ပြည်တွင်းသို့ ပြန်ဝင်ရောက်လာမည့် မြန်မာသင်္ဘောသားများအနေဖြင့် နိုင်ငံခြားငွေယူဆောင်လာပါက လေဆိပ်သို့ရောက်ရှိသည်နှင့် နိုင်ငံခြားငွေကြေညာလွှာ (Declaration Form)ကို မပျက်မကွက်ဖြည့်စွက်၍ လေဆိပ်၌သက်ဆိုင်သည့် အရာထမ်း၊ အမှုထမ်းထံသို့ တင်ပြလုပ်ဆောင်သွားရန် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် (MSF) က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာသင်္ဘောသားများ၏ လစာနိုင်ငံခြားငွေကိုင်ဆောင်သိမ်းဆည်းရောင်းချသုံးစွဲမှုနှင့် ပတ်သက်၍ ကြုံတွေ့ရမည့်စိန်ခေါ်မှုများကိစ္စများအတွက် မြန်မာသင်္ဘောသားများကြိုတင်သိရှိရန် ယင်းအဖွဲ့ချုပ်မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုသို့ လုပ်ဆောင်​ပြီးနောက်၎င်းတို့ ယူ​ ဆောင်လာသည့် နိုင်ငံခြားငွေကို အစိုးရ (သို့မဟုတ်) AD လိုင်စင်ရ ပုဂ္ဂလိကဘဏ်တစ်ခုခုတွင် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်နှုန်းဖြင့် မဖြစ်မနေရောင်းချ၍ ဘဏ်စာရင်းအတွင်း ထည့်သွင်းပေးရမည်ဖြစ်ကြောင်းနှင့် ထိုဘဏ်စာရင်းအတွင်းရှိ ငွေများကိုထုတ်ယူလိုသည့်အခါ ယခင်ဘဏ်စာရင်းအဟောင်းမှ လိုသလောက်ထုတ်ယူခွင့်မရနိုင်ဘဲ အထူးဘဏ်ငွေစုစာရင်း (Special Account ) တစ်ခုကို ဖွင့်လှစ်၍ ယင်းစာရင်းအတွင်းမှငွေကိုသာ ထုတ်ယူနိုင်ကြောင်း၊ အဆိုပါ အထူးဘဏ်ငွေစုစာရင်း (Special Account )ကို သင်္ဘောသား ကိုယ်တိုင်ဖြစ်စေ၊ သင်္ဘောသားကိုယ်စား မိသားစုမှဖြစ်စေ ကြိုတင်၍လည်း စာရင်းဖွင့်လှစ်ထားနိုင်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF)မှ သိရသည်။

သင်္ဘောသားများလုပ်ဆောင်ရမည့်အချက်များအတွက် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) ဘက်က ထုတ်ပြန်ထားသည့် ယင်းသတ်မှတ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများကလည်း သိရှိစေရန်အတွက် ပေးပို့အကြောင်းကြားထားကြောင်း သိရသည်။

#mhtnew

============================

(Zawgyi)

“ျပည္တြင္းသို႔ျပန္ဝင္ေရာက္လာမည့္ ျမန္မာသေဘၤာသားမ်ားအေနျဖင့္ နိုင္ငံျခားေငြေၾကညာလႊာျဖင့္ ျဖည့္စြက္လုပ္ေဆာင္ရန္ လိုအပ္ဟု MSF ထုတ္ျပန္”

ျပည္တြင္းသို႔ ျပန္ဝင္ေရာက္လာမည့္ ျမန္မာသေဘၤာသားမ်ားအေနျဖင့္ နိုင္ငံျခားေငြယူေဆာင္လာပါက ေလဆိပ္သို႔ေရာက္ရွိသည္ႏွင့္ နိုင္ငံျခားေငြေၾကညာလႊာ (Declaration Form)ကို မပ်က္မကြက္ျဖည့္စြက္၍ ေလဆိပ္၌သက္ဆိုင္သည့္ အရာထမ္း၊ အမႈထမ္းထံသို႔ တင္ျပလုပ္ေဆာင္သြားရန္ ျမန္မာနိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သမားမ်ား အဖြဲ႕ခ်ဳပ္ (MSF) က သတင္းထုတ္ျပန္ထားေၾကာင္း သိရသည္။

ျမန္မာသေဘၤာသားမ်ား၏ လစာနိုင္ငံျခားေငြကိုင္ေဆာင္သိမ္းဆည္းေရာင္းခ်သဳံးစြဲမႈႏွင့္ ပတ္သက္၍ ႀကဳံေတြ႕ရမည့္စိန္ေခၚမႈမ်ားကိစၥမ်ားအတြက္ ျမန္မာသေဘၤာသားမ်ားႀကိဳတင္သိရွိရန္ ယင္းအဖြဲ႕ခ်ဳပ္မွ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ထိုသို႔ လုပ္ေဆာင္ၿပီးေနာက္၎တို႔ ယူ ေဆာင္လာသည့္ နိုင္ငံျခားေငြကို အစိုးရ (သို႔မဟုတ္) AD လိုင္စင္ရ ပုဂၢလိကဘဏ္တစ္ခုခုတြင္ တစ္ေဒၚလာလွ်င္ ၁၈၅၀ က်ပ္ႏႈန္းျဖင့္ မျဖစ္မေနေရာင္းခ်၍ ဘဏ္စာရင္းအတြင္း ထည့္သြင္းေပးရမည္ျဖစ္ေၾကာင္းႏွင့္ ထိုဘဏ္စာရင္းအတြင္းရွိ ေငြမ်ားကိုထုတ္ယူလိုသည့္အခါ ယခင္ဘဏ္စာရင္းအေဟာင္းမွ လိုသေလာက္ထုတ္ယူခြင့္မရနိုင္ဘဲ အထူးဘဏ္ေငြစုစာရင္း (Special Account ) တစ္ခုကို ဖြင့္လွစ္၍ ယင္းစာရင္းအတြင္းမွေငြကိုသာ ထုတ္ယူနိုင္ေၾကာင္း၊ အဆိုပါ အထူးဘဏ္ေငြစုစာရင္း (Special Account )ကို သေဘၤာသား ကိုယ္တိုင္ျဖစ္ေစ၊ သေဘၤာသားကိုယ္စား မိသားစုမွျဖစ္ေစ ႀကိဳတင္၍လည္း စာရင္းဖြင့္လွစ္ထားနိုင္ေၾကာင္း ျမန္မာနိုင္ငံပင္လယ္ကူး သေဘၤာသား အလုပ္သမားမ်ား အဖြဲ႕ခ်ဳပ္ (MSF)မွ သိရသည္။

သေဘၤာသားမ်ားလုပ္ေဆာင္ရမည့္အခ်က္မ်ားအတြက္ ျမန္မာနိုင္ငံပင္လယ္ကူးသေဘၤာသား အလုပ္သမားမ်ား အဖြဲ႕ခ်ဳပ္ (MSF) ဘက္က ထုတ္ျပန္ထားသည့္ ယင္းသတ္မွတ္ခ်က္မ်ားကို သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားကလည္း သိရွိေစရန္အတြက္ ေပးပို႔အေၾကာင္းၾကားထားေၾကာင္း သိရသည္။

#mhtnew