ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed) ငါးနှစ်သင်တန်း အမှတ်စဉ်(၉)နှင့် တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/ စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ လမ်းညွှန်မှုခံယူပွဲ အခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

ထိုသို့ အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးသည် နိုင်ငံနှင့်လူမျိုးတို့၏ အသက်ဝိညာဉ်၊ ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်၊ လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှု၏ ဗဟိုချက်ဖြစ်သည့်အတွက် နိုင်ငံတော်ကို ကျေးဇူးသစ္စာ စောင့်သိကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ကိန်းအောင်းနေရမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင်လည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားကာ သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed) ငါးနှစ်သင်တန်း အမှတ်စဉ်(၉)သို့ သင်တန်းသား သင်တန်းသူ ၁၂ ဦး၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/ စစ်ကိုင်း)သို့ သင်တန်းသား သင်တန်းသူ ၁၂ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#mhtnews

(Zawgyi)

“ပညာေရးသည္ နိုင္ငံႏွင့္လူမ်ိဳးတို႔၏ အသက္ဝိညာဥ္၊ ဖြံ႕ၿဖိဳးမႈ၏ အေျခခံအုတ္ျမစ္၊ လူ႕အဖြဲ႕အစည္း တည္ၿငိမ္ေအးခ်မ္းမႈ၏ ဗဟိုခ်က္ျဖစ္သည့္အတြက္ နိုင္ငံေတာ္ကို ေက်းဇူးသစၥာ ေစာင့္သိၾကရမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းေျပာ”

ပဲခူးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္းသည္ ယမန္ေန႕ နံနက္ပိုင္းတြင္ ပဲခူးၿမိဳ႕ေတာ္ခန္းမ၌ က်င္းပသည့္ ၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္ ျပည္ေထာင္စု တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးေရးတကၠသိုလ္ ပညာေရးဘြဲ႕(B.Ed) ငါးႏွစ္သင္တန္း အမွတ္စဥ္(၉)ႏွင့္ တိုင္းရင္းသားလူငယ္မ်ားစြမ္းရည္ ဖြံ႕ၿဖိဳးေရး ဒီဂရီေကာလိပ္ (ရန္ကုန္/ စစ္ကိုင္းသို႔) တက္ေရာက္မည့္ ေက်ာင္းသား ေက်ာင္းသူမ်ား လမ္းၫႊန္မႈခံယူပြဲ အခမ္းအနားသို႔တက္ေရာက္၍ အမွာစကားေျပာၾကားခဲ့သည္။

ထိုသို႔ အမွာစကားေျပာၾကားရာတြင္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ပညာေရးသည္ နိုင္ငံႏွင့္လူမ်ိဳးတို႔၏ အသက္ဝိညာဥ္၊ ဖြံ႕ၿဖိဳးမႈ၏ အေျခခံအုတ္ျမစ္၊ လူ႕အဖြဲ႕အစည္း တည္ၿငိမ္ေအးခ်မ္းမႈ၏ ဗဟိုခ်က္ျဖစ္သည့္အတြက္ နိုင္ငံေတာ္ကို ေက်းဇူးသစၥာ ေစာင့္သိၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔အျပင္ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ား၏ လူမႈစီးပြားဘဝမ်ား ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္းႏွင့္ ျပည္ေထာင္စုစိတ္ဓာတ္ အစဥ္ထာဝရ ကိန္းေအာင္းေနရမည္ျဖစ္သကဲ့သို႔ ျပည္ေထာင္စုစိတ္ဓာတ္ ထြန္းကားျပန႔္ပြားေအာင္လည္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားကာ သင္တန္းသား သင္တန္းသူမ်ားအတြက္ ေထာက္ပံ့ ေငြမ်ား ေပးအပ္ခဲ့သည္။

ပဲခူးတိုင္းေဒသႀကီးအတြင္း၌ အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္ ျပည္ေထာင္စု တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးေရးတကၠသိုလ္ ပညာေရးဘြဲ႕(B.Ed) ငါးႏွစ္သင္တန္း အမွတ္စဥ္(၉)သို႔ သင္တန္းသား သင္တန္းသူ ၁၂ ဦး၊ တိုင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရး ဒီဂရီေကာလိပ္ (ရန္ကုန္/ စစ္ကိုင္း)သို႔ သင္တန္းသား သင္တန္းသူ ၁၂ ဦး တက္ေရာက္သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

#mhtnews