
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပွင့်လင်းရာသီကာလ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူများက ယနေ့ (ဧပြီ ၁၂ ရက်) နံနက် ၇ နာရီအချိန်တွင် မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ (ပွင့်ဖြူ) ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်၏ ကြီးကြပ်မှုဖြင့် လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်လင်းရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော လျှပ်စစ်အန္တရာယ်နှင့် ဓာတ်အားပြတ်တောက်မှုများ လျော့နည်း ကျဆင်းစေရေး၊ ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်၍ ယိုင်လဲနေသော ဓာတ်အားလိုင်းတိုင်များ ပြန်လည်တည့်မတ်ခြင်း၊ ကြံ့ခိုင်မှုအားနည်းသော ကြွေသီးများ အစားထိုး အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ပြတ်ကျနေသော ဓာတ်အားလိုင်းကြိုးများ ပြုပြင်ထိန်းသိမ်းတပ်ဆင်ခြင်းလုပ်ငန်းများကို စနစ်တကျ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်း ဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်အောင် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများတွင် ဒေသခံပြည်သူများ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိအောင် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် လျှပ်စစ်မီးရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာထံမှ သိရသည်။
#mhtnews

(Zawgyi)
“ပြင့္ျဖဴၿမိဳ႕နယ္၌ လွ်ပ္စစ္အႏၱရာယ္ကင္းေဝးေစရန္ႏွင့္ ဓာတ္အားျပည့္ဝစြာ သုံးစြဲနိုင္ေရးအတြက္ ဓာတ္အားလိုင္းျပဳျပင္ ထိန္းသိမ္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္”
မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ား ပြင့္လင္းရာသီကာလ လွ်ပ္စစ္အႏၱရာယ္ ကင္းေဝးေစရန္ႏွင့္ ဓာတ္အားျပည့္ဝစြာ သုံးစြဲနိုင္ေရးအတြက္ ၿမိဳ႕နယ္လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရး႐ုံးမွ တာဝန္ရွိသူမ်ားက ယေန႕ (ဧၿပီ ၁၂ ရက္) နံနက္ ၇ နာရီအခ်ိန္တြင္ ၿမိဳ႕နယ္အတြင္း ဓာတ္အားျဖန႔္ျဖဴးေပးထားေသာ ၃၃ ေကဗြီ (ပြင့္ျဖဴ) ဓာတ္အားလိုင္းတစ္ေလွ်ာက္ ကြင္းဆင္းစစ္ေဆးၿပီး ဓာတ္အားလိုင္း ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဓာတ္အားလိုင္း ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ရာ၌ ၿမိဳ႕နယ္လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရး႐ုံးမွ ၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာ ဦးတင့္ေဇာ္၏ ႀကီးၾကပ္မႈျဖင့္ လွ်ပ္စစ္လိုင္းတာဝန္ခံ ဦးလွဝင္းေအာင္ႏွင့္ ဝန္ထမ္းမ်ားအဖြဲ႕က ပြင့္လင္းရာသီကာလတြင္ ျဖစ္ပြားေလ့ရွိေသာ လွ်ပ္စစ္အႏၱရာယ္ႏွင့္ ဓာတ္အားျပတ္ေတာက္မႈမ်ား ေလ်ာ့နည္း က်ဆင္းေစေရး၊ ျပည္သူမ်ား ဓာတ္အားျပည့္ဝစြာ သုံးစြဲနိုင္ေရးအတြက္ ၿမိဳ႕နယ္အတြင္း ဓာတ္အားျဖန႔္ျဖဴးေပးထားေသာ ၃၃ ေကဗြီ ဓာတ္အားလိုင္းတစ္ေလွ်ာက္ ကြင္းဆင္းသြားေရာက္၍ ယိုင္လဲေနေသာ ဓာတ္အားလိုင္းတိုင္မ်ား ျပန္လည္တည့္မတ္ျခင္း၊ ႀကံ့ခိုင္မႈအားနည္းေသာ ေႂကြသီးမ်ား အစားထိုး အသစ္လဲလွယ္တပ္ဆင္ျခင္း၊ ျပတ္က်ေနေသာ ဓာတ္အားလိုင္းႀကိဳးမ်ား ျပဳျပင္ထိန္းသိမ္းတပ္ဆင္ျခင္းလုပ္ငန္းမ်ားကို စနစ္တက် စုေပါင္းေဆာင္႐ြက္ခဲ့ၾကသည္။
ပြင့္ျဖဴၿမိဳ႕နယ္လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရး႐ုံးအေနျဖင့္ ေဒသခံျပည္သူမ်ား လွ်ပ္စစ္ဓာတ္အားျပည့္ဝစြာ သုံးစြဲနိုင္ရန္ႏွင့္ လွ်ပ္စစ္အႏၱရာယ္ကင္းေဝးေစေရးအတြက္ ၿမိဳ႕နယ္အတြင္း ျဖန႔္ျဖဴးေပးထားေသာ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ား ႀကံ့ခိုင္ေကာင္းမြန္ေအာင္ စဥ္ဆက္မျပတ္ ကြင္းဆင္းစစ္ေဆး၍ ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္းမ်ားကို ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိၿပီး ၿမိဳ႕နယ္အတြင္း လွ်ပ္စစ္မီးမရရွိေသးသည့္ ေက်း႐ြာမ်ားတြင္ ေဒသခံျပည္သူမ်ား လွ်ပ္စစ္မီးသုံးစြဲခြင့္ရရွိေအာင္ ဘ႑ာႏွစ္အလိုက္ ခြင့္ျပဳရန္ပုံေငြျဖင့္ လွ်ပ္စစ္မီးရရွိေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးေနေၾကာင္း ၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာထံမွ သိရသည္။
#mhtnews
Recent Comments