ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ကမ္ဘာပေါ်တွင် ရေနံနှင့်ရေနံထွက်ပစ္စည်းများ အဓိကထုတ်လုပ် တင်ပို့ရောင်းချနေသည့် ရုရှားနိုင်ငံနှင့် လည်းကောင်း၊ ရုရှားနိုင်ငံဦးဆောင်ပြီး ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်နှင့် အာမေးနီးယားနိုင်ငံများက အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(Euro-Asia Economic Union) အဖွဲ့နှင့်လည်းကောင်း စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်း၍ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆွေးနွေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဖော်ပြထားမှုအရ သိရသည်။

အထူးသဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကမ္ဘာ့ထိပ်တန်း ရေနံကုမ္ပဏီများနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ စဉ်ဆက်မပြတ် ဆွေးနွေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ-ဥရောပ အာရှစီးပွားရေး ကော်မရှင် အကြား နှစ်ဖက်အစိုးရ- ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ပါဝင် သည့် ဆွေးနွေးပွဲတွင် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ကုမ္ပဏီကြီးများ တက်ရောက်ခဲ့ကြပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးကဏ္ဍတွင်လည်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် လျှပ်စစ်ကဏ္ဍဖြန့်ဖြူးရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ထားသည်။

မကြာမီတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ထိပ်တန်းရေနံနှင့် စွမ်းအင်ကုမ္ပဏီများနှင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးသွားရန် ရှိကြောင်း၊ ဒီဇယ်နှင့်ဓာတ်ဆီကို ပြည်ပကတင်သွင်းရန်လိုအပ်သည့် နိုင်ငံခြားသုံးငွေများ စနစ်တကျရောင်းချပေးနိုင်ရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအနေဖြင့်လည်း စိစစ်ခွင့် ပြုပေးလျက်ရှိကြောင်း၊ယခုလက်ရှိအချိန်ပြည်တွင်းတွင် ပြည်တွင်းစက်သုံးများလုံလောက်မှုမရှိဟူသော ကောလဟလသတင်းများမှာအမှန်မဟုတ်ကြောင်းနှင့် တိုင်းပြည်အတွင်းတွင် အရန်စက်သုံးဆီများအလုံအလောက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

#mhtnews

============================

(Zawgyi)

“ျပည္တြင္းစက္သုံးဆီဖူလုံေရးႏွင့္ စက္သုံးဆီေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ ျမန္မာႏွင့္ ႐ုရား ရင္းႏွီးျမႇုတ္ႏွံနိုင္ေရးကိစၥမ်ား ေဆြးႏြေး”

ျပည္တြင္းစက္သုံးဆီဖူလုံေရးႏွင့္ စက္သုံးဆီေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ ကမၻာေပၚတြင္ ေရနံႏွင့္ေရနံထြက္ပစၥည္းမ်ား အဓိကထုတ္လုပ္ တင္ပို႔ေရာင္းခ်ေနသည့္ ႐ုရွားနိုင္ငံႏွင့္ လည္းေကာင္း၊ ႐ုရွားနိုင္ငံဦးေဆာင္ၿပီး ဘယ္လာ႐ုစ္၊ ကာဇက္စတန္၊ ကာဂ်စ္စတန္ႏွင့္ အာေမးနီးယားနိုင္ငံမ်ားက အဖြဲ႕ဝင္အျဖစ္ပါဝင္သည့္ ဥေရာပအာရွစီးပြားေရးသမဂၢ(Euro-Asia Economic Union) အဖြဲ႕ႏွင့္လည္းေကာင္း စဥ္ဆက္မျပတ္ ေဆြးႏြေးညွိႏွိုင္း၍ ရင္းႏွီးျမႇုပ္ႏွံမႈမ်ားကို ဖိတ္ေခၚေဆြးႏြေးလ်က္ရွိေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ ေဖာ္ျပထားမႈအရ သိရသည္။

အထူးသျဖင့္ ႐ုရွားဖက္ဒေရးရွင္းနိုင္ငံမွ ကမၻာ့ထိပ္တန္း ေရနံကုမၸဏီမ်ားႏွင့္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား စဥ္ဆက္မျပတ္ ေဆြးႏြေးလ်က္ရွိေၾကာင္း၊ ၂၀၂၂ ခုႏွစ္၊ မတ္လ ၂၄ ရက္တြင္ က်င္းပခဲ့သည့္ ျမန္မာ-ဥေရာပ အာရွစီးပြားေရး ေကာ္မရွင္ အၾကား ႏွစ္ဖက္အစိုးရ- ပုဂၢလိက စီးပြားေရးလုပ္ငန္းရွင္မ်ား ပါဝင္ သည့္ ေဆြးႏြေးပြဲတြင္ ဥေရာပအာရွစီးပြားေရးသမဂၢအဖြဲ႕ဝင္နိုင္ငံမ်ားမွ စြမ္းအင္ကုမၸဏီႀကီးမ်ား တက္ေရာက္ခဲ့ၾကၿပီး ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ရွာေဖြတူးေဖာ္ေရးက႑တြင္လည္း ပူးေပါင္း ေဆာင္႐ြက္ေရးႏွင့္ လွ်ပ္စစ္က႑ျဖန႔္ျဖဴးေရးကိစၥရပ္မ်ားအေပၚ ေဆြးႏြေးခဲ့ေၾကာင္းထုတ္ျပန္ထားသည္။

မၾကာမီတြင္လည္း ႐ုရွားဖက္ဒေရးရွင္းနိုင္ငံ၏ ထိပ္တန္းေရနံႏွင့္ စြမ္းအင္ကုမၸဏီမ်ားႏွင့္ ေဆြးႏြေးပြဲတစ္ရပ္ က်င္းပၿပီး ႏွစ္ဖက္ပူးေပါင္းေဆာင္႐ြက္မႈကိစၥရပ္မ်ားကို ေဆြးႏြေးသြားရန္ ရွိေၾကာင္း၊ ဒီဇယ္ႏွင့္ဓာတ္ဆီကို ျပည္ပကတင္သြင္းရန္လိုအပ္သည့္ နိုင္ငံျခားသုံးေငြမ်ား စနစ္တက်ေရာင္းခ်ေပးနိုင္ရန္ နိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီအေနျဖင့္လည္း စိစစ္ခြင့္ ျပဳေပးလ်က္ရွိေၾကာင္း၊ယခုလက္ရွိအခ်ိန္ျပည္တြင္းတြင္ ျပည္တြင္းစက္သုံးမ်ားလုံေလာက္မႈမရွိဟူေသာ ေကာလဟလသတင္းမ်ားမွာအမွန္မဟုတ္ေၾကာင္းႏွင့္ တိုင္းျပည္အတြင္းတြင္ အရန္စက္သုံးဆီမ်ားအလုံအေလာက္ရွိေၾကာင္းလည္း ထုတ္ျပန္ထားသည္။

#mhtnews