
ပါရှန်ပင်လယ်ကွေ့ မြောက်ပိုင်း ကမ်းခြေတွင် နိုင်ငံခြားအလံတင် သင်္ဘောတစ်စင်းကို အီရန်က ယနေ့ (ဧပြီ ၂၄ ရက်) တွင် ထိန်းသိမ်းခဲ့ပြီး မှောင်ခိုလောင် စာဆီ လီတာ ၂၀၀,၀၀၀ တင်ဆောင်လာသည်ဟု အီရန်က ပြောဆိုခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြသည်။
သင်္ဘောပေါ်တွင် ပါလာသည့် သင်္ဘောသား ၈ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး အီရန်တောင်ပိုင်း ဘတ်ရှာဆိပ်ကမ်းရှိ တရားရေးအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်ဟုဆိုသည်။
အဆိုပါ လောင်စာဆီတင်သင်္ဘော၏ နောက်ခံသမိုင်းနှင့် ဖမ်းဆီးခံထားရသည့် သင်္ဘော သားများ၏ အကြောင်းကိုတော့ ချက်ချင်းမသိရသေးကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။
ဘတ်ရှာရှိ IRGC ရေတပ်၏ ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဂိုလမ်ဟိုစိန် ဟိုဆီနီ က နိုင်ငံခြား အလံတင်သင်္ဘောကို ဆီဖြည့်ရန်အတွက်သုံးသည့် အခြားအသေးစားရေယာဉ်ငါးစင်းကိုလည်း ဆက်လက်စုံစမ်း စစ်ဆေးရန်အတွက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။
နိုင်ငံ၏စီးပွားရေးကို ကူညီပံ့ပိုးပေးသည့်အနေဖြင့် IRGC ရေတပ်၏ “အရေးကြီးသော ဦးစားပေး” လုပ်ငန်းများထဲတွင် လောင်စာဆီမှောင်ခိုမှု တိုက်ဖျက်ရန်လည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။
ပါရှန်ပင်လယ်ကွေ့၏ ကမ်းခြေများသည် အမြတ်ကြီးစားသူများနှင့် မှောင်ခိုသမားများအတွက် လုံခြုံရာနေရာ မဟုတ်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။
အီရန်သည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ရေပိုင်နက်အတွင်း နိုင်ငံခြားအလံတင် ရေနံတင်သင်္ဘော အများအပြားကို မှောင်ခိုလောင်စာဆီ ရောင်းချမှုမှ ပင်လယ်ရေကြောင်းပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုများဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။
#mhtnews
=========================
(Zawgyi)
“ပါရွန္ပင္လယ္ေကြ႕တြင္ နိုင္ငံျခားအလံတင္သေဘၤာတစ္စင္း အီရန္ထိန္းသိမ္းထား”
ပါရွန္ပင္လယ္ေကြ႕ ေျမာက္ပိုင္း ကမ္းေျခတြင္ နိုင္ငံျခားအလံတင္ သေဘၤာတစ္စင္းကို အီရန္က ယေန႕ (ဧၿပီ ၂၄ ရက္) တြင္ ထိန္းသိမ္းခဲ့ၿပီး ေမွာင္ခိုေလာင္ စာဆီ လီတာ ၂၀၀,၀၀၀ တင္ေဆာင္လာသည္ဟု အီရန္က ေျပာဆိုခဲ့ေၾကာင္း Anadolu Agency သတင္းဌာနက ေဖာ္ျပသည္။
သေဘၤာေပၚတြင္ ပါလာသည့္ သေဘၤာသား ၈ ဦးကိုလည္း ဖမ္းဆီးခဲ့ၿပီး အီရန္ေတာင္ပိုင္း ဘတ္ရွာဆိပ္ကမ္းရွိ တရားေရးအာဏာပိုင္မ်ားထံ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း အစၥလာမၼစ္ေတာ္လွန္ေရးအေစာင့္တပ္ (IRGC) ေရတပ္၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္ဟုဆိုသည္။
အဆိုပါ ေလာင္စာဆီတင္သေဘၤာ၏ ေနာက္ခံသမိုင္းႏွင့္ ဖမ္းဆီးခံထားရသည့္ သေဘၤာ သားမ်ား၏ အေၾကာင္းကိုေတာ့ ခ်က္ခ်င္းမသိရေသးေၾကာင္း ၎သတင္းတြင္ ေဖာ္ျပထားသည္။
ဘတ္ရွာရွိ IRGC ေရတပ္၏ ျပည္သူ႕ဆက္ဆံေရးဌာန ၫႊန္ၾကားေရးမႉး ဂိုလမ္ဟိုစိန္ ဟိုဆီနီ က နိုင္ငံျခား အလံတင္သေဘၤာကို ဆီျဖည့္ရန္အတြက္သုံးသည့္ အျခားအေသးစားေရယာဥ္ငါးစင္းကိုလည္း ဆက္လက္စုံစမ္း စစ္ေဆးရန္အတြက္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ေျပာၾကားခဲ့သည္။
နိုင္ငံ၏စီးပြားေရးကို ကူညီပံ့ပိုးေပးသည့္အေနျဖင့္ IRGC ေရတပ္၏ “အေရးႀကီးေသာ ဦးစားေပး” လုပ္ငန္းမ်ားထဲတြင္ ေလာင္စာဆီေမွာင္ခိုမႈ တိုက္ဖ်က္ရန္လည္း ပါဝင္ေၾကာင္း ၎က ေျပာသည္။
ပါရွန္ပင္လယ္ေကြ႕၏ ကမ္းေျခမ်ားသည္ အျမတ္ႀကီးစားသူမ်ားႏွင့္ ေမွာင္ခိုသမားမ်ားအတြက္ လုံၿခဳံရာေနရာ မဟုတ္ေၾကာင္းလည္း ၎က သတိေပးခဲ့သည္။
အီရန္သည္ မၾကာေသးမီႏွစ္မ်ားအတြင္း ၎၏ေရပိုင္နက္အတြင္း နိုင္ငံျခားအလံတင္ ေရနံတင္သေဘၤာ အမ်ားအျပားကို ေမွာင္ခိုေလာင္စာဆီ ေရာင္းခ်မႈမွ ပင္လယ္ေရေၾကာင္းပတ္ဝန္းက်င္ကို ညစ္ညမ္းေစမႈမ်ားျဖင့္ စြဲခ်က္တင္ခဲ့ေၾကာင္း သိရသည္။
#mhtnews
Recent Comments