
KIA အဖွဲ့နှင့် NLD ပါတီထောက်ခံသူ အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ် ပတ်ဝန်းကျင်တွင် စခန်းများ ဆောက်လုပ်ခိုအောင်းပြီး အပြစ်မဲ့နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းများအပြင် မြို့တွင်းသို့ဝင်ရောက်၍ နိုင်ငံပိုင်အဆောက်အဦများ၊ အများ ပြည်သူနှင့် သက်ဆိုင်သောဆေးရုံများ၊ ကျောင်းများ၊ လူနေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများအား အကာအကွယ်ရယူကာ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျစုဖွဲ့၍ တိုက်ခိုက်ချေမှုန်းခဲ့သည်
ဖြစ်စဉ်မှာ KIA အဖွဲ့နှင့် NLD ပါတီထောက်ခံသူအစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ပတ်ဝန်းကျင်တွင် ယာယီစခန်းများ ဆောက်လုပ်နေထိုင်လျက်ရှိပြီး လမ်းများပိတ်ဆို့ခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားများအား အဓမ္မဆက်ကြေးတောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပင်လည်ဘူးမြို့နယ်၊ ကပန္တာကျေးရွာအနီး၌ အကြမ်းဖက်အဖွဲ့များနှင့် မတ် ၂၉ နှင့် ဧပြီ ၁ ရက်နေ့တို့တွင် တွေ့ဆုံပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
အလားတူ ဧပြီလ ၃ ရက် ည ၇ နာရီခန့်တွင် ပင်လည်ဘူးမြို့၏ အရှေ့မြောက်ဘက် ၈ မိုင်ကျော်ခန့်၊ နွယ်လိန်းကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ကျော်ခန့်တွင် သွပ်ဆူးကြိုးကာရန် ထားသော စခန်းတစ်ခုအား ရှာဖွေဖော်ထုတ်၍ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်များတွင် အကြမ်းဖက်သမားများထံမှ ပြောက်ကျား ယူနီဖောင်းဝတ်အလောင်း ၂ လောင်း၊ M-22 ၂ လက်၊ KIA ထုတ် ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ M-၇၉ ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်တစ်ထောင့်ထိုး သေနတ် ၁ လက်၊ M-22 ကျည် ၅၉ တောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ M22 ကျည်အိမ် ၅ ခု၊ ၇.၆၂ ကျည် ၁၃၁ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၂ လုံး၊ လမ်းလျှောက် စကားပြောစက် ၂ လုံး၊ ပြောက်ကျားယူနီဖောင်း ၁ စုံနှင့် အသုံးအဆောင် ပစ္စည်းများသိမ်းပိုက် ရရှိခဲ့သည်။
ဆက်လက်၍ ဒေသခံပြည်သူတို့၏ သတင်းပေးပို့မှုအရ ပင်လည်ဘူးမြို့၏ အရှေ့မြောက်ဘက် ၉ မိုင်ခန့်၊ နွယ်လိန်းရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်ရှိ အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေသည့် စခန်းအား ဧပြီလ ၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူ အင်အား ၁၅၀ ဦးခန့်နှင့် ထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခြံစည်းရိုးကျားလန် ၁ ထပ် ကာရံထားသော စခန်း ၁ ခုနှင့် ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသော အလောင်း ၂ လောင်း၊ တစ်တောင့်ထိုး သေနတ် ၈ လက်၊ M-22 ကျည်အိမ် ၁၈ ခု၊ M-22 ကျည် ၁၃၅ တောင့်၊ လက်လုပ် သေနတ် ၂ လက်၊ စနိုက်ပါ မှန်ပြောင်း ၁ ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့သည်။
ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သောင်းကျန်းသူစခန်းများအား သွားရောက်တိုက်ခိုက် ချေမှုန်းစဉ် အကြမ်းဖက်အဖွဲ့များအနေဖြင့် ပင်လည်ဘူးမြို့အတွင်းသို့ ဝင်ရောက်၍ ဆေးရုံ၊ စာသင်ကျောင်း၊ မီးသတ်အဆောက်အဦ၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘုရားကုန်းနှင့် လူနေ အဆောက်အဦများကို အကာအကွယ်ယူကာ နယ်မြေခံရဲစခန်းနှင့် မြို့တွင်းတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဧပြီ ၉ ရက်နေ့ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပင်လည်ဘူးမြို့နှင့် ပတ်ဝန်းကျင် နေရာများအား ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ချေမှုန်းခဲ့ရာ ဧပြီ ၁၀ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့များသည် သေကြေ ထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ပင်လည်ဘူးမြို့၏ မြောက်ဘက်သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး/ဒဏ်ရာရှိမှုရှိခဲ့ပြီး အကြမ်းဖက်သူများထံမှ KIA/PDF လက်မောင်းတံဆိပ်ပါ ပြောက်ကျားဝတ်အလောင်း ၄ လောင်း၊ အားကစားဝတ်စုံ ဝတ်ဆင်ထားသော အလောင်း ၄ လောင်း စုစုပေါင်း အလောင်း ၈ လောင်း၊ M-22 သေနတ် ၅ လက်၊ AK-47 သေနတ် ၂ လက်၊ KIA ထုတ် ၄ဝ မမဆုံလည် ၁ လက်၊ ၇.၆၂ မမ စနိုက်ပါ ၁ လက်၊ M-22 ကျည်အိမ် ၂၂ ခု၊ M-22 ကျည် ၁၃၄၅ တောင့်၊ ၇.၆၂ မမ စနိုက်ပါကျည် ၁၁၅ တောင့်၊ ၄ဝ မမ ဗုံးသီး ၉ လုံး၊ KIA ကြိုးဆွဲလက်ပစ်ဗုံး ၁၉ လုံး၊ ၆၀ မမဗုံးသီး ၁၇ လုံး၊ လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် အကြမ်းဖက်သမားများ၏ အလောင်းအချို့တွင် စိတ်ကြွရူးသွပ်ဆေး သုံးစွဲထားသည့် လက္ခဏာများတွေ့ရှိရပြီး သိမ်းပိုက်ရရှိခဲ့သော စခန်းများအတွင်း၌လည်း မူးယစ်ဆေးဝါးအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
#mhtnews

(Zawgyi)
“ပင္လည္ဘူးၿမိဳ႕နယ္အတြင္း၌ KIA အဖြဲ႕ႏွင့္ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕မ်ားက အမ်ားျပည္သူပိုင္ အေဆာက္အဦႏွင့္ လူေနအိမ္မ်ားကို အကာအကြယ္ယူ၍ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအား ပစ္ခတ္ တိုက္ခိုက္လာသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက တိုက္ခိုက္ေခ်မႈန္း”
KIA အဖြဲ႕ႏွင့္ NLD ပါတီေထာက္ခံသူ အစြန္းေရာက္ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပင္လည္ဘူးၿမိဳ႕နယ္ ပတ္ဝန္းက်င္တြင္ စခန္းမ်ား ေဆာက္လုပ္ခိုေအာင္းၿပီး အျပစ္မဲ့နိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားအား အေၾကာင္းမဲ့ သတ္ျဖတ္ျခင္းမ်ားအျပင္ ၿမိဳ႕တြင္းသို႔ဝင္ေရာက္၍ နိုင္ငံပိုင္အေဆာက္အဦမ်ား၊ အမ်ား ျပည္သူႏွင့္ သက္ဆိုင္ေသာေဆး႐ုံမ်ား၊ ေက်ာင္းမ်ား၊ လူေနအိမ္မ်ား၊ ေက်း႐ြာမ်ား၊ ေဈးမ်ား၊ နိုင္ငံပိုင္ဘဏ္မ်ား၊ ဌာနဆိုင္ရာ႐ုံးမ်ားအား အကာအကြယ္ရယူကာ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားအား တိုက္ခိုက္ျခင္းမ်ား ေဆာင္႐ြက္လာသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စနစ္တက်စဳဖြဲ႕၍ တိုက္ခိုက္ေခ်မႈန္းခဲ့သည္။
ျဖစ္စဥ္မွာ KIA အဖြဲ႕ႏွင့္ NLD ပါတီေထာက္ခံသူအစြန္းေရာက္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားသည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ပင္လည္ဘူးၿမိဳ႕ပတ္ဝန္းက်င္တြင္ ယာယီစခန္းမ်ား ေဆာက္လုပ္ေနထိုင္လ်က္ရွိၿပီး လမ္းမ်ားပိတ္ဆို႔ျခင္း၊ ေဒသခံျပည္သူလူထုႏွင့္ ခရီးသြားမ်ားအား အဓမၼဆက္ေၾကးေတာင္းခံျခင္းမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သတင္းရရွိ၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာ ပင္လည္ဘူးၿမိဳ႕နယ္၊ ကပႏၱာေက်း႐ြာအနီး၌ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ မတ္ ၂၉ ႏွင့္ ဧၿပီ ၁ ရက္ေန႕တို႔တြင္ ေတြ႕ဆုံပစ္ခတ္ တိုက္ခိုက္မႈ ျဖစ္ပြားခဲ့သည္။
အလားတူ ဧၿပီလ ၃ ရက္ ည ၇ နာရီခန႔္တြင္ ပင္လည္ဘူးၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ ၈ မိုင္ေက်ာ္ခန႔္၊ ႏြယ္လိန္းေက်း႐ြာ၏ အေရွ႕ေျမာက္ဘက္ ၁ မိုင္ေက်ာ္ခန႔္တြင္ သြပ္ဆူးႀကိဳးကာရန္ ထားေသာ စခန္းတစ္ခုအား ရွာေဖြေဖာ္ထုတ္၍ တိုက္ခိုက္ခဲ့ရာ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ၎ျဖစ္စဥ္မ်ားတြင္ အၾကမ္းဖက္သမားမ်ားထံမွ ေျပာက္က်ား ယူနီေဖာင္းဝတ္အေလာင္း ၂ ေလာင္း၊ M-22 ၂ လက္၊ KIA ထုတ္ ၄၀ မမ ဗုံးပစ္ေလာင္ခ်ာ ၁ လက္၊ M-၇၉ ဗုံးပစ္ေလာင္ခ်ာ ၁ လက္၊ လက္လုပ္တစ္ေထာင့္ထိုး ေသနတ္ ၁ လက္၊ M-22 က်ည္ ၅၉ ေတာင့္၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ M22 က်ည္အိမ္ ၅ ခု၊ ၇.၆၂ က်ည္ ၁၃၁ ေတာင့္၊ လက္လုပ္လက္ပစ္ဗုံး ၂ လုံး၊ လမ္းေလွ်ာက္ စကားေျပာစက္ ၂ လုံး၊ ေျပာက္က်ားယူနီေဖာင္း ၁ စုံႏွင့္ အသုံးအေဆာင္ ပစၥည္းမ်ားသိမ္းပိုက္ ရရွိခဲ့သည္။
ဆက္လက္၍ ေဒသခံျပည္သူတို႔၏ သတင္းေပးပို႔မႈအရ ပင္လည္ဘူးၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ ၉ မိုင္ခန႔္၊ ႏြယ္လိန္း႐ြာ၏ အေရွ႕ေျမာက္ဘက္ ၂ မိုင္ခန႔္ရွိ အၾကမ္းဖက္အဖြဲ႕မ်ား ခိုေအာင္းေနသည့္ စခန္းအား ဧၿပီလ ၄ ရက္ နံနက္ ၁၁ နာရီ ၃၀ မိနစ္ခန႔္တြင္ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ ေသာင္းက်န္းသူ အင္အား ၁၅၀ ဦးခန႔္ႏွင့္ ထပ္မံထိေတြ႕ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ၿခံစည္းရိုးက်ားလန္ ၁ ထပ္ ကာရံထားေသာ စခန္း ၁ ခုႏွင့္ ေျပာက္က်ား ယူနီေဖာင္းဝတ္ဆင္ထားေသာ အေလာင္း ၂ ေလာင္း၊ တစ္ေတာင့္ထိုး ေသနတ္ ၈ လက္၊ M-22 က်ည္အိမ္ ၁၈ ခု၊ M-22 က်ည္ ၁၃၅ ေတာင့္၊ လက္လုပ္ ေသနတ္ ၂ လက္၊ စနိုက္ပါ မွန္ေျပာင္း ၁ ခုႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္း ရရွိခဲ့သည္။
ထိုသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ ေသာင္းက်န္းသူစခန္းမ်ားအား သြားေရာက္တိုက္ခိုက္ ေခ်မႈန္းစဥ္ အၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္ ပင္လည္ဘူးၿမိဳ႕အတြင္းသို႔ ဝင္ေရာက္၍ ေဆး႐ုံ၊ စာသင္ေက်ာင္း၊ မီးသတ္အေဆာက္အဦ၊ ျမန္မာ့စီးပြားေရးဘဏ္၊ ဘုရားကုန္းႏွင့္ လူေန အေဆာက္အဦမ်ားကို အကာအကြယ္ယူကာ နယ္ေျမခံရဲစခန္းႏွင့္ ၿမိဳ႕တြင္းတြင္ လုံၿခဳံေရးေဆာင္႐ြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားအား သာလြန္အင္အားျဖင့္ တိုက္ခိုက္ခဲ့သျဖင့္ ဧၿပီ ၉ ရက္ေန႕ တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပင္လည္ဘူးၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ ေနရာမ်ားအား ဝိုင္းဝန္း ပိတ္ဆို႔တိုက္ခိုက္ေခ်မႈန္းခဲ့ရာ ဧၿပီ ၁၀ ရက္ေန႕တြင္ အၾကမ္းဖက္အဖြဲ႕မ်ားသည္ ေသေၾက ထိခိုက္ဒဏ္ရာရရွိမႈမ်ားစြာျဖင့္ ပင္လည္ဘူးၿမိဳ႕၏ ေျမာက္ဘက္သို႔ ဖရိုဖရဲျဖင့္ ဆုတ္ခြာထြက္ေျပး သြားခဲ့သည္။
ျဖစ္စဥ္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ က်ဆဳံး/ဒဏ္ရာရွိမႈရွိခဲ့ၿပီး အၾကမ္းဖက္သူမ်ားထံမွ KIA/PDF လက္ေမာင္းတံဆိပ္ပါ ေျပာက္က်ားဝတ္အေလာင္း ၄ ေလာင္း၊ အားကစားဝတ္စုံ ဝတ္ဆင္ထားေသာ အေလာင္း ၄ ေလာင္း စုစုေပါင္း အေလာင္း ၈ ေလာင္း၊ M-22 ေသနတ္ ၅ လက္၊ AK-47 ေသနတ္ ၂ လက္၊ KIA ထုတ္ ၄ဝ မမဆုံလည္ ၁ လက္၊ ၇.၆၂ မမ စနိုက္ပါ ၁ လက္၊ M-22 က်ည္အိမ္ ၂၂ ခု၊ M-22 က်ည္ ၁၃၄၅ ေတာင့္၊ ၇.၆၂ မမ စနိုက္ပါက်ည္ ၁၁၅ ေတာင့္၊ ၄ဝ မမ ဗုံးသီး ၉ လုံး၊ KIA ႀကိဳးဆြဲလက္ပစ္ဗုံး ၁၉ လုံး၊ ၆၀ မမဗုံးသီး ၁၇ လုံး၊ လက္ပစ္ဗုံး ၁ လုံး တို႔အား သိမ္းဆည္းရမိခဲ့သည္။
သိမ္းဆည္းရမိသည့္ အၾကမ္းဖက္သမားမ်ား၏ အေလာင္းအခ်ိဳ႕တြင္ စိတ္ႂကြ႐ူးသြပ္ေဆး သုံးစြဲထားသည့္ လကၡဏာမ်ားေတြ႕ရွိရၿပီး သိမ္းပိုက္ရရွိခဲ့ေသာ စခန္းမ်ားအတြင္း၌လည္း မူးယစ္ေဆးဝါးအခ်ိဳ႕ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
#mhtnews
Recent Comments