ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြေရေးနှင့် ကန်တော်ကြီး ဥယျာဉ်ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းနိုင်မှုတို့ကို ဟန်ပြအနေဖြင့်သာ ဆောင်ရွက်ခြင်းမဖြစ်စေလိုဘဲ စနစ်တကျဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေ လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ရှိသူများအား တိုက်တွန်းပြောကြားသည်။

ယမန်နေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ဘုရင်ခံအိမ်တော် (Governor House) ထိန်းသိမ်း ထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးစဥ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက ကန်တော်ကြီးသည် ပြင်ဦးလွင်မြို့၏ land mark ဖြစ်ကြောင်း၊ ဥယျာဉ် ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်းစားဆောင်ရွက်စေလိုကြောင်း၊ အမျိုးသား ဥယျာဉ်ဖြစ်၍ ပန်းခြံ သီးသန့်ကိုသာ ထိန်းသိမ်းအဆင့်မြှင့်တင်ခြင်း မဟုတ်ဘဲ ဥယျာဉ် သို့လာရောက်လည်ပတ်သူများကို အဓိကဆွဲဆောင်ထားသည့် ရေကန်များသာယာ လှပရန်နှင့် ရေကိုစနစ်တကျ ထိန်းသိမ်းထားရှိမှ သာလျင် လာရောက်လည်ပတ်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ရေဝင်ရောက်ရန်နှင့် ရေကို ထိန်းသိမ်းနိုင်ရေး အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်၍ ဝိုင်းဝန်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကန်တော်ကြီး ဥယျာဉ်၏ ဧရိယာ ၄၃၆ ဧကကျော် တစ်ခုလုံးကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မိုးရွာသွန်းမှု အားနည်းသည်ကို တွေ့ရှိရပြီး ၂၀၂၁ ခုနှစ်တွင် မိုးရွာရက်များခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မိုးရွာသွန်းမှု များပြားမည်ဟု ခန့်မှန်းချက် များအရ သိရှိရကြောင်း၊ ယခင်က ပြင်ဦးလွင်မြို့သည် သစ်ပင် သစ်တောများ အလွန်ပေါများပြီး ထင်းသုံးစွဲမှုများပြားခြင်း၊ မီးသွေးဖုတ်ခြင်းတို့ကြောင့် သစ်ပင် သစ်တောများ ပြုန်းတီးမှုများပြားလာကြောင်း၊ ထို့ကြောင့် ယခင်တပ်မတော်အစိုးရ လက်ထက်တွင် ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြေရန် ရည်ရွယ်၍ အရိပ်ရကော်ဖီ စိုက်ဧကများစွာကို ပြင်ဦးလွင်မြို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကော်ဖီခြံနှင့်တွဲလျက် အရိပ်ရသစ်ပင်များဖြင့် ပြန်လည်စိမ်းလန်းစိုပြေရေး ရည်ရွယ်ခဲ့သော်လည်း စနစ်တကျ စိုက်ပျိုးမှုမရှိခြင်းကြောင့် ရာနှုန်းပြည့် အောင်မြင်ခြင်း မရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးခြံများကို အလုံပိတ်စနစ်ဖြင့် ကာရံခြင်းတို့ကြောင့် စိမ့်ရေစီးဆင်းမှုကို အဟန့်အတား ဖြစ်စေသည့်အတွက် ရေဝင်ရောက်မှု နည်းပါးလာခြင်းဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြေရေးနှင့် ကန်တော်ကြီး ဥယျာဉ်ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းနိုင်မှုတို့ကို ဟန်ပြအနေဖြင့်သာ ဆောင်ရွက်ခြင်းမဖြစ်စေလိုဘဲ စနစ်တကျဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြင်ဦးလွင်မြို့ကို တောင်ပေါ် အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်အဖြစ် ဆောင်ရွက်လျက်ရှိသည့်အတွက် ကန်တော်ကြီးဥယျာဉ်အတွင်း၌လည်း စနစ်တကျဖြင့် သန့်ရှင်း သာယာလှပ မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီး လိုအပ်သည်များကို ဖြေလျော့ပေးပြီး ဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်ရာတွင် အဆင့်မီသည့် ဥယျာဉ်ကြီး တစ်ခုအဖြစ်ရှိနေစေရေး ဆောင်ရွက်ထားရန်လိုကြောင်း၊ နဂို ရှိရင်းစွဲ နာမည်ကျော်ကြားမှုကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဥယျာဉ်ကို လက်ရှိတာဝန်ယူဆောင်ရွက်လျက် ရှိသည့် ကုမ္ပဏီမှ သန့်ရှင်းသာယာလှပရေးအပိုင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ကြိုးပမ်း ဆောင်ရွက်ရန်လိုပြီး အစိုးရတာဝန်ရှိသူများနှင့်လည်း လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်းဖြင့်လည်း ဆွေးနွေးမှာကြားခဲ့သည်ဟု သိရသည်။

#mhtnews

(Zawgyi)

“ျပင္ဦးလြင္ေဒသ စိမ္းလန္းစိုေျပေရးႏွင့္ ကန္ေတာ္ႀကီး ဥယ်ာဥ္ေရဝင္ေရာက္မႈ၊ ေရထိန္းသိမ္းနိုင္မႈတို႔ကို ဟန္ျပအေနျဖင့္သာ ေဆာင္႐ြက္ျခင္းမျဖစ္ေစလိုဘဲ စနစ္တက်ျဖင့္ မွန္မွန္ကန္ကန္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ တိုက္တြန္း”

ျပင္ဦးလြင္ေဒသ စိမ္းလန္းစိုေျပေရးႏွင့္ ကန္ေတာ္ႀကီး ဥယ်ာဥ္ေရဝင္ေရာက္မႈ၊ ေရထိန္းသိမ္းနိုင္မႈတို႔ကို ဟန္ျပအေနျဖင့္သာ ေဆာင္႐ြက္ျခင္းမျဖစ္ေစလိုဘဲ စနစ္တက်ျဖင့္ မွန္မွန္ကန္ကန္ ေဆာင္႐ြက္ၾကေစ လိုေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က တာဝန္ရွိသူမ်ားအား တိုက္တြန္းေျပာၾကားသည္။

ယမန္ေန႕နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္ႏွင့္ ဘုရင္ခံအိမ္ေတာ္ (Governor House) ထိန္းသိမ္း ထားရွိမႈ အေျခအေနမ်ားကို သြားေရာက္ ၾကည့္ရႈစစ္ေဆးစဥ္ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးက ကန္ေတာ္ႀကီးသည္ ျပင္ဦးလြင္ၿမိဳ႕၏ land mark ျဖစ္ေၾကာင္း၊ ဥယ်ာဥ္ ထိန္းသိမ္းျခင္းလုပ္ငန္းမ်ားကို စဥ္းစားေဆာင္႐ြက္ေစလိုေၾကာင္း၊ အမ်ိဳးသား ဥယ်ာဥ္ျဖစ္၍ ပန္းၿခံ သီးသန႔္ကိုသာ ထိန္းသိမ္းအဆင့္ျမႇင့္တင္ျခင္း မဟုတ္ဘဲ ဥယ်ာဥ္ သို႔လာေရာက္လည္ပတ္သူမ်ားကို အဓိကဆြဲေဆာင္ထားသည့္ ေရကန္မ်ားသာယာ လွပရန္ႏွင့္ ေရကိုစနစ္တက် ထိန္းသိမ္းထားရွိမွ သာလ်င္ လာေရာက္လည္ပတ္သူမ်ားကို ဆြဲေဆာင္နိုင္မည္ျဖစ္ေၾကာင္း၊ ေရဝင္ေရာက္ရန္ႏွင့္ ေရကို ထိန္းသိမ္းနိုင္ေရး အတြက္ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ညွိႏွိုင္းေဆာင္႐ြက္၍ ဝိုင္းဝန္ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ကန္ေတာ္ႀကီး ဥယ်ာဥ္၏ ဧရိယာ ၄၃၆ ဧကေက်ာ္ တစ္ခုလုံးကို ထိန္းသိမ္းေစာင့္ေရွာက္ရန္လိုေၾကာင္း၊ ၂၀၁၉ ခုႏွစ္မွ ၂၀၂၀ ျပည့္ႏွစ္အထိ မိုး႐ြာသြန္းမႈ အားနည္းသည္ကို ေတြ႕ရွိရၿပီး ၂၀၂၁ ခုႏွစ္တြင္ မိုး႐ြာရက္မ်ားခဲ့ေၾကာင္း၊ ၂၀၂၂ ခုႏွစ္တြင္ မိုး႐ြာသြန္းမႈ မ်ားျပားမည္ဟု ခန႔္မွန္းခ်က္ မ်ားအရ သိရွိရေၾကာင္း၊ ယခင္က ျပင္ဦးလြင္ၿမိဳ႕သည္ သစ္ပင္ သစ္ေတာမ်ား အလြန္ေပါမ်ားၿပီး ထင္းသုံးစြဲမႈမ်ားျပားျခင္း၊ မီးေသြးဖုတ္ျခင္းတို႔ေၾကာင့္ သစ္ပင္ သစ္ေတာမ်ား ျပဳန္းတီးမႈမ်ားျပားလာေၾကာင္း၊ ထို႔ေၾကာင့္ ယခင္တပ္မေတာ္အစိုးရ လက္ထက္တြင္ ျပင္ဦးလြင္ေဒသ စိမ္းလန္းစိုေျပရန္ ရည္႐ြယ္၍ အရိပ္ရေကာ္ဖီ စိုက္ဧကမ်ားစြာကို ျပင္ဦးလြင္ၿမိဳ႕၌ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ေကာ္ဖီၿခံႏွင့္တြဲလ်က္ အရိပ္ရသစ္ပင္မ်ားျဖင့္ ျပန္လည္စိမ္းလန္းစိုေျပေရး ရည္႐ြယ္ခဲ့ေသာ္လည္း စနစ္တက် စိုက္ပ်ိဳးမႈမရွိျခင္းေၾကာင့္ ရာႏႈန္းျပည့္ ေအာင္ျမင္ျခင္း မရွိခဲ့ေၾကာင္း၊ စိုက္ပ်ိဳးေရးၿခံမ်ားကို အလုံပိတ္စနစ္ျဖင့္ ကာရံျခင္းတို႔ေၾကာင့္ စိမ့္ေရစီးဆင္းမႈကို အဟန႔္အတား ျဖစ္ေစသည့္အတြက္ ေရဝင္ေရာက္မႈ နည္းပါးလာျခင္းျဖစ္ေၾကာင္းေျပာၾကားသည္။

ဆက္လက္၍လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက ျပင္ဦးလြင္ေဒသ စိမ္းလန္းစိုေျပေရးႏွင့္ ကန္ေတာ္ႀကီး ဥယ်ာဥ္ေရဝင္ေရာက္မႈ၊ ေရထိန္းသိမ္းနိုင္မႈတို႔ကို ဟန္ျပအေနျဖင့္သာ ေဆာင္႐ြက္ျခင္းမျဖစ္ေစလိုဘဲ စနစ္တက်ျဖင့္ မွန္မွန္ကန္ကန္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ျပင္ဦးလြင္ၿမိဳ႕ကို ေတာင္ေပၚ အပန္းေျဖၿမိဳ႕ေတာ္၊ ခ်ယ္ရီၿမိဳ႕ေတာ္၊ ပန္းၿမိဳ႕ေတာ္အျဖစ္ ေဆာင္႐ြက္လ်က္ရွိသည့္အတြက္ ကန္ေတာ္ႀကီးဥယ်ာဥ္အတြင္း၌လည္း စနစ္တက်ျဖင့္ သန႔္ရွင္း သာယာလွပ မႈရွိေအာင္ ထိန္းသိမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ ကိုဗစ္ – ၁၉ ေရာဂါ ျဖစ္ပြားမႈကို အတိုင္းအတာတစ္ခုအထိ ထိန္းခ်ဳပ္နိုင္ခဲ့ၿပီး လိုအပ္သည္မ်ားကို ေျဖေလ်ာ့ေပးၿပီး ျဖစ္သည့္အတြက္ ျပည္တြင္း၊ ျပည္ပ ခရီးသြားမ်ား လာေရာက္ရာတြင္ အဆင့္မီသည့္ ဥယ်ာဥ္ႀကီး တစ္ခုအျဖစ္ရွိေနေစေရး ေဆာင္႐ြက္ထားရန္လိုေၾကာင္း၊ နဂို ရွိရင္းစြဲ နာမည္ေက်ာ္ၾကားမႈကို ဆက္လက္ ထိန္းသိမ္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ဥယ်ာဥ္ကို လက္ရွိတာဝန္ယူေဆာင္႐ြက္လ်က္ ရွိသည့္ ကုမၸဏီမွ သန႔္ရွင္းသာယာလွပေရးအပိုင္းႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးတို႔ကို ႀကိဳးပမ္း ေဆာင္႐ြက္ရန္လိုၿပီး အစိုးရတာဝန္ရွိသူမ်ားႏွင့္လည္း လိုအပ္သည္မ်ား ညွိႏွိုင္းေဆာင္႐ြက္ၾကရန္ လိုအပ္မည္ ျဖစ္ေၾကာင္းျဖင့္လည္း ေဆြးႏြေးမွာၾကားခဲ့သည္ဟု သိရသည္။

#mhtnews