မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်၊ ပုဂံမြိုဟောင်းရှိ ယွန်းပညာကောလိပ်ကို လည်မည့် မေလဒုတိယပတ်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
ယခုဖွင့်လှစ်သွားမည့် အစီအစဥ်မှာ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၏ ပထမနှစ်တန်း ပထမနှစ်ဝက်နှင့် ယခင်ကိုဗစ်ကာလက ကျန်ရှိနေသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ ပထမနှစ်တန်း ဒုတိယနှစ်ဝက်တန်း သင်တန်းနှစ်ခုကို တပြိုင်တည်း ဖွင့်လှစ် သွားမှာဖြစ်သည်။
ယွန်းပညာကောလိပ်သင်တန်းမှာ ၂ နှစ်သင်တန်းဖြစ်သဖြင့် ယင်းသင်တန်းပြီးသည့်အခါ သမဝါယမစီမံခန့်ခွဲမှုပညာ တက္ကသိုလ်၏ တတိယနှစ်နှင့် စတုတ္ထနှစ်ကို ဆက်လက်သင်ကြားရမည်ဖြစ်ကာ ယွန်းပညာကောလိပ်(ပုဂံ)၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပထမနှစ်အတွက် ခေါ်ယူခဲ့သည့် ကျောင်းသား (၁၄၀)၏ ပထမနှစ် အတန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အခုအခါ ပထမနှစ်၏ ဒုတိယနှစ်ဝက်အတွက် ကျန်ရှိသည့် သင်တန်းသားများနှင့် နှစ်သစ်အတွက် ပထမနှစ်ဝက် သင်တန်းသား အယောက် (၁၀၀)ကို လက်ခံသင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်ကို လာမည့် မေလအတွင်း ဖွင့်လှစ်မည်”
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်ကို လည်မည့် မေလဒုတိယပတ်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
#mhtnews
Recent Comments