ပြည်ပက နိုင်ငံခြားသုံးငွေအဖြစ် ရရှိတဲ့ ဝင်ငွေတွေကို အမေရိကန်တစ်ဒေါ်လာအတွက် မြန်မာကျပ် ၁၈၅၀ နဲ့ လဲလှယ်ပေးရမယ်ဆိုတဲ့ ငွေကြေးမူဝါဒအပြောင်းအလဲက ပြည်တွင်းပဲဈေးကွက်အပေါ် စတင်သက်ရောက်မှုရှိလာခဲ့ပြီး ဧပြီလ ၂ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးထက် မတ်ပဲ(၁)တန်ကို ကျပ်တစ်သိန်းနီးပါးအထိ ကျဆင်းသွားခဲ့တယ်လို့ BETV Business သတင်းက ဖော်ပြလာပါတယ်။

ပြည်ပဝယ်လိုအားရှိတဲ့ ပဲအမျိုးအစားတွေထဲ ပါဝင်တဲ့ မတ်ပဲဈေးနှုန်းအပြင် ပဲစဉ်းငုံ(RC)ဈေးလည်း ဧပြီ ၂ ရက်နေ့ ပေါက်ဈေးထက် (၁)တန်ကို ကျပ် ၈ သောင်းနီးပါး လိုက်ပါကျဆင်းသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြည်ပပို့ကုန်အမယ်တွေရဲ့ FOB & CFR ဈေးနှုန်းတွေက ပြောင်းလဲမှုမရှိဘဲ နိုင်ငံခြားငွေလဲနှုန်းက ၁၀.၈ ရာခိုင်နှုန်း လျော့ကျသွားတာကြောင့် ကုန်ကြမ်းဝယ်ယူတဲ့အခါ တွက်ချေကိုက်အောင် ဝယ်ယူရမှာဖြစ်ပြီး အဆိုပါ ကုန်ပစ္စည်းတွေ ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်နိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက လူမှုကွန်ယက်မှာ သုံးသပ်ရေးသားထားပါတယ်။

ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာက ဒေါ်လာအရွက် စုဆောင်းထားသူတွေအပေါ်မှာ ချက်ချင်းသက်ရောက်မူ မရှိသော်လည်း ရေရှည်မှာ ဈေးနှုန်းကျဆင်းလို့ Export Earning ဈေးနှုန်းနီးပါး ဖြစ်သွားနိုင်ပြီး ရွှေဈေးအနေနဲ့လည်း ကမ္ဘာ့ပေါက်ဈေးနဲ့ ငွေလဲနှုန်းအပေါ် အခြေခံပြီး သတ်မှတ်ရတာကြောင့် ငွေလဲနှုန်းကျပါက ရွှေဈေးလည်း ကျဆင်းလာနိုင်တယ်လို့ ဆိုပါတယ်။

ကုန်ပစ္စည်းတင်သွင်းသူတွေအနေနဲ့ကလည်း အရေးကြီးကုန်စည်အလိုက် ဘဏ်တွေထံက ကန်တစ်ဒေါ်လာကို ကျပ် ၁၈၅၀ ဖြင့် ဝယ်ယူနိုင်မှာဖြစ်တာကြောင့် နိုင်ငံခြားငွေ အလုံအလောက်သာ ရောင်းချပေးနိုင်လျှင် ဒေါ်လာဖြင့် ဝယ်ယူနေရသည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းတွေ မကြာမီ ၁၀ ရာခိုင်နှုန်းခန့် ဈေးကျလာနိုင်တယ်လို့ သုံးသပ်ထားကြောင်း သိရပါတယ်။

#mhtnews

(Zawgyi)

“ဗဟိုဘဏ္က ျပင္ဆင္လိုက္တဲ့ ေငြေၾကးမူဝါဒက ပဲေဈးကြက္အေပၚ သက္ေရာက္ခဲ့ၿပီး မတ္ပဲ(၁)တန္ က်ပ္တစ္သိန္းနီးပါး ေဈးျပဳတ္က်သြားၿပီး ေဒၚလာနဲ႕ ဝယ္ယူရတဲ့ ျပည္ပသြင္းကုန္အမယ္ေတြလည္း ေဈက်လာနိုင္”

ျပည္ပက နိုင္ငံျခားသုံးေငြအျဖစ္ ရရွိတဲ့ ဝင္ေငြေတြကို အေမရိကန္တစ္ေဒၚလာအတြက္ ျမန္မာက်ပ္ ၁၈၅၀ နဲ႕ လဲလွယ္ေပးရမယ္ဆိုတဲ့ ေငြေၾကးမူဝါဒအေျပာင္းအလဲက ျပည္တြင္းပဲေဈးကြက္အေပၚ စတင္သက္ေရာက္မႈရွိလာခဲ့ၿပီး ဧၿပီလ ၂ ရက္ေန႕မွာ ျဖစ္ေပၚခဲ့တဲ့ ေပါက္ေဈးထက္ မတ္ပဲ(၁)တန္ကို က်ပ္တစ္သိန္းနီးပါးအထိ က်ဆင္းသြားခဲ့တယ္လို႔ BETV Business သတင္းက ေဖာ္ျပလာပါတယ္။

ျပည္ပဝယ္လိုအားရွိတဲ့ ပဲအမ်ိဳးအစားေတြထဲ ပါဝင္တဲ့ မတ္ပဲေဈးႏႈန္းအျပင္ ပဲစဥ္းငုံ(RC)ေဈးလည္း ဧၿပီ ၂ ရက္ေန႕ ေပါက္ေဈးထက္ (၁)တန္ကို က်ပ္ ၈ ေသာင္းနီးပါး လိုက္ပါက်ဆင္းသြားခဲ့တယ္လို႔လည္း ဆိုပါတယ္။

ျပည္ပပို႔ကုန္အမယ္ေတြရဲ႕ FOB & CFR ေဈးႏႈန္းေတြက ေျပာင္းလဲမႈမရွိဘဲ နိုင္ငံျခားေငြလဲႏႈန္းက ၁၀.၈ ရာခိုင္ႏႈန္း ေလ်ာ့က်သြားတာေၾကာင့္ ကုန္ၾကမ္းဝယ္ယူတဲ့အခါ တြက္ေခ်ကိဳက္ေအာင္ ဝယ္ယူရမွာျဖစ္ၿပီး အဆိုပါ ကုန္ပစၥည္းေတြ ေဈးႏႈန္းက်ဆင္းမႈ ျဖစ္ေပၚနိုင္တယ္လို႔ စီးပြားေရးလုပ္ငန္းရွင္ ေဒါက္တာစိုးထြန္းက လူမႈကြန္ယက္မွာ သုံးသပ္ေရးသားထားပါတယ္။

ဗဟိုဘဏ္ရဲ႕ အမိန႔္ေၾကာ္ျငာစာက ေဒၚလာအ႐ြက္ စုေဆာင္းထားသူေတြအေပၚမွာ ခ်က္ခ်င္းသက္ေရာက္မူ မရွိေသာ္လည္း ေရရွည္မွာ ေဈးႏႈန္းက်ဆင္းလို႔ Export Earning ေဈးႏႈန္းနီးပါး ျဖစ္သြားနိုင္ၿပီး ေ႐ႊေဈးအေနနဲ႕လည္း ကမၻာ့ေပါက္ေဈးနဲ႕ ေငြလဲႏႈန္းအေပၚ အေျခခံၿပီး သတ္မွတ္ရတာေၾကာင့္ ေငြလဲႏႈန္းက်ပါက ေ႐ႊေဈးလည္း က်ဆင္းလာနိုင္တယ္လို႔ ဆိုပါတယ္။

ကုန္ပစၥည္းတင္သြင္းသူေတြအေနနဲ႕ကလည္း အေရးႀကီးကုန္စည္အလိုက္ ဘဏ္ေတြထံက ကန္တစ္ေဒၚလာကို က်ပ္ ၁၈၅၀ ျဖင့္ ဝယ္ယူနိုင္မွာျဖစ္တာေၾကာင့္ နိုင္ငံျခားေငြ အလုံအေလာက္သာ ေရာင္းခ်ေပးနိုင္လွ်င္ ေဒၚလာျဖင့္ ဝယ္ယူေနရသည့္ စက္သုံးဆီ၊ စားသုံးဆီ၊ ေဆးဝါး၊ ေဆာက္လုပ္ေရးသုံးပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းေတြ မၾကာမီ ၁၀ ရာခိုင္ႏႈန္းခန႔္ ေဈးက်လာနိုင္တယ္လို႔ သုံးသပ္ထားေၾကာင္း သိရပါတယ္။

#mhtnews