
ရခိုင်ပြည်နယ်၊ တောင်ပေါ်တိုင်းရင်းသား မျိုးနွယ်စုဝင်တစ်ခုဖြစ်သည့် မြိုတိုင်းရင်းသားများ၏ ရိုးရာနွားထိုးပွဲကို ဧပြီ ၂၉ ရက်နေ့က စဉ်လာမပျက် ကျင်းပပြုလုပ်ခဲ့ရာ မြိုတိုင်းရင်းသား ၄၀၀ ခန့် ပါဝင်ဆင်နွဲခဲ့ကြောင်း ဒေသတွင်းသတင်းဖော်ပြမှုများအရ သိရသည်။
အဆိုပါပွဲကို ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်ဗွီးကျေးရွာတွင် မြိုလူမျိုးတို့၏ ရိုးရာစဉ်လာအတိုင်း ကျင်းပခဲ့ရာ တစ်ညလုံးပျော်ပါးကခုန်ခဲ့ကြသည်ဟု မြိုတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇနီဖြူက ပြောသည်။
“ရိုးရာနွားထိုးပွဲဆိုတာက ဗုဒ္ဓဘာသာမကိုးကွယ်ခင်၊ ခရစ်ယာန်ဘာသာမကိုးကွယ်ခင်ကတည်း ပြုလုပ်လာတဲ့ မြိုလူမျိုးတွေရဲ့ ရိုးရာ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ တောင်ယာလုပ်လို့ စပါးဆန်တွေ ရလာတယ်။ အဲ့လိုအခါမျိုးမှာ နွားထိုးပွဲကျင်းပလေ့ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။
နွားထိုးပွဲကိုများသောအားဖြင့် မိသားစုထဲမှ တစ်စုံတစ်ယောက် နာမကျန်း ဖြစ်သည့်အခါ တောင်ယာနတ်ကို ပွဲပေးသောအနေဖြင့်ကျင်းပခြင်း၊ ကလေးငယ်များအား နားဖောက်မင်္ဂလာကျင်းပခြင်း၊သားသမီးများ အိမ်ထောင်ကျပြီးနောက်မှာ အိမ်ခြားဆင်းသည့် အထိမ်းအမှတ် အနေဖြင့် ကျင်းပခြင်း၊ သားသမီးထွန်းကားလိုသည့် မိသားစုများက သားဆုပန်သည့်အခါ ကျင်းပခြင်းနှင့် ကွယ်လွန်သွားသည့် မိဘဆွေမျိုးများကို ရည်စူးပြီး ကျန်ရစ်သူမိသားစုများက ကျင်းပခြင်း အစရှိသည်ဖြင့် ကျင်းပလေ့ရှိကြောင်း သိရသည်။
အဆိုပါ ရိုးရာပွဲ၌ ပန်းဖွားတိုင်တစ်တိုင်တွင် နွားကိုချည်နှောင်ပြီး မြိုရိုးရာ ဝတ်စုံများ နှင့် မြိုရိုးရာတူရိယာများကို တီးမှုတ်ကာ သီဆိုပျော်ပါး ကခုန်ကြသည့် ရိုးရာပွဲတစ်ခုဖြစ်ပြီး နွားထိုးပွဲမကျင်းပမည့် တစ်ရက်အလိုတွင် ဝက်တစ်ကောင်ကို ပွဲရှင်၏ အိမ်ထက်တွင် သတ်ကာ အိမ်စောင့်နတ်ကို ပူဇော်လေ့ရှိသည်ဟုဆိုသည်။
ယင်းဝက်၏ နားရွက်ဖျားကို ဆီမန်းလိမ်းကျံထားသည့် ချည်ကြိုးများနှင့် ချည်ကာ အန္တရာယ်ကင်းအဆောင်လက်ဖွဲ့တစ်ခုအနေနှင့် ပွဲရှင် မိသားစုဝင်များက ဝတ်ဆင်ကြတာကြောင်း မြိုတိုင်းရင်းသားများ၏ ပြောပြချက်အရသိရသည်။
#mhtnews

(Zawgyi)
“ပုဏၰားကြၽန္းၿမိဳ႕နယ္၌ ၿမိဳတိုင္းရင္းသားမ်ား၏ ရိုးရာႏြားထိုးပြဲက်င္းပ”
ရခိုင္ျပည္နယ္၊ ေတာင္ေပၚတိုင္းရင္းသား မ်ိဳးႏြယ္စုဝင္တစ္ခုျဖစ္သည့္ ၿမိဳတိုင္းရင္းသားမ်ား၏ ရိုးရာႏြားထိုးပြဲကို ဧၿပီ ၂၉ ရက္ေန႕က စဥ္လာမပ်က္ က်င္းပျပဳလုပ္ခဲ့ရာ ၿမိဳတိုင္းရင္းသား ၄၀၀ ခန႔္ ပါဝင္ဆင္ႏြဲခဲ့ေၾကာင္း ေဒသတြင္းသတင္းေဖာ္ျပမႈမ်ားအရ သိရသည္။
အဆိုပါပြဲကို ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ဗန္ဗြီးေက်း႐ြာတြင္ ၿမိဳလူမ်ိဳးတို႔၏ ရိုးရာစဥ္လာအတိုင္း က်င္းပခဲ့ရာ တစ္ညလုံးေပ်ာ္ပါးကခုန္ခဲ့ၾကသည္ဟု ၿမိဳတိုင္းရင္းသား စာေပႏွင့္ ယဥ္ေက်းမႈအသင္းဥကၠ႒ ဦးဇနီျဖဴက ေျပာသည္။
“ရိုးရာႏြားထိုးပြဲဆိုတာက ဗုဒၶဘာသာမကိုးကြယ္ခင္၊ ခရစ္ယာန္ဘာသာမကိုးကြယ္ခင္ကတည္း ျပဳလုပ္လာတဲ့ ၿမိဳလူမ်ိဳးေတြရဲ႕ ရိုးရာ ပြဲေတာ္တစ္ခု ျဖစ္ပါတယ္။ ေတာင္ယာလုပ္လို႔ စပါးဆန္ေတြ ရလာတယ္။ အဲ့လိုအခါမ်ိဳးမွာ ႏြားထိုးပြဲက်င္းပေလ့ရွိတယ္” ဟု ၎က ရွင္းျပသည္။
ႏြားထိုးပြဲကိုမ်ားေသာအားျဖင့္ မိသားစုထဲမွ တစ္စုံတစ္ေယာက္ နာမက်န္း ျဖစ္သည့္အခါ ေတာင္ယာနတ္ကို ပြဲေပးေသာအေနျဖင့္က်င္းပျခင္း၊ ကေလးငယ္မ်ားအား နားေဖာက္မဂၤလာက်င္းပျခင္း၊သားသမီးမ်ား အိမ္ေထာင္က်ၿပီးေနာက္မွာ အိမ္ျခားဆင္းသည့္ အထိမ္းအမွတ္ အေနျဖင့္ က်င္းပျခင္း၊ သားသမီးထြန္းကားလိုသည့္ မိသားစုမ်ားက သားဆုပန္သည့္အခါ က်င္းပျခင္းႏွင့္ ကြယ္လြန္သြားသည့္ မိဘေဆြမ်ိဳးမ်ားကို ရည္စူးၿပီး က်န္ရစ္သူမိသားစုမ်ားက က်င္းပျခင္း အစရွိသည္ျဖင့္ က်င္းပေလ့ရွိေၾကာင္း သိရသည္။
အဆိုပါ ရိုးရာပြဲ၌ ပန္းဖြားတိုင္တစ္တိုင္တြင္ ႏြားကိုခ်ည္ႏွောင္ၿပီး ၿမိဳရိုးရာ ဝတ္စုံမ်ား ႏွင့္ ၿမိဳရိုးရာတူရိယာမ်ားကို တီးမႈတ္ကာ သီဆိုေပ်ာ္ပါး ကခုန္ၾကသည့္ ရိုးရာပြဲတစ္ခုျဖစ္ၿပီး ႏြားထိုးပြဲမက်င္းပမည့္ တစ္ရက္အလိုတြင္ ဝက္တစ္ေကာင္ကို ပြဲရွင္၏ အိမ္ထက္တြင္ သတ္ကာ အိမ္ေစာင့္နတ္ကို ပူေဇာ္ေလ့ရွိသည္ဟုဆိုသည္။
ယင္းဝက္၏ နား႐ြက္ဖ်ားကို ဆီမန္းလိမ္းက်ံထားသည့္ ခ်ည္ႀကိဳးမ်ားႏွင့္ ခ်ည္ကာ အႏၱရာယ္ကင္းအေဆာင္လက္ဖြဲ႕တစ္ခုအေနႏွင့္ ပြဲရွင္ မိသားစုဝင္မ်ားက ဝတ္ဆင္ၾကတာေၾကာင္း ၿမိဳတိုင္းရင္းသားမ်ား၏ ေျပာျပခ်က္အရသိရသည္။
#mhtnews
Recent Comments