မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေတို့ဖြင့် ကျေးရွာ ၈ ရွာ၌ လယ်ယာစိုက်ပျိုးမြေဧက ၉၀၀၀ ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ၇ လမ်းနှင့် ကုန်ထုတ်တံတား ၁၉ စင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပေါင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပေါင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ကျုံဟော်ကျေးရွာ၌ အရှည် ၂ မိုင်ရှိ ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတား ၁ စင်းကိုလည်းကောင်း၊ ထန်းပင်ချောင်ကြီးကျေးရွာ၌ အရှည် နှစ်မိုင် ၂ ဒသမ ၁၈ ဖာလုံရှိ ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတား ၆ စင်းကိုလည်းကောင်း၊ သဲကုန်းကျေးရွာ၌ အရှည် ၃ မိုင်ရှိ ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတား ၁ စင်းတည်ကိုလည်းကောင်း၊ ကမာဘီကျေးရွာ၌ အရှည် အရှည် ၇ ဒသမ ၅၈ ဖာလုံရှိ ကုန်ထုတ်လမ်း ကိုလည်းကောင်း၊ ကတွန်ကျေးရွာ၌ အရှည် ၂ ဒသမ ၇၃ ဖာလုံရှိ ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတား ၄ စင်းကိုလည်းကောင်း၊ လက်ပံတောကျေးရွာ၌ အရှည် ၁ မိုင် ၀ ဒသမ ၃၃ ဖာလုံရှိ ကုန်ထုတ်လမ်းကိုလည်းကောင်း၊ အဝဗြဲကွင်းပိုင်းကျေးရွာ၌ ကုန်ထုတ်တံတား ၂ စင်းကိုလည်းကောင်း၊ အလှပ်(မြောက်ပိုင်း)ကျေးရွာ၌ အရှည် ၁ မိုင် ၅ ဒသမ ၀၃ ဖာလုံရှိ ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတား ၅ စင်းကိုလည်းကောင်း၊ စုစုပေါင်း ကုန်ထုတ်လမ်း ၇ လမ်း အရှည် ၁၁ မိုင် ၁ ဒသမ ၈၅ ဖာလုံနှင့် ကုန်ထုတ်တံတား ၁၉ စင်းကို ပြည်ထောင်စုရန်ပုံငွေ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် လက်ရှိတွင် အဆိုပါ လုပ်ငန်းများ လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျုံဟော်၊ ထန်းပင်ချောင်ကြီး၊ သဲကုန်း၊ ကမာဘီ၊ ကတွန်၊ လက်ပံတော၊ အဝဗြဲကွင်းပိုင်း၊ အလှပ်(မြောက်ပိုင်း) စသည့် ကျေးရွာရှစ်ရွာရှိ အိမ်ခြေ ၃၈၉၂ အိမ်၊ လူဦးရေ ၂၄၈၁၄ ဦးတို့၏ လယ်ယာစိုက်ပျိုးမြေ ဧက ၉၇၃၂ ဧကမှ ထွက်ရှိသော စပါးနှင့် အခြားသီးနှံများကို ဈေးကွက်သို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အချိန်မီ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

#mhtnews

==========================

(Zawgyi)

“ေပါင္ၿမိဳ႕နယ္၌ ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္တြင္ လယ္ယာစိုက္ပ်ိဳးဧက ၉၀၀၀ ေက်ာ္ အက်ိဳးျပဳမည့္ ကုန္ထုတ္လမ္း ၇ လမ္းႏွင့္ ကုန္ထုတ္တံတား ၁၉ စင္း ေဆာင္႐ြက္သြားေပးမည္”

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၌ ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္တြင္ ျပည္ေထာင္စုရန္ပုံေငြ၊ ျပည္နယ္ရန္ပုံေငြတို႔ျဖင့္ ေက်း႐ြာ ၈ ႐ြာ၌ လယ္ယာစိုက္ပ်ိဳးေျမဧက ၉၀၀၀ ေက်ာ္အက်ိဳးျပဳမည့္ ေက်းလက္ကုန္ထုတ္လမ္း ၇ လမ္းႏွင့္ ကုန္ထုတ္တံတား ၁၉ စင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေပါင္ၿမိဳ႕နယ္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ သိရသည္။

ေပါင္ၿမိဳ႕နယ္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနအေနျဖင့္ ယခုဘ႑ာႏွစ္တြင္ က်ဳံေဟာ္ေက်း႐ြာ၌ အရွည္ ၂ မိုင္ရွိ ကုန္ထုတ္လမ္းႏွင့္ ကုန္ထုတ္တံတား ၁ စင္းကိုလည္းေကာင္း၊ ထန္းပင္ေခ်ာင္ႀကီးေက်း႐ြာ၌ အရွည္ ႏွစ္မိုင္ ၂ ဒသမ ၁၈ ဖာလုံရွိ ကုန္ထုတ္လမ္းႏွင့္ ကုန္ထုတ္တံတား ၆ စင္းကိုလည္းေကာင္း၊ သဲကုန္းေက်း႐ြာ၌ အရွည္ ၃ မိုင္ရွိ ကုန္ထုတ္လမ္းႏွင့္ ကုန္ထုတ္တံတား ၁ စင္းတည္ကိုလည္းေကာင္း၊ ကမာဘီေက်း႐ြာ၌ အရွည္ အရွည္ ၇ ဒသမ ၅၈ ဖာလုံရွိ ကုန္ထုတ္လမ္း ကိုလည္းေကာင္း၊ ကတြန္ေက်း႐ြာ၌ အရွည္ ၂ ဒသမ ၇၃ ဖာလုံရွိ ကုန္ထုတ္လမ္းႏွင့္ ကုန္ထုတ္တံတား ၄ စင္းကိုလည္းေကာင္း၊ လက္ပံေတာေက်း႐ြာ၌ အရွည္ ၁ မိုင္ ၀ ဒသမ ၃၃ ဖာလုံရွိ ကုန္ထုတ္လမ္းကိုလည္းေကာင္း၊ အဝၿဗဲကြင္းပိုင္းေက်း႐ြာ၌ ကုန္ထုတ္တံတား ၂ စင္းကိုလည္းေကာင္း၊ အလွပ္(ေျမာက္ပိုင္း)ေက်း႐ြာ၌ အရွည္ ၁ မိုင္ ၅ ဒသမ ၀၃ ဖာလုံရွိ ကုန္ထုတ္လမ္းႏွင့္ ကုန္ထုတ္တံတား ၅ စင္းကိုလည္းေကာင္း၊ စုစုေပါင္း ကုန္ထုတ္လမ္း ၇ လမ္း အရွည္ ၁၁ မိုင္ ၁ ဒသမ ၈၅ ဖာလုံႏွင့္ ကုန္ထုတ္တံတား ၁၉ စင္းကို ျပည္ေထာင္စုရန္ပုံေငြ ျပည္နယ္ရန္ပုံေငြျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္သျဖင့္ လက္ရွိတြင္ အဆိုပါ လုပ္ငန္းမ်ား လုပ္ငန္းအပ္ႏွံေဆာင္႐ြက္နိုင္ေရး တင္ဒါေခၚယူ ေဆာင္႐ြက္လ်က္ရွိသည္။

ယင္းလုပ္ငန္းမ်ားအားလုံး ေဆာင္႐ြက္ၿပီးစီးပါက က်ဳံေဟာ္၊ ထန္းပင္ေခ်ာင္ႀကီး၊ သဲကုန္း၊ ကမာဘီ၊ ကတြန္၊ လက္ပံေတာ၊ အဝၿဗဲကြင္းပိုင္း၊ အလွပ္(ေျမာက္ပိုင္း) စသည့္ ေက်း႐ြာရွစ္႐ြာရွိ အိမ္ေျခ ၃၈၉၂ အိမ္၊ လူဦးေရ ၂၄၈၁၄ ဦးတို႔၏ လယ္ယာစိုက္ပ်ိဳးေျမ ဧက ၉၇၃၂ ဧကမွ ထြက္ရွိေသာ စပါးႏွင့္ အျခားသီးႏွံမ်ားကို ေဈးကြက္သို႔ ကုန္က်စရိတ္ သက္သာစြာျဖင့္ အခ်ိန္မီ သယ္ယူပို႔ေဆာင္နိုင္မည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews