ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော မြိုတော်ဝန် ဦးဗိုလ်ဌေးသည် ယမန်နေ့ (မတ်လ ၃၁ ရက်) တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီး ၎င်း၏မူလ တာဝန်များကို ဆက်လက်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီ (YCDC) အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားမှုကိုကိုးကာ၍ YMG သတင်းဌာနက ဖော်ပြသည်။
“မြိုတော်ဝန်ကြီးက မနေ့က မတ်လ ၃၁ ရက် ညနေ ၃ နာရီမှာ သူ့ရုံးကိုပြန်ရောက်လာပါပြီ။အခုဆိုရင် ပုံမှန်အစည်းအဝေးတွေ တက်နေပြီ။ဒီနေ့ ဧပြီလ တစ်ရက်နေ့ မနက်ကလည်း ရန်ကုန်မြို ရေစီးရေလာ လုပ်ငန်းတွေအပါအဝင် အခြားလုပ်ငန်းတွေကို လမ်းကြောင်းထွက်နေပါပြီ။တစ်နေကုန်လည်း စည်ပင်သာယာရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်ပြီးတော့ လုပ်နေပါပြီ”ဟု အဆိုပါ အရာရှိက ပြောကြားသည်ဟု ဆိုသည်။
ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်သည့် မြိုတော်ဝန် ဦးဗိုလ်ဌေးအား ပြီးခဲ့သည့် မတ်လ ၂၄ ရက်တွင် ခေါ်ယူမေးမြန်းရန်ရှိသည့်ကိစ္စများကို ခေါ်ယူမေးမြန်းခဲ့ခြင်းသာဖြစ်ပြီး ဖမ်းဆီးခြင်းမဟုတ်ကြောင်း သိရသည်။
ထိုသို မြိုတော်ဝန် ပြန်လည်ရောက်ရှိလာသော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ၏ စီးပွားရေးရာဝန်ကြီး၊ ယခင်က မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဌဖြစ်ခဲ့သူ ဦးအောင်သန်းဦး အား လက်ရှိတွင်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ဖမ်းဆီးခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ပြန်လည်ရောက်ရှိ၍ မူလတာဝန်များ ပြန်လည်ထမ်းဆောင်နေ”
ဖမမးဆီးခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယမန်နေ့ (မတ်လ ၃၁ ရက်) တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီး ၎င်း၏မူလ တာဝန်များကို ဆက်လက်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားမှုကိုကိုးကာ၍ YMG သတင်းဌာနက ဖော်ပြသည်။
ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်သည့် မြို့တော်ဝန် ဦးဗိုလ်ဌေးအား ပြီးခဲ့သည့် မတ်လ ၂၄ ရက်တွင် ခေါ်ယူမေးမြန်းရန်ရှိသည့်ကိစ္စများကို ခေါ်ယူမေးမြန်းခဲ့ခြင်းသာဖြစ်ပြီး ဖမ်းဆီးခြင်းမဟုတ်ကြောင်း သိရသည်။
ထိုသို့မြို့တော်ဝန် ပြန်လည်ရောက်ရှိလာသော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီး၊ ယခင်က မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဌဖြစ်ခဲ့သူ ဦးအောင်သန်းဦး အား လက်ရှိတွင်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments