နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူးအခါသမယ နှုတ်ခွန်းဆက် မင်္ဂလာစကား ပြောကြားရာ၌ “ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ပြန်ကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား လာခဲ့တဲ့ စိန်ခေါ်မှုအခက်အခဲတွေ၊ ပါတီစုံဒီမိုကရေစီလျှောက်လှမ်းမှုမှာ ရိုးသားတဲ့ ဒီမိုကရေစီ အစား ရည်ရွယ်ချက်ရှိရှိ ဖောက်ဖျက်ကျူး လွန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အကြပ်အတည်းများကို ကျော်ဖြတ်ခဲ့ရပါတယ်” ဟု ပြောကြားသည်။

အလားတူဗိုလ်ချုပ်မှူးကြီးက “၂၀၂၁ ခုနှစ်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့ရပြီး အခက်အခဲ ပေါင်းများစွာ အတွင်းကနေ ကျော်လွှားနိုင်ခဲ့ပါပြီ။ သို့သော်လည်း အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုနှုန်း မြင့်မားနေဆဲဖြစ်ပြီး ကမ္ဘာမှာ လုံးဝကင်းစင်ပြီလို့ မပြောနိုင်သေးတဲ့အတွက် ကျွန်တော်တို့တတွေ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများ အပြည့်အဝ လိုက်နာမှု လိုအပ်ပါကြောင်း ပြောလိုပါတယ်” ဟု ပြောကြားကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ပါတီစုံဒီမိုကေရစီေလွ်ာက္လွမ္းမႈမွာ ရိုးသားတဲ့ ဒီမိုကေရစီအစား ရည္႐ြယ္ခ်က္ရွိရွိ ေဖာက္ဖ်က္က်ဴး လြန္မႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ နိုင္ငံေရးအၾကပ္အတည္းမ်ားကို ေက်ာ္ျဖတ္ခဲ့ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာၾကား”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ျမန္မာသကၠရာဇ္ ၁၃၈၄ ခုႏွစ္၊ ႏွစ္သစ္ကူးအခါသမယ ႏႈတ္ခြန္းဆက္ မဂၤလာစကား ေျပာၾကားရာ၌ “ျဖတ္သန္းခဲ့တဲ့ တစ္ႏွစ္တာကာလအတြင္း ျပန္ၾကည့္မယ္ဆိုရင္ ကိုဗစ္-၁၉ ကပ္ေရာဂါ ျဖစ္ပြား လာခဲ့တဲ့ စိန္ေခၚမႈအခက္အခဲေတြ၊ ပါတီစုံဒီမိုကေရစီေလွ်ာက္လွမ္းမႈမွာ ရိုးသားတဲ့ ဒီမိုကေရစီ အစား ရည္႐ြယ္ခ်က္ရွိရွိ ေဖာက္ဖ်က္က်ဴး လြန္မႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ နိုင္ငံေရး အၾကပ္အတည္းမ်ားကို ေက်ာ္ျဖတ္ခဲ့ရပါတယ္” ဟု ေျပာၾကားသည္။

အလားတူဗိုလ္ခ်ဳပ္မႉးႀကီးက “၂၀၂၁ ခုႏွစ္ဟာ ကြၽန္ေတာ္တို႔ နိုင္ငံအတြက္ ကိုဗစ္-၁၉ ကပ္ေရာဂါ ျဖစ္ပြားမႈ အဆိုး႐ြားဆုံး ျဖစ္ပြားခဲ့ရၿပီး အခက္အခဲ ေပါင္းမ်ားစြာ အတြင္းကေန ေက်ာ္လႊားနိုင္ခဲ့ပါၿပီ။ သို႔ေသာ္လည္း အိမ္နီးခ်င္းနိုင္ငံမ်ားအပါအဝင္ ကမၻာ့နိုင္ငံအသီးသီးမွာ ျဖစ္ပြားမႈႏႈန္း ျမင့္မားေနဆဲျဖစ္ၿပီး ကမၻာမွာ လုံးဝကင္းစင္ၿပီလို႔ မေျပာနိုင္ေသးတဲ့အတြက္ ကြၽန္ေတာ္တို႔တေတြ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္ေရးအတြက္ လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းမ်ား အျပည့္အဝ လိုက္နာမႈ လိုအပ္ပါေၾကာင္း ေျပာလိုပါတယ္” ဟု ေျပာၾကားေၾကာင္း သိရသည္။

#mhtnews