ပြည်ပနိုင်ငံအသီးသီးတို့တွင် ရောက်ရှိနေထိုင်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ထောက်ခံအားပေးခြင်းများပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်အကျိုးစီးပွားကို အနှောက်အယှက်ပေးနေသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ ထောက်ခံပံ့ပိုးရန် ရန်ပုံငွေပွဲများပြုလုပ်ခြင်း၊ တစ်ဦးတစ်ယောက်ခြင်းဖြစ်စေ၊ အသင်းအဖွဲ့နှင့်ဖြစ်စေ အတင်းအဓမ္မငွေကြေးကောက်ခံနေမှုများအား ပြုလုပ်ခြင်းမလုပ်ရန် မြန်မာသံရုံးကထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံအားပေးသည့် အပြုအမူလုပ်ရပ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဆိုပါက အဆိုပါလုပ်ရပ်များကို ကျူးလွန်သူ မြန်မာနိုင်ငံသားများသည် “အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (၂၃/၂၀၁၄)အခန်း(၁၂)ပါ အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နင်းခြင်း” အရ အကြမ်းဖက်မှု ပြစ်မှုနှင့် ငြိစွန်းမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် အသိပေးထားသည်။

#mhtnews

(Zawgyi)

“ျပည္ပနိုင္ငံေရာက္ျမန္မာနိုင္ငံသားမ်ားအေနျဖင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအေပၚ ေထာက္ခံအားေပးပါက အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္အေရးယူမည္”

ျပည္ပနိုင္ငံအသီးသီးတို႔တြင္ ေရာက္ရွိေနထိုင္အလုပ္လုပ္ေနသည့္ ျမန္မာနိုင္ငံသားမ်ားအေနျဖင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအေပၚ ေထာက္ခံအားေပးျခင္းမ်ားျပဳလုပ္ပါက အေရးယူမည္ျဖစ္ေၾကာင္း ထိုင္းနိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးကထုတ္ျပန္ခဲ့သည္။

ျမန္မာနိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးႏွင့္အက်ိဳးစီးပြားကို အႏွောက္အယွက္ေပးေနသည့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ဆက္သြယ္ျခင္း၊ ေထာက္ခံပံ့ပိုးရန္ ရန္ပုံေငြပြဲမ်ားျပဳလုပ္ျခင္း၊ တစ္ဦးတစ္ေယာက္ျခင္းျဖစ္ေစ၊ အသင္းအဖြဲ႕ႏွင့္ျဖစ္ေစ အတင္းအဓမၼေငြေၾကးေကာက္ခံေနမႈမ်ားအား ျပဳလုပ္ျခင္းမလုပ္ရန္ ျမန္မာသံ႐ုံးကထုတ္ျပန္အသိေပးလိုက္ျခင္းျဖစ္သည္။

ျပည္ပေရာက္ ျမန္မာနိုင္ငံသားမ်ားအေနျဖင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအား ေထာက္ခံအားေပးသည့္ အျပဳအမူလုပ္ရပ္မ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ဆိုပါက အဆိုပါလုပ္ရပ္မ်ားကို က်ဴးလြန္သူ ျမန္မာနိုင္ငံသားမ်ားသည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ (၂၃/၂၀၁၄)အခန္း(၁၂)ပါ အၾကမ္းဖက္မႈ ေငြေၾကးေထာက္ပံ့မႈဆိုင္ရာျပစ္မႈမ်ားအား တားဆီးႏွိမ္နင္းျခင္း” အရ အၾကမ္းဖက္မႈ ျပစ္မႈႏွင့္ ၿငိစြန္းမည္ျဖစ္ေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ အသိေပးထားသည္။

#mhtnews