ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးမည့်လုပ်ငန်းကို သင်္ကြန်ရုံးပိတ်ရက်များအတွင်း၌လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ပြည်ပနိုင်ငံများသို သွားရောက်လုပ်ကိုင်မည့်သူများ လုပ်ငန်းခွင်သို အချိန်မီဝင်ရောက်နိုင်ရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ထုတ်ပေးရေးဌာန (မြောက်ဒဂုံ)တွင် သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင်ပါ OWIC ထုတ်ပေးရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့်လျှောက်ထားမှုများကိုစိစစ်၍ အထောက်အထားပြည့်စုံသူများကို ရုံးဖွင့်ရက်များတွင် OWIC ပြုလုပ်ခွင့် ပေးလျက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးမည့်လုပ်ငန်းကို သင်္ကြန်ရုံးပိတ်ရက်များအတွင်း၌လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်”


ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့်သူများ လုပ်ငန်းခွင်သို့ အချိန်မီဝင်ရောက်နိုင်ရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ထုတ်ပေးရေးဌာန (မြောက်ဒဂုံ)တွင် သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင်ပါ OWIC ထုတ်ပေးရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

#mhtnews