
ပညာသင်ကြားရေးသည် နိုင်ငံသားအားလုံး၏ ရပိုင်ခွင့်နှင့် တာဝန်သာဖြစ်ပြီး အုပ်ချုပ်သူအစိုးရကို သဘောကျခြင်း၊ မကျခြင်းနှင့် မသက်ဆိုင်သည်ကို နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိ မြို့ဖများအား လားရှိုးမြို့ရှိ မြို့နယ်ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားရာ၌ ဗိုလ်ချုပ်မှူးကြီးက အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ရင်ဘောင်တန်း အမှီလိုက်နိုင်ရေးအတွက် ပညာရေးကို မဖြစ်မနေ အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာပေပညာသင်ကြားပေးနေခြင်းသည် အစိုးရအတွက် မဟုတ်ဘဲ အစိုးရက နိုင်ငံတော်အတွက် ကိုယ်စားဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ၌ သင်ရိုးညွှန်းတမ်းများကို အစိုးရက ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများက ဆွေးနွေးညှိနှိုင်းတိုင်ပင် ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို သိရှိနားလည်ရန်လိုကြောင်း၊ ယခု ဆောင်ရွက်နေသည်မှာလည်း ယခင်အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သည့် နှစ် ၃၀ ပညာရည်မြှင့်တင်မှု စီမံကိန်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရေးသည် နိုင်ငံသားအားလုံး၏ ရပိုင်ခွင့်နှင့် တာဝန်သာဖြစ်ပြီး အုပ်ချုပ်သူအစိုးရကို သဘောကျခြင်း၊ မကျခြင်းနှင့် မသက်ဆိုင်သည်ကို နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက မိမိတို့နိုင်ငံတွင် ကျောင်းနေသူ ရာခိုင်နှုန်းနှင့် စာတတ်မြောက်သူ ရာခိုင်နှုန်း နည်းပါးလျက်ရှိသဖြင့် ပညာရေးကိုအားပေးကြရန် လိုအပ်မည်ဖြစ်ပြီး အသိပညာ၊ အတတ် ပညာရှင်များပေါ်ထွက်လာမှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ မျိုးဆက်သစ်လူငယ်လူရွယ်များကို ကောင်းမွန်သည့် စာပေပညာအမွေအနှစ်များ ပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာများ၊ တက္ကသိုလ်ပညာများ သင်ကြားပေးနေခြင်းသည် မိမိတို့ တစ်ဦး ချင်း စီ၏ ရှေ့ဆက်ရမည့်ဘဝခရီးတွင် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပင်ဖြစ်သည့်အတွက် အခွင့်အရေးကို ရရှိအောင် ယူကြစေလိုကြောင်း၊ အတတ်ပညာရပ်များသည် အတန်းပညာတတ်မှသာလျင် သင်ကြားတတ်မြောက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာရပ် များကို သင်ကြားမည်ဆိုပါက အနည်းဆုံး အခြေခံပညာ အလယ်တန်းအဆင့် ရှိရမည် ဖြစ်ကြောင်း၊ တစ်ဦးချင်း အသိပညာတိုးပွားစေရေးအတွက်လည်း စာပေဖတ်ရှု လေ့လာနေကြရန်လိုအပ်ပြီး ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews

(Zawgyi)
“ပညာသင္ၾကားေရးသည္ နိုင္ငံသားအားလုံး၏ ရပိုင္ခြင့္ႏွင့္ တာဝန္သာျဖစ္ၿပီး အုပ္ခ်ဳပ္သူအစိုးရကို သေဘာက်ျခင္း၊ မက်ျခင္းႏွင့္ မသက္ဆိုင္သည္ကို နားလည္သေဘာေပါက္ရန္လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ေျပာ”
ပညာသင္ၾကားေရးသည္ နိုင္ငံသားအားလုံး၏ ရပိုင္ခြင့္ႏွင့္ တာဝန္သာျဖစ္ၿပီး အုပ္ခ်ဳပ္သူအစိုးရကို သေဘာက်ျခင္း၊ မက်ျခင္းႏွင့္ မသက္ဆိုင္သည္ကို နားလည္သေဘာေပါက္ရန္လိုအပ္ေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာသည္။
ယမန္ေန႕မြန္းလြဲပိုင္းတြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ အစိုးရ အုပ္ခ်ဳပ္ေရးအဖြဲ႕ခြဲ၊ ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ၿမိဳ႕မိ ၿမိဳ႕ဖမ်ားအား လားရွိုးၿမိဳ႕ရွိ ၿမိဳ႕နယ္ခန္းမ၌ ေတြ႕ဆုံ အမွာစကား ေျပာၾကားရာ၌ ဗိုလ္ခ်ဳပ္မႉးႀကီးက အိမ္နီးခ်င္းနိုင္ငံမ်ား၊ အာဆီယံနိုင္ငံမ်ားႏွင့္ ရင္ေဘာင္တန္း အမွီလိုက္နိုင္ေရးအတြက္ ပညာေရးကို မျဖစ္မေန အားေပး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ စာေပပညာသင္ၾကားေပးေနျခင္းသည္ အစိုးရအတြက္ မဟုတ္ဘဲ အစိုးရက နိုင္ငံေတာ္အတြက္ ကိုယ္စားေဆာင္႐ြက္ေပးျခင္းျဖစ္ေၾကာင္း၊ ပညာေရးက႑၌ သင္ရိုးၫႊန္းတမ္းမ်ားကို အစိုးရက ျပ႒ာန္းျခင္းမဟုတ္ဘဲ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား၊ ပညာရွင္မ်ား၊ နိုင္ငံတကာအဖြဲ႕အစည္းမ်ားက ေဆြးႏြေးညွိႏွိုင္းတိုင္ပင္ ေရးဆြဲျပ႒ာန္းထားျခင္းျဖစ္သည္ကို သိရွိနားလည္ရန္လိုေၾကာင္း၊ ယခု ေဆာင္႐ြက္ေနသည္မွာလည္း ယခင္အစိုးရအဆက္ဆက္က က်င့္သုံးခဲ့သည့္ ႏွစ္ ၃၀ ပညာရည္ျမႇင့္တင္မႈ စီမံကိန္းပင္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ပညာသင္ၾကားေရးသည္ နိုင္ငံသားအားလုံး၏ ရပိုင္ခြင့္ႏွင့္ တာဝန္သာျဖစ္ၿပီး အုပ္ခ်ဳပ္သူအစိုးရကို သေဘာက်ျခင္း၊ မက်ျခင္းႏွင့္ မသက္ဆိုင္သည္ကို နားလည္သေဘာေပါက္ရန္လိုအပ္ေၾကာင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ဆက္လက္၍လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက မိမိတို႔နိုင္ငံတြင္ ေက်ာင္းေနသူ ရာခိုင္ႏႈန္းႏွင့္ စာတတ္ေျမာက္သူ ရာခိုင္ႏႈန္း နည္းပါးလ်က္ရွိသျဖင့္ ပညာေရးကိုအားေပးၾကရန္ လိုအပ္မည္ျဖစ္ၿပီး အသိပညာ၊ အတတ္ ပညာရွင္မ်ားေပၚထြက္လာမွသာလ်င္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း ပိုမိုလုပ္ေဆာင္နိုင္မည္ျဖစ္ေၾကာင္း၊ မိမိတို႔၏ မ်ိဳးဆက္သစ္လူငယ္လူ႐ြယ္မ်ားကို ေကာင္းမြန္သည့္ စာေပပညာအေမြအႏွစ္မ်ား ေပးနိုင္ရမည္ျဖစ္ေၾကာင္း၊ နိုင္ငံေတာ္မွ အေျခခံပညာမ်ား၊ တကၠသိုလ္ပညာမ်ား သင္ၾကားေပးေနျခင္းသည္ မိမိတို႔ တစ္ဦး ခ်င္း စီ၏ ေရွ႕ဆက္ရမည့္ဘဝခရီးတြင္ မိမိေျခေထာက္ေပၚ မိမိရပ္တည္နိုင္ေရးႏွင့္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ပင္ျဖစ္သည့္အတြက္ အခြင့္အေရးကို ရရွိေအာင္ ယူၾကေစလိုေၾကာင္း၊ အတတ္ပညာရပ္မ်ားသည္ အတန္းပညာတတ္မွသာလ်င္ သင္ၾကားတတ္ေျမာက္နိုင္မည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး အတတ္ပညာရပ္ မ်ားကို သင္ၾကားမည္ဆိုပါက အနည္းဆုံး အေျခခံပညာ အလယ္တန္းအဆင့္ ရွိရမည္ ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္း အသိပညာတိုးပြားေစေရးအတြက္လည္း စာေပဖတ္ရႈ ေလ့လာေနၾကရန္လိုအပ္ၿပီး ပညာေရးကို အားေပးေဆာင္႐ြက္ၾကေစလိုေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္ဟု သိရသည္။
#mhtnews
Recent Comments