ရခိုင်ဘုရင် မင်းဘာကြီး၏ မိဖုရားကြီး ပတ္တမြားဒေဝီစောမဲကျီ မွေးဖွားရာဇာတိဖြစ်သည့် ရမ်းဗြဲမြို့နယ်၊ ကန်ဒိုင်းတိုက်နယ်၊ အတွင်းပြင်ကျေးရွာတွင် နားမွေးတော်ဓာတ် စေတီဖူးမျှော်ပွဲကို စံတင်လောက်သည့် ရခိုင်ရိုးရာ ဝင်စားဆင်ယင်မှုများဖြင့် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

အတွင်းပြင်ကျေးရွာ သာသနာ့ကုန်းတော်ပေါ်တွင် တည်ရှိသော ဘုရားရှင်၏နားမွှေးတော်ဓာတ်စေတီ ဖူးမျှော်ကန်တော့ပွဲကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ၁၇ ရက်နေ့ နံနက်ပိုင်းမှ ဧပြီ ၁၉ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်ကာ ကန်ဒိုင်းတိုက်နယ်ရှိ ကျေးရွာ ၁၂ ရွာတို့မှ အမျိုးသမီးငယ်များက ရခိုင်ရိုးရာဝတ်စုံများကိုကျေးရွာအလိုက် အရောင်မျိုးစုံ ဝတ်ဆင်ကာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ရခိုင်ရိုးရာ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင် ထုံးဖွဲမှုပြိုင်ပွဲများ၊ ဇာတ်ပွဲများနှင့် စည်ကားစွာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ကန်ဒိုင်းတိုက်နယ်တွင် ကျေးရွာ ၁၃ ရွာရှိပြီး ၄င်းကျေးရွာများမှ လူပျို၊ အပျိုများ နှင့် ကျေးရွာသား များက နားမွှေးတော်ဓာတ်စေတီဖူးမျှော်ပွဲကို ရိုးရာအစဉ်လာမပျက် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအခါ နှစ်ပေါင်း ၁၅၀ တိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

#mhtnews

(Zawgyi)

“ပတၱျမားေဒဝီေစာမဲက်ီ ေမြးဖြားရာဇာတိ ရမ္းၿဗဲၿမိဳ႕နယ္မွ နားေမြးေတာ္ဓာတ္ေစတီ ဖူးေမွ်ာ္ပြဲကို စံတင္ေလာက္သည့္ ရခိုင္ရိုးရာ ဝတ္စားဆင္ယင္မႈမ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာက်င္းပ”

ရခိုင္ဘုရင္ မင္းဘာႀကီး၏ မိဖုရားႀကီး ပတၱျမားေဒဝီေစာမဲက်ီ ေမြးဖြားရာဇာတိျဖစ္သည့္ ရမ္းၿဗဲၿမိဳ႕နယ္၊ ကန္ဒိုင္းတိုက္နယ္၊ အတြင္းျပင္ေက်း႐ြာတြင္ နားေမြးေတာ္ဓာတ္ ေစတီဖူးေမွ်ာ္ပြဲကို စံတင္ေလာက္သည့္ ရခိုင္ရိုးရာ ဝင္စားဆင္ယင္မႈမ်ားျဖင့္ အစဥ္အလာမပ်က္ စည္ကားသိုက္ၿမိဳက္စြာက်င္းပခဲ့ေၾကာင္း သိရသည္။

အတြင္းျပင္ေက်း႐ြာ သာသနာ့ကုန္းေတာ္ေပၚတြင္ တည္ရွိေသာ ဘုရားရွင္၏နားေမႊးေတာ္ဓာတ္ေစတီ ဖူးေမွ်ာ္ကန္ေတာ့ပြဲကို ျမန္မာႏွစ္ဆန္းတစ္ရက္ေန႕ ဧၿပီလ၁၇ ရက္ေန႕ နံနက္ပိုင္းမွ ဧၿပီ ၁၉ ရက္ေန႕အထိ ၃ ရက္တိုင္တိုင္ က်င္းပခဲ့ျခင္းျဖစ္ကာ ကန္ဒိုင္းတိုက္နယ္ရွိ ေက်း႐ြာ ၁၂ ႐ြာတို႔မွ အမ်ိဳးသမီးငယ္မ်ားက ရခိုင္ရိုးရာဝတ္စုံမ်ားကိုေက်း႐ြာအလိုက္ အေရာင္မ်ိဳးစုံ ဝတ္ဆင္ကာ ပါဝင္ဆင္ႏႊဲခဲ့ၾကၿပီး ရခိုင္ရိုးရာ ယဥ္ေက်းမႈ၊ ဝတ္စားဆင္ယင္ ထုံးဖြဲမႈၿပိဳင္ပြဲမ်ား၊ ဇာတ္ပြဲမ်ားႏွင့္ စည္ကားစြာ က်င္းပခဲ့ျခင္းျဖစ္သည္။

ကန္ဒိုင္းတိုက္နယ္တြင္ ေက်း႐ြာ ၁၃ ႐ြာရွိၿပီး ၄င္းေက်း႐ြာမ်ားမွ လူပ်ိဳ၊ အပ်ိဳမ်ား ႏွင့္ ေက်း႐ြာသား မ်ားက နားေမႊးေတာ္ဓာတ္ေစတီဖူးေမွ်ာ္ပြဲကို ရိုးရာအစဥ္လာမပ်က္ ႏွစ္စဥ္က်င္းပလာခဲ့ရာ ယခုအခါ ႏွစ္ေပါင္း ၁၅၀ တိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေဒသခံမ်ား၏ ေျပာဆိုခ်က္အရ သိရသည္။

#mhtnews