ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

သင်္ကြန်ပွဲတော်တွင် ရပ်ကွက်/ကျေးရွာ ယိမ်းအဖွဲ့ ၂၅ ဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဌာနဆိုင်ရာ ၃ ခုမှ ယိမ်းအဖွဲ့ ၃ ဖွဲ့ ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကာ ယှဉ်ပြိုင်ဖျော်ဖြေသည့် ယိမ်းအဖွဲ့ ၂၅ ဖွဲ့အား ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ၅ ဆု ချီးမြှင့်ပေးသွာမည်ဖြစ်သည်။

၎င်းအပြင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေး လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်းထားရှိပြီး ဌာနဆိုင်ရာ ၁၆ ဖွဲ့မှ သင်္ကြန်အကြို့နေ့မှ သင်္ကြန်အတက်နေ့များတွင် နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီထိလည်းကောင်း၊ ညနေ ၃ နာနရီမှ ၆ နာရီထိလည်းကောင်း မြန်မာ့ရိုးရာအစားအစာများမုန့်များဖြင့် စတုဒီသာ ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်”




#mhtnews77