
ပြည်တွင်း၌ ကြံထွက်နှုန်းနှင့်သကြားအထွက်နှုန်းကောင်းမွန်သည့် ကြံမျိုးသစ်များ ဖြန့်ချိနိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်နေကြောင်း စိုက်ပျိူးရေးသုတေသနဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုသီးနှံနှစ်ရှည်ပင်များ သုတေသနဌာနခွဲ ကြံနှင့်သကြားထွက် သီးနှံသုတေသနဌာနစုမှ သီးနှံမျိုးသစ်များ မွေးမြူထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းများအနက်မှ ၂၀၂၁ ခုနှစ် မျိုးကူးစပ်ရာသီတွင် ကြံသီးနှံမျိုးကူးစပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မျိုးကူးစပ်ခြင်းလုပ်ငန်းများကို ကြံအထွက်နှင့် သကြားထွက်ကောင်းမွန်သော ကြံမျိူးသစ်များ ရရှိရန်နှင့် ကြံမှိုနှံ၊ ကြံအူနီရောဂါဒဏ် ခံနိုင်ရည်ရှိသော အထွက်ကောင်းကြံမျိုးသစ်များ ရရှိရန်ဆိုသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ကြံမျိုးကူးစပ်ရာတွင် မိဘမျိုး (၂၈) မျိုးကို အသုံးပြု၍အတွဲပေါင်း (အဖို၊အမ) ၅၆တွဲကို မျိုးကူးစပ်ခဲ့ပြီး ရရှိခဲ့သော စပ်မျိူးစေ့များအား ပျိုးဘန်းများတွင် အပင်ဖောက်ခြင်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၂၀၂၂ခုနှစ် မတ်လတွင် ကြံမျိုးလိုင်းသစ်များအား ပလက်စတစ်အိတ်များ အတွင်းသို့ရွေ့ပြောင်းစိုက်ပျိုးခဲ့ရာ မျိုးလိုင်းပေါင်း (၂၅၀၀၀)ကျော် ရရှိခဲ့ပြီး အဆိုပါမျိုးလိုင်းများအား မျိုးရွေးချယ်ခြင်းသုတေသနလုပ်ငန်း များ ဆောင်ရွက်ရာတွင် Family Selection & Individual Selection နည်းလမ်းများကို အသုံးပြု၍ရည်ရွယ်ချက် နှင့် ကိုက်ညီသည့် မျိုးလိုင်းများကို (၃)နှစ်တာ ရွေးချယ်ဆောင် ရွက်သွားမည်ဟု ဆိုသည်။
ယင်းကဲ့သို့ ရွေးချယ်ရရှိသည့် မျိုးလိုင်းများအား အထွက်နှုန်းယှဉ်ပြိုင်ခြင်း (Yield Assessment Trials) သုတေသန များကို နေရာဒေသအလိုက်သုတေသနပြု စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၃၀ခုနှစ်တွင် လက်ရှိမျိုးများထက် သာလွန်ကောင်းမွန်သည့် ကြံသီးနှံမျိုးသစ်များကို ထုတ်ဝေသွားနိုင်ရေး စီမံချက်ထားရှိကာ ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း စိုက်ပျိူးရေးသုတေသနဦးစီးဌာနမှ သိရသည်။

(Zawgyi)
“ပြည်တွင်း၌ အထွက်နှုန်းကောင်းမွန်သည့် ကြံမျိုးသစ်များဖြန့်ချိနိုင်ရေး သုတေသနပြုလုပ်နေ”
ပြည်တွင်း၌ ကြံထွက်နှုန်းနှင့်သကြားအထွက်နှုန်းကောင်းမွန်သည့် ကြံမျိုးသစ်များ ဖြန့်ချိနိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရသည်။
အဆိုပါ မျိုးကူးစပ်ခြင်းလုပ်ငန်းများကို ကြံအထွက်နှင့် သကြားထွက်ကောင်းမွန်သော ကြံမျိုးသစ်များ ရရှိရန်နှင့် ကြံမှိုနှံ၊ ကြံအူနီရောဂါဒဏ် ခံနိုင်ရည်ရှိသော အထွက်ကောင်းကြံမျိုးသစ်များ ရရှိရန်ဆိုသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ကြံမျိုးကူးစပ်ရာတွင် မိဘမျိုး (၂၈) မျိုးကို အသုံးပြု၍အတွဲပေါင်း (အဖို၊အမ) ၅၆တွဲကို မျိုးကူးစပ်ခဲ့ပြီး ရရှိခဲ့သော စပ်မျိုးစေ့များအား ပျိုးဘန်းများတွင် အပင်ဖောက်ခြင်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရွေးချယ်ရရှိသည့် မျိုးလိုင်းများအား အထွက်နှုန်းယှဉ်ပြိုင်ခြင်း (Yield Assessment Trials) သုတေသန များကို နေရာဒေသအလိုက်သုတေသနပြု စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၃၀ခုနှစ်တွင် လက်ရှိမျိုးများထက် သာလွန်ကောင်းမွန်သည့် ကြံသီးနှံမျိုးသစ်များကို ထုတ်ဝေသွားနိုင်ရေး စီမံချက်ထားရှိကာ ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရသည်။
Recent Comments