ပြည်တွင်းရွှေစျေနှုန်းတည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) အရေးပေါ်အစည်းအဝေးကို ယနေ့ (ဧပြီ ၈ ရက်)တွင် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပြည်တွင်းရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က သတ်မှတ်သည့် နိုင်ငံခြားငွေလဲနှုန်းပေါ်မူတည်တွက်ချက်ကာ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ယခင်က ပြင်ပဒေါ်လာပေါက်ဈေးဖြင့်တွက်ချက်၍ ပြည်တွင်းရွှေအရောင်းအဝယ်ပြုလုပ်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသတ်မှတ်သည့် ဒေါ်လာဈေးအပေါ်မူတည်တွက်ချက် ရောင်းဝယ်ရန် အစိုးရက မူဝါဒပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းကို နေ့စဉ်သတ်မှတ်ကြေညာပေးလျှက်ရှိရာ အခေါက်ရွှေဈေးနှုန်းတွက်ချက်ရာတွင် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ကမ္ဘာ့ရွှေဈေးနှုန်းတို့အပေါ် မူတည်ကာတွက်ချက်ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်နေခြင်းကြောင့် အရောင်းအဝယ်အေးနေပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းတွင် တစ်ရက်လျှင် ၁၅ ပိဿာ နှင့် ပိဿာ ၂ဝ ကြားသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ဗဟိုဘဏ္က သတ္မွတ္သည့္ နိုင္ငံျခားေငြလဲႏႈန္းေပၚမူတည္၍ ျပည္တြင္းေ႐ႊအေရာင္းအဝယ္ျပဳလုပ္သြားမည္”

ျပည္တြင္းေ႐ႊေစ်ႏႈန္းတည္ၿငိမ္ေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) အေရးေပၚအစည္းအေဝးကို ယေန႕ (ဧၿပီ ၈ ရက္)တြင္ က်င္းပခဲ့ၿပီး အဆိုပါအစည္းအေဝး၏ ဆုံးျဖတ္ခ်က္အရ ျပည္တြင္းေ႐ႊအေရာင္းအဝယ္ျပဳလုပ္ရာတြင္ ဗဟိုဘဏ္က သတ္မွတ္သည့္ နိုင္ငံျခားေငြလဲႏႈန္းေပၚမူတည္တြက္ခ်က္ကာ အေရာင္းအဝယ္ျပဳလုပ္ရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။

ယခင္က ျပင္ပေဒၚလာေပါက္ေဈးျဖင့္တြက္ခ်က္၍ ျပည္တြင္းေ႐ႊအေရာင္းအဝယ္ျပဳလုပ္ခဲ့ရာ ယခုအခါ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္မွသတ္မွတ္သည့္ ေဒၚလာေဈးအေပၚမူတည္တြက္ခ်က္ ေရာင္းဝယ္ရန္ အစိုးရက မူဝါဒေျပာင္းလဲသတ္မွတ္လိုက္ျခင္းျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ျပည္တြင္းအေခါက္ေ႐ႊေဈးႏႈန္းကို ေန႕စဥ္သတ္မွတ္ေၾကညာေပးလွ်က္ရွိရာ အေခါက္ေ႐ႊေဈးႏႈန္းတြက္ခ်က္ရာတြင္ ျပည္တြင္းနိုင္ငံျခားေငြလဲလွယ္ႏႈန္းႏွင့္ ကမၻာ့ေ႐ႊေဈးႏႈန္းတို႔အေပၚ မူတည္ကာတြက္ခ်က္ျခင္းျဖစ္ေၾကာင္းသိရသည္။

လက္ရွိအခ်ိန္တြင္ ျပည္တြင္းေ႐ႊေဈးႏႈန္းျမင့္တက္ေနျခင္းေၾကာင့္ အေရာင္းအဝယ္ေအးေနၿပီး ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းတြင္ တစ္ရက္လွ်င္ ၁၅ ပိႆာ ႏွင့္ ပိႆာ ၂ဝ ၾကားသာ အေရာင္းအဝယ္ျဖစ္ေနေၾကာင္း သိရသည္။

#mhtnews