မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်လည်ဝင်ရောက်မည့် ပြည်ပနိုင်ရောက် မြန်မာနိုင်ငံသားများအား လက်ခံကြိုဆိုရေးကို မဟာသင်္ကြန်ကာလဖြစ်သည့် ၁၃-၄-၂၀၂၂ မှ ၁၇-၄-၂၀၂၂ ရက်နေ့အထိ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည် ။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေသည့် အရေးပေါ်ကာလအတွင်း နေရပ်ပြန်ကြိုဆိုရေးကို မြန်မာနိုင်ငံဘက်မှ ဆိုင်းငံ့ထားခဲ့ရာမှ ၂၀၂၁ သြဂုတ်လ ၁ရက်နေ့မှစတင်ကာ တစ်ပါတ်လျှင် (၃) ရက်၊ တစ်ရက်လျှင် လူဦးရေ ၂၀၀ ဦးသတ်မှတ်၍ လက်ခံကြိုဆိုခဲ့သည်။
နှစ်သစ်ကူးသြက်န်ပွဲတော်နီးကပ်လာသည့် ဧပြီ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူပိုမိုများပြားလာခဲ့ကာ ကန့်သတ်ချက်ကိုကျော်လွန်၍ အမျိုးသား အမျိုးသမီး ၃၈၆ဦး ဝင်ရောက်ခဲ့ပြီး နေရပ်ပြန်များကို စတင်လက်ခံခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်မှ ၂၀၂၂ခုနှစ် ဧပြီလ ၆ ရက်နေ့ထိ နေရပ်ပြန်လာသူ ၃၀၄၅၀ ယောက်ရှိပြီဖြစ်ကြောင်းသိရသည်။
#mhtnews
(Zawgyi)
“ပြည်ပမှနေရပ်ပြန်များ လက်ခံကြိုဆိုရေး သင်္ကြန်ကာလ ရပ်နားမည်”
နှစ်သစ်ကူးသြက်န်ပွဲတော်နီးကပ်လာသည့် ဧပြီ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူပိုမိုများပြားလာခဲ့ကာ ကန့်သတ်ချက်ကိုကျော်လွန်၍ အမျိးသား အမျိးသမီး ၃၈၆ဦး ဝင်ရောက်ခဲ့ပြီး နေရပ်ပြန်များကို စတင်လက်ခံခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်မှ ၂၀၂၂ခုနှစ် ဧပြီလ ၆ ရက်နေ့ထိ နေရပ်ပြန်လာသူ ၃၀၄၅၀ ယောက်ရှိပြီဖြစ်ကြောင်းသိရသည်။
#mhtnews
Recent Comments