
ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မပြုလုပ်ရန် လိုက်နာရမည့် အချက် ၄ ချက်ပါ စည်းကမ်းချက်များကို ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
မပြုလုပ်ရန် လိုက်နာရမည့် အချက် ၄ ချက်မှာ (က) တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေးအရ၊ ဘာသာရေး အရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊
(ခ) နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို သော်လည်းကောင်း၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကို သော်လည်းကောင်း ထိခိုက်စေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊
(ဂ) ညစ်ညမ်းစာများကို ဖော်ပြခြင်း၊
(ဃ) ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့ကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်း တို့ဖြစ်သည်။
ပုံနှိပ်သူများ၊ ထုတ်ဝေသူများအနေဖြင့် အထက်ပါ စည်းကမ်းချက်များအား လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဖော်ပြတားမြစ်ချက်များသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ(၈)တွင် ပြဋ္ဌာန်းထားရှိကြောင်း သိရသည်။
#mhtnews
==================
(Zawgyi)
“ပုံႏွိပ္သူမ်ားႏွင့္ ထုတ္ေဝသူမ်ား မျပဳလုပ္ရန္ လိုက္နာရမည့္ အခ်က္ ၄ ခ်က္ပါ စည္းကမ္းခ်က္မ်ားကို ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္”
ပုံႏွိပ္သူမ်ားႏွင့္ ထုတ္ေဝသူမ်ား မျပဳလုပ္ရန္ လိုက္နာရမည့္ အခ်က္ ၄ ခ်က္ပါ စည္းကမ္းခ်က္မ်ားကို ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။
မျပဳလုပ္ရန္ လိုက္နာရမည့္ အခ်က္ ၄ ခ်က္မွာ (က)တိုင္းရင္းသားလူမ်ိဳးအခ်င္းခ်င္း၊ နိုင္ငံသားအခ်င္းခ်င္း လူမ်ိဳးေရးအရ၊ ဘာသာေရး အရ၊ ယဥ္ေက်းမႈအရ ထိခိုက္နစ္နာေစမည့္ အေၾကာင္းအရာမ်ားကို ေဖာ္ျပျခင္း၊
(ခ)နိုင္ငံေတာ္လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရး၊ အမ်ားျပည္သူ ေအးခ်မ္းသာယာေရးတို႔ကို ေသာ္လည္းေကာင္း၊ နိုင္ငံသားတိုင္းတန္းတူမႈ၊ လြတ္လပ္မႈ၊ တရားမွ်တမႈ၊ အခြင့္အေရးတို႔ကို ေသာ္လည္းေကာင္း ထိခိုက္ေစမည့္ အေၾကာင္းအရာမ်ားကို ေဖာ္ျပျခင္း၊
(ဂ)ညစ္ညမ္းစာမ်ားကို ေဖာ္ျပျခင္း၊
(ဃ)ရာဇဝတ္မႈ၊ ရက္စက္ၾကမ္းၾကဳတ္မႈ၊ အၾကမ္းဖက္မႈ၊ ေလာင္းကစားမႈႏွင့္ မူးယစ္ ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ျပစ္မႈက်ဴးလြန္ျခင္းတို႔ကို အားေပးျခင္းႏွင့္ လႈံ႕ေဆာ္ျခင္း တို႔ျဖစ္သည္။
ပုံႏွိပ္သူမ်ား၊ ထုတ္ေဝသူမ်ားအေနျဖင့္ အထက္ပါ စည္းကမ္းခ်က္မ်ားအား လိုက္နာရန္ ပ်က္ကြက္ပါက ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူခံရမည္ျဖစ္ေၾကာင္းလည္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။
ေဖာ္ျပတားျမစ္ခ်က္မ်ားသည္ ပုံႏွိပ္ျခင္းႏွင့္ ထုတ္ေဝျခင္းလုပ္ငန္း ဥပေဒပုဒ္မ(၈)တြင္ ျပ႒ာန္းထားရွိေၾကာင္း သိရသည္။
#mhtnews
Recent Comments