
ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များ၌ စည်းကားသိုက်မြိုက်စွာရေကစားနေမှုနှင့် ဌာနဆိုင်ရာအလိုက် စတုဒိသာကျွေးမွေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ဆင်နွှဲခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင်အဖွဲ့သည် ဗဟိုမဏ္ဍပ်ရှေ့ ဆေးရုံဟောင်းလမ်းပေါ်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာ စတုဒိသာနှင့် ရေကစားမဏ္ဍပ် (၁၆)ခုရှိ လမ်းလျှောက်သင်္ကြန်အား အများပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့စဉ် ကျွေးမွေးလှူဒါန်းသည့် စတုဒိသာမဏ္ဍတွင် ထမင်း၊ ဟင်း လာရောက်သုံးဆောင်နေသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ပဲခူးမြို့အတွင်း ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် အများပြည်သူမဏ္ဍပ်များဖြင့် နေ့စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး စတုဒိသာမဏ္ဍပ်များမှလည်း နေ့စဉ်ကျွေးမွေးလှူဒါန်းလျက် ရှိရာ အများပြည်သူ လုံခြုံချမ်းမြေ့ စိတ်အေးချမ်းသာစွာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဗဟိုမဏ္ဍပ်၌ အကြိုနေ့မှ အတက်နေ့အထိ နိုင်ငံကျော် အနုပညာရှင်/ အဆိုတော် မိုးအောင်ရင်၊ ပူစူး၊ အစ္စဏီ၊ ပွင့်နဒီမောင်နှင့် အခြားအနုပညာရှင် အဆိုတော်များဖြင့် စည်ကား သိုက်မြိုက်စွာ ပါဝင်သီဆိုဖျော်ဖြေပေးလျက်ရှိကြောင်း သတင်းရရှိသည်။

(Zawgyi)
“ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္း လမ္းေလွ်ာက္သၾကၤန္မွာ ပါဝင္ဆင္ႏႊဲ”
ဧၿပီလ ၁၄ ရက္ သၾကၤန္အက်ေန႕ နံနက္ပိုင္း၌ ပဲခူးၿမိဳ႕၊ ေဆး႐ုံေဟာင္းလမ္းေပၚရွိ ဗဟိုမ႑ပ္ႏွင့္ လမ္းေလွ်ာက္သၾကၤန္ မ႑ပ္မ်ား၌ စည္းကားသိုက္ၿမိဳက္စြာေရကစားေနမႈႏွင့္ ဌာနဆိုင္ရာအလိုက္ စတုဒိသာေကြၽးေမြးေနမႈအား တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္း၊ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားက သြားေရာက္ဆင္ႏႊဲခဲ့သည္။
ေရွးဦးစြာ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ႏွင္အဖြဲ႕သည္ ဗဟိုမ႑ပ္ေရွ႕ ေဆး႐ုံေဟာင္းလမ္းေပၚရွိ တိုင္းအဆင့္ဌာနဆိုင္ရာ စတုဒိသာႏွင့္ ေရကစားမ႑ပ္ (၁၆)ခုရွိ လမ္းေလွ်ာက္သၾကၤန္အား အမ်ားျပည္သူမ်ားႏွင့္အတူ ပါဝင္ဆင္ႏႊဲခဲ့ၿပီး တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ေန႕စဥ္ ေကြၽးေမြးလႉဒါန္းသည့္ စတုဒိသာမ႑တြင္ ထမင္း၊ ဟင္း လာေရာက္သုံးေဆာင္ေနသည့္ ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္အားေပးခဲ့သည္။
ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ဦးေဆာင္မႈျဖင့္ ၁၃၈၃ ခုႏွစ္၊ ျမန္မာ့ရိုးရာမဟာသၾကၤန္ပြဲေတာ္ႀကီးကို ပဲခူးၿမိဳ႕အတြင္း ဗဟိုမ႑ပ္၊ လမ္းေလွ်ာက္သၾကၤန္ႏွင့္ အမ်ားျပည္သူမ႑ပ္မ်ားျဖင့္ ေန႕စဥ္စည္ကား သိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္လ်က္ရွိၿပီး စတုဒိသာမ႑ပ္မ်ားမွလည္း ေန႕စဥ္ေကြၽးေမြးလႉဒါန္းလ်က္ ရွိရာ အမ်ားျပည္သူ လုံၿခဳံခ်မ္းေျမ့ စိတ္ေအးခ်မ္းသာစြာ အတာေရသဘင္ပြဲ ဆင္ႏႊဲလ်က္ရွိေၾကာင္း သိရသည္။
ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဗဟိုမ႑ပ္၌ အႀကိဳေန႕မွ အတက္ေန႕အထိ နိုင္ငံေက်ာ္ အႏုပညာရွင္/ အဆိုေတာ္ မိုးေအာင္ရင္၊ ပူစူး၊ အစၥဏီ၊ ပြင့္နဒီေမာင္ႏွင့္ အျခားအႏုပညာရွင္ အဆိုေတာ္မ်ားျဖင့္ စည္ကား သိုက္ၿမိဳက္စြာ ပါဝင္သီဆိုေဖ်ာ္ေျဖေပးလ်က္ရွိေၾကာင္း သတင္းရရွိသည္။
Recent Comments