏ ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ားကို အထူးစီးပြားေရးဇုန္တြင္ရွိေသာ လုပ္ငန္းရွင္မ်ားသိရွိနိုင္ရန္အတြက္ ေဆြးႏြေးျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆက္လက္ေျပာၾကားခဲ့သည္။
ထို႔ေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲေရး ေကာ္မတီ ဥကၠ႒မ်ားႏွင့္ သီလဝါအထူးစီးပြားေရးဇုန္အတြင္း ရင္းႏွီးျမႇုပ္ႏွံထားသည့္ ကုမၸဏီမ်ားက ဝိုင္းဝန္းေဆြးႏြေးတင္ျပၾကရာ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္ဥကၠ႒တို႔က ညွိႏွိုင္းေျဖရွင္းေပးခဲ့ေၾကာင္း သိရွိရသည္။
#mhtnews
Recent Comments