ပုဂံဒေသသို ဘုရားဖူးလာ‌ရောက်ကြသည့် ပြည်တွင်းခရီးသွားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြသရမည့်အပြင် ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသေးသူများကို အခကြေးငွေမယူဘဲ အခမဲ့ထိုးပေးကာ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံကတ်ပြားကိုပါ ထုတ်ပေးလျှက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် သင်္ကြန်ပိတ်ရက်ကာလများအတွက် ကမ်းခြေဒေသများတွင် ဟိုတယ်ဘိုကင် ပြုလုပ်ထားမှု များပြားနေသလို ပုဂံဒေသ၌လည်း လာရောက်လည်ပတ်ကြမည့် ပြည်တွင်းခရီးသွားများမှ ဟိုတယ်ဘိုကင် ယူထားမှုများ များပြားလျှက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောဆိုသည်။

ပုဂံဒေသသို ခရီးသွားဝင်ရောက်မှု အဓိကနေရာများဖြစ်သည့် ရွှေစည်းခုံ၊ ဗူးဘုရား စသည်တိုတွင် စာရင်း ကောက်ယူကာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် တစ်ထောင်ကျော် ဝင်ရောက်လျှက်ရှိကာ ရုံးပိတ်ရက်များတွင် ခရီးသွားဝင်ရောက်မှုသည် တစ်ရက်လျှင် နှစ်ထောင်ကျော်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ပုဂံဒေသသို့ ဘုရားဖူးလာရောက်သူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသေးပါက အခမဲ့ထိုးနှံပေးလျှက်ရှိ”

ပုဂံဒေသသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်းခရီးသွားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြသရမည့်အပြင် ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသေးသူများကို အခကြေးငွေမယူဘဲ အခမဲ့ထိုးပေးကာ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံကတ်ပြားကိုပါ ထုတ်ပေးလျှက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု အဓိကနေရာများဖြစ်သည့် ရွှေစည်းခုံ၊ ဗူးဘုရား စသည်တို့တွင် စာရင်း ကောက်ယူကာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် တစ်ထောင်ကျော် ဝင်ရောက်လျှက်ရှိကာ ရုံးပိတ်ရက်များတွင် ခရီးသွားဝင်ရောက်မှုသည် တစ်ရက်လျှင် နှစ်ထောင်ကျော်ရှိကြောင်း သိရသည်။
#mhtnews