
ပြည်တွင်း စားအုန်းဆီ သိုလှောင်ကန်များ၌ ယနေ့တွင် စားအုန်းဆီ လက်ကျန်တန်ချိန် (31,090 ဒသမ 98) တန်၊ ပိဿာချိန် (19,039,805) ကျန်ရှိသဖြင့် ပြည်တွင်းစားသုံးရန် လုံလောက်မှုရှိကြောင်းနှင့် အနယ်နယ်အရပ်ရပ်သို့ နေ့စဉ် ပုံမှန်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ပြည်ပမှ စားအုန်းဆီ သင်္ဘောများလည်း ပုံမှန်ဝင်ရောက်လျက်ရှိသည်ဟု စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးပြောကြားသည်။
သို့ဖြစ်သဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု မူဝါဒဆိုင်ရာ သတင်းများကို ချဲ့ကား၍ ကောလာဟလ သတင်းများ ထုတ်လွှင့်နေမှုအပေါ် စားသုံးသူပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာ မလိုအပ်ကြောင်း ၎င်းဝန်ကြီးဌာနဆိုသည်။
ထို့အပြင် ပြည်တွင်း၌ စားသုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်း စားအုန်းဆီ ဈေးကွက်တည်ငြိမ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ပြည်သူများ ဝယ်ယူရရှိ စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းများ ဖြစ်ပေါ်မှုကို အခြေခံ၍ တွက်ချက်ရရှိသည့် ရည်ညွှန်း လက်ကားဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန် ကြေညာပေးလျက်ရှိရာ ယနေ့မှ မေ – ၁ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး တစ်ပိဿာ လက်ကား ရည်ညွှန်းဈေးနှုန်းမှာ ငွေကျပ် ၅၆၂၀ ဖြစ်သည်ဟုသိရသည်။
#mhtnews

(Zawgyi)
“ျပည္တြင္း စားအုန္းဆီ သိုေလွာင္ကန္မ်ား၌ ယေန႕တြင္ စားအုန္းဆီ လက္က်န္ပိႆာခ်ိန္ သိန္းေပါင္း ၁၉၀ ေက်ာ္ က်န္ရွိသျဖင့္ ျပည္တြင္းစားသုံးရန္ လုံေလာက္မႈရွိေၾကာင္း စီးပြား/ ကူးသန္းဝန္ႀကီးဌာနက အသိေပး”
ျပည္တြင္း စားအုန္းဆီ သိုေလွာင္ကန္မ်ား၌ ယေန႕တြင္ စားအုန္းဆီ လက္က်န္တန္ခ်ိန္ (31,090 ဒသမ 98) တန္၊ ပိႆာခ်ိန္ (19,039,805) က်န္ရွိသျဖင့္ ျပည္တြင္းစားသုံးရန္ လုံေလာက္မႈရွိေၾကာင္းႏွင့္ အနယ္နယ္အရပ္ရပ္သို႔ ေန႕စဥ္ ပုံမွန္ျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိၿပီး ျပည္ပမွ စားအုန္းဆီ သေဘၤာမ်ားလည္း ပုံမွန္ဝင္ေရာက္လ်က္ရွိသည္ဟု စီးပြါးေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက အသိေပးေျပာၾကားသည္။
သို႔ျဖစ္သျဖင့္ အင္ဒိုနီးရွားနိုင္ငံ၏ စားအုန္းဆီတင္ပို႔မႈ မူဝါဒဆိုင္ရာ သတင္းမ်ားကို ခ်ဲ့ကား၍ ေကာလာဟလ သတင္းမ်ား ထုတ္လႊင့္ေနမႈအေပၚ စားသုံးသူျပည္သူမ်ားအေနျဖင့္ စိုးရိမ္ပူပန္စရာ မလိုအပ္ေၾကာင္း ၎ဝန္ႀကီးဌာနဆိုသည္။
ထို႔အျပင္ ျပည္တြင္း၌ စားသုံးဆီ ျပတ္လပ္မႈမရွိေစေရး၊ ျပည္တြင္း စားအုန္းဆီ ေဈးကြက္တည္ၿငိမ္ေစေရးႏွင့္ ျဖစ္သင့္ျဖစ္ထိုက္သည့္ ေဈးႏႈန္းမ်ားျဖင့္ ျပည္သူမ်ား ဝယ္ယူရရွိ ေစေရးတို႔အတြက္ စဥ္ဆက္မျပတ္ ၾကပ္မတ္ ေဆာင္႐ြက္လ်က္ရွိၿပီး ျပည္တြင္းေဈးကြက္အတြင္း ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစား ရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္းႏွင့္ မသမာသည့္ လုပ္ေဆာင္မႈမ်ား ျပဳလုပ္ပါက အေရးႀကီး ကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း အသိေပးထုတ္ျပန္ထားသည္။
ျပည္ပမွ တင္သြင္းလာသည့္ စားအုန္းဆီမ်ား ေဈးကြက္အတြင္းသို႔ ျဖန႔္ျဖဴးေရာင္းခ်ရာတြင္ ျဖစ္သင့္ျဖစ္ထိုက္သည့္ ေဈးႏႈန္းမ်ား ျဖစ္ေပၚေစေရးအတြက္ ကမၻာ့စားအုန္းဆီ ေဈးႏႈန္းမ်ား ျဖစ္ေပၚမႈကို အေျခခံ၍ တြက္ခ်က္ရရွိသည့္ ရည္ၫႊန္း လက္ကားေဈးႏႈန္းကို အပတ္စဥ္ ထုတ္ျပန္ ေၾကညာေပးလ်က္ရွိရာ ယေန႕မွ ေမ – ၁ ရက္အထိ စားအုန္းဆီ ရန္ကုန္အထိုင္ေဈး တစ္ပိႆာ လက္ကား ရည္ၫႊန္းေဈးႏႈန္းမွာ ေငြက်ပ္ ၅၆၂၀ ျဖစ္သည္ဟုသိရသည္။
#mhtnews
Recent Comments