
ဖိလစ်ပိုင်နိုင်ငံမှာတိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းမီဂီကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၂၄ ဦးအထိ ရှိလာခဲ့ပြီလို့ အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်စီမံခန့်ခွဲရေးကောင်စီက ယနေ့မှာ ထုတ်ဖော်ပြောကြားလိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မုန်တိုင်းဒဏ်သင့် ပြည်နယ်တွေထဲမှာ ၁၄၇ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အစိုးရကယ်ဆယ်ရေးအေဂျင်စီထံသို့ သတင်းပေးပို့ခဲ့ထားတယ်လို့ ပြောဆိုပြီး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ သေဆုံးသူ ၂၂၁ ဦးနဲ့ တောင်ပိုင်းမှာ သေဆုံးသူ ၃ ဦးတွေ့ရှိခဲ့တယ်လို့ အဲဒီအေဂျင်စီက ပြောဆိုထားပါတယ်။
ထိုမုန်တိုင်းဂီမီဟာ ဧပြီ ၁၀ ရက်နေ့က ကုန်းမြေပေါ်သို့ မဝင်ရောက်မီနဲ့ ဝင်ရောက်ပြီးချိန်တို့မှာ ဖိလစ်ပိုင်အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လစ်တီပြည်နယ်က ကျေးရွာအများအပြားတို့မှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့အပြင် ဒေသအတော်များများမှာ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ တိုင်ဖွန်းမုန်တိုင်းပတ်လမ်းကြောင်းအတွင်း တည်ရှိနေတဲ့အတွက် ကမ္ဘာ့နိုင်ငံများထဲမှာ သဘာဝဘေးအန္တရာယ် အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ရှုမြင်ထားကြပါတယ်။
နိုင်ငံအတွင်းသို့ ပျမ်းမျှအားဖြင့် နှစ်စဉ်နှစ်တိုင်း တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့်ဝင်ရောက်လေ့ရှိရာ အချို့သောမုန်တိုင်းများသည် ပြင်းထန်လေ့ရှိပြီး မီဂီမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုဟာ ယခုနှစ်ရဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
#mhtnews
============================
(Zawgyi)
“ဖိလစ္ပိုင္နိုင္ငံမွာ တိုက္ခတ္ခဲ့တဲ့ အပူပိုင္းမုန္တိုင္းမီဂီေၾကာင့္ ေသဆုံးသူ ၂၂၄ ဦးအထိရွိလာ”
ဖိလစ္ပိုင္နိုင္ငံမွာတိုက္ခတ္ခဲ့တဲ့ အပူပိုင္းမုန္တိုင္းမီဂီေၾကာင့္ ေရႀကီးေရလွ်ံမႈနဲ႕ ေျမၿပိဳမႈေတြျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ ၂၂၄ ဦးအထိ ရွိလာခဲ့ၿပီလို႔ အမ်ိဳးသားသဘာဝေဘးအႏၱရာယ္ေလွ်ာ့ခ်ေရးႏွင့္စီမံခန႔္ခြဲေရးေကာင္စီက ယေန႕မွာ ထုတ္ေဖာ္ေျပာၾကားလိုက္တယ္လို႔ သိရပါတယ္။
ဒါ့အျပင္ မုန္တိုင္းဒဏ္သင့္ ျပည္နယ္ေတြထဲမွာ ၁၄၇ ဦး ေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ အစိုးရကယ္ဆယ္ေရးေအဂ်င္စီထံသို႔ သတင္းေပးပို႔ခဲ့ထားတယ္လို႔ ေျပာဆိုၿပီး ဖိလစ္ပိုင္နိုင္ငံအလယ္ပိုင္းမွာ ေသဆုံးသူ ၂၂၁ ဦးနဲ႕ ေတာင္ပိုင္းမွာ ေသဆုံးသူ ၃ ဦးေတြ႕ရွိခဲ့တယ္လို႔ အဲဒီေအဂ်င္စီက ေျပာဆိုထားပါတယ္။
ထိုမုန္တိုင္းဂီမီဟာ ဧၿပီ ၁၀ ရက္ေန႕က ကုန္းေျမေပၚသို႔ မဝင္ေရာက္မီနဲ႕ ဝင္ေရာက္ၿပီးခ်ိန္တို႔မွာ ဖိလစ္ပိုင္အလယ္ပိုင္းနဲ႕ ေတာင္ပိုင္းတို႔မွာ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီး လစ္တီျပည္နယ္က ေက်း႐ြာအမ်ားအျပားတို႔မွာ ေျမၿပိဳမႈေတြ ျဖစ္ပြားခဲ့တဲ့အျပင္ ေဒသအေတာ္မ်ားမ်ားမွာ ေရလႊမ္းမိုးမႈျဖစ္ပြားခဲ့ပါတယ္။
ဖိလစ္ပိုင္နိုင္ငံဟာ တိုင္ဖြန္းမုန္တိုင္းပတ္လမ္းေၾကာင္းအတြင္း တည္ရွိေနတဲ့အတြက္ ကမၻာ့နိုင္ငံမ်ားထဲမွာ သဘာဝေဘးအႏၱရာယ္ အမ်ားဆုံးျဖစ္ေလ့ျဖစ္ထရွိတဲ့ နိုင္ငံတစ္နိုင္ငံျဖစ္တယ္လို႔ ရႈျမင္ထားၾကပါတယ္။
နိုင္ငံအတြင္းသို႔ ပ်မ္းမွ်အားျဖင့္ ႏွစ္စဥ္ႏွစ္တိုင္း တိုင္ဖြန္းမုန္တိုင္း အႀကိမ္ ၂၀ ခန႔္ဝင္ေရာက္ေလ့ရွိရာ အခ်ိဳ႕ေသာမုန္တိုင္းမ်ားသည္ ျပင္းထန္ေလ့ရွိၿပီး မီဂီမုန္တိုင္းဝင္ေရာက္တိုက္ခတ္မႈဟာ ယခုႏွစ္ရဲ႕ ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ သိရပါတယ္။
#mhtnews
Recent Comments