ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဲခူးမြိုနယ်အတွင်းရှိ ဘုရားအမှူးပြုသော သံဃာတော် အရှင်သူမြတ်အပါး (၅၀၀) တိုအား ဆွမ်းဆန်စိမ်းများလောင်းလှူပူဇော်ခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီတွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်၌ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ အတွင်းရေးမှူး၊ တပ်ရင်း၊ တပ်ဖွဲများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲများ၊ လူမှုရေးအသင်းအဖွဲများနှင့်အလှူရှင်များက ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာတော်အရှင်သူမြတ်အပါး(၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူ”

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဲခူးမြို့နယ်အတွင်းရှိ ဘုရားအမှူးပြုသော သံဃာတော် အရှင်သူမြတ်အပါး (၅၀၀) တို့အား ဆွမ်းဆန်စိမ်းများလောင်းလှူပူဇော်ခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီတွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်၌ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိးဆွေဝင်းနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အလှူရှင်များက ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။
#mhtnews