ပဲခူးမြိုဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကို အဆိုပါစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ဆင်ယင်
ကျင်းပလျှက်ရှိကြောင်း သိရသည်။

ထိုသို ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီ ၁၀ ရက်မှစတင်၍ ၁၉ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ဧပြီ ၁၄ ရက်နံနက်ပိုင်းတွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ တန်ခူးလပြည့် ဧပြီ ၁၅ ရက်နံနက်ပိုင်းတွင် ဆွမ်းတော်ကြီးတင်လှူပူဇော်ခြင်းနှင့် ညနေပိုင်းတွင် ဘုရားအမှူးပြုသော သံဃာတော် အပါး ၅၀၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲမှ ဦးဆောင်၍ အများပေါင်းစုကောင်းမှုကုသိုလ်တိုဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခြင်းများကျင်းပသွားမည်ဖြစ်ပြီး တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
#mhtnews

(Zawgyi)


#mhtnews