နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်းရှမ်မြိုသို မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ အလုပ်သဘော ခရီးစဉ် သွားရောက်ခဲ့ရာမှ ဧပြီ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် တရုတ်နိုင်ငံမှ လေကြောင်းခရီးစဥ်ဖြင့် နေပြည်တော်သို ပြန်လည်ရောက်ရှိခဲ့သည်။
ထိုသို ပြန်လည်ရောက်ရှိလာသော ပြည်ထောင်စုဝန်ကြီးခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်လေဆိပ် ၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
#mhtnews
#mhtnews
Recent Comments