စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အစည်းအဝေးခန်းမ၌ စက်ရုံမှူးက Phase-1 လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြန်လည်လည်ပတ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မည့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက Phase-1 လုပ်ငန်းများကို Business Plan များရေးဆွဲ၍ Project Management ဆောင်ရွက်ရန်၊ ထုတ်ကုန်များနှင့် ပတ်သက်၍ ဈေးကွက်သုတေသနလုပ်ငန်း ဆောင်ရွက်ထားရန်၊ ထုတ်ကုန်၊ ကုန်ကျစရိတ်၊ တန်ဖိုး၊ အရှုံး/ အမြတ်တို့ကို စနစ်တကျ တွက်ချက်ထားရှိရန်၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြရန်မှာကြားသည်။

ဆက်လက်၍လည်း ပြည်ပမှ တင်သွင်းလျက်ရှိသည့် သံနှင့် သံမဏိများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရေး ကြိုတင်စီမံတွက်ချက်ထားရန်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ကြိုတင်စုဆောင်းထားရန်၊ စက်ရုံရှိ စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းမှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးငြှိမ်းသတ်သည့် အထောက်အကူပြုပစ္စည်းများကို အသင့်ထားရှိရန်နှင့် ဇာတ်တိုက်လေ့ကျင့်ထားရန်တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Business Plan နှင့် Project Management ရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်တို့ကို ရှင်းလင်းဆွေးနွေးပြီး စက်ရုံအတွင်းရှိ သံရည်ကျိုအလုပ်ရုံ Melt Shop 1 အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

(Zawgyi)

“ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း အမွတ္(၁)သံမဏိစက္႐ုံ(ျမင္းၿခံ) ၾကည့္ရႈစစ္ေဆး၍ Phase-1 လုပ္ငန္းမ်ားကို Business Plan မ်ားေရးဆြဲ၍ Project Management ေဆာင္႐ြက္ရန္ မွာၾကား”

စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းသည္ ဧၿပီ ၁၇ ရက္ နံနက္ပိုင္းတြင္ မႏၱေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္ရွိ အမွတ္(၁)သံမဏိစက္႐ုံ (ျမင္းၿခံ)ကို ၾကည့္ရႈစစ္ေဆးခဲ့သည္။

အစည္းအေဝးခန္းမ၌ စက္႐ုံမႉးက Phase-1 လုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈ အေျခအေန၊ ျပန္လည္လည္ပတ္နိုင္ရန္အတြက္ ျပင္ဆင္ေဆာင္႐ြက္မည့္ အစီအမံတို႔ကို ရွင္းလင္းတင္ျပရာ ျပည္ေထာင္စုဝန္ႀကီးက Phase-1 လုပ္ငန္းမ်ားကို Business Plan မ်ားေရးဆြဲ၍ Project Management ေဆာင္႐ြက္ရန္၊ ထုတ္ကုန္မ်ားႏွင့္ ပတ္သက္၍ ေဈးကြက္သုေတသနလုပ္ငန္း ေဆာင္႐ြက္ထားရန္၊ ထုတ္ကုန္၊ ကုန္က်စရိတ္၊ တန္ဖိုး၊ အရႈံး/ အျမတ္တို႔ကို စနစ္တက် တြက္ခ်က္ထားရွိရန္၊ သတ္မွတ္စံခ်ိန္ စံၫႊန္းမ်ားႏွင့္အညီ ထုတ္လုပ္နိုင္ေရး ႀကိဳတင္စီမံေဆာင္႐ြက္ထားၾကရန္မွာၾကားသည္။

ဆက္လက္၍လည္း ျပည္ပမွ တင္သြင္းလ်က္ရွိသည့္ သံႏွင့္ သံမဏိမ်ားႏွင့္ ယွဥ္ၿပိဳင္ေရာင္းခ်နိဳင္ေရး ႀကိဳတင္စီမံတြက္ခ်က္ထားရန္၊ ကုန္ထုတ္လုပ္မႈ လုပ္ငန္းမ်ား စဥ္ဆက္မျပတ္ ေဆာင္႐ြက္နိုင္ေရးအတြက္ လိုအပ္သည့္ ကုန္ၾကမ္းမ်ားကိုလည္း ႀကိဳတင္စုေဆာင္းထားရန္၊ စက္႐ုံရွိ စက္ပစၥည္းမ်ား ပ်က္စီးဆုံးရႈံးမႈမရွိေစေရး ထိန္းသိမ္းမႈလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ ေဆာင္႐ြက္ရန္၊ မီးေဘးအႏၱရာယ္ မျဖစ္ေပၚေစေရးအတြက္ မီးျငႇိမ္းသတ္သည့္ အေထာက္အကူျပဳပစၥည္းမ်ားကို အသင့္ထားရွိရန္ႏွင့္ ဇာတ္တိုက္ေလ့က်င့္ထားရန္တို႔ကို မွာၾကားသည္။

ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးသည္ Business Plan ႏွင့္ Project Management ေရးဆြဲရာတြင္ ပါဝင္ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္အေသးစိတ္တို႔ကို ရွင္းလင္းေဆြးႏြေးၿပီး စက္႐ုံအတြင္းရွိ သံရည္က်ိဳအလုပ္႐ုံ Melt Shop 1 အား လွည့္လည္ၾကည့္ရႈ စစ္ေဆးခဲ့ၿပီး ဝန္ထမ္းမ်ားကို အားေပးစကား ေျပာၾကားခဲ့ေၾကာင္း သိရသည္။