နှစ်သစ်ကူးရုံးပိတ်ရက် မဟာသင်္ကြန်ကာလအတွင်း ရှမ်းပြည်နယ် ညောင်ရွှေမြိုနှင့် အင်းလေးကန်တိုတွင် အပန်းဖြေလာရောက်လည်ပတ်သူ ပြည်တွင်းခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိ ကြောင်းသိရသည်။

အင်းလေးဒေသသို ပုံမှန်ရက်များတွင် ဘုရားဖူးဧည့်သည် သုံးရာကျော် လေးရာခန့်ရှိသော်လည်း သင်္ကြန်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ တစ်ထောင်ကျော်ခန့် လာရောက်လျှက်ရှိကာ ဖောင်တော်ဦးဘုရားကို နေ့စဉ် နံနက်အရုဏ်တက်ချိန်မှ ညနေ ၅နာရီအထိ ဖူးမြော်ခွင့်ပြုထားသော်လည်း ဘုရားဖူးဧည့်သည်များ များပြားပါက ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်သည်။

အင်းလေးဒေသသို လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် ကန်အတွင်း စက်လှေစီး ခြင်း၊ စက်လှေများဖြင့် အင်းလေးဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ အင်းတိန်ဘုရားများသို သွားရောက်ဖူးမြော်ခြင်း အပြင် နှစ်တစ်ရာကျော် ငါးဖယ်ချောင်း ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း၊ ရက်ကန်းလုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ရေပေါ်စိုက်ခင်းများ၊ မိုင်းသောက်တံတားများသို အများဆုံး သွားရောက်လည်ပတ်ကြကြောင်းသိရသည်။
#mhtnews

(Zawgyi)
“နှစ်သစ်ကူးရုံးပိတ်ရက် မဟာသင်္ကြန်ကာလ၌ အင်းလေးဒေသသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကား”

နှစ်သစ်ကူးရုံးပိတ်ရက် မဟာသင်္ကြန်ကာလအတွင်း ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် အင်းလေးကန်တို့တွင် အပန်းဖြေလာရောက်လည်ပတ်သူ ပြည်တွင်းခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိ ကြောင်းသိရသည်။

အင်းလေးဒေသသို့ ပုံမှန်ရက်များတွင် ဘုရားဖူးဧည့်သည် သုံးရာကျော် လေးရာခန့်ရှိသော်လည်း သင်္ကြန်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ တစ်ထောင်ကျော်ခန့် လာရောက်လျှက်ရှိကာ ဖောင်တော်ဦးဘုရားကို နေ့စဉ် နံနက်အရုဏ်တက်ချိန်မှ ညနေ ၅နာရီအထိ ဖူးမြော်ခွင့်ပြုထားသော်လည်း ဘုရားဖူးဧည့်သည်များ များပြားပါက ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်သည်။

အင်းလေးဒေသသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် ကန်အတွင်း စက်လှေစီး ခြင်း၊ စက်လှေများဖြင့် အင်းလေးဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ အင်းတိန်ဘုရားများသို့ သွားရောက်ဖူးမြော်ခြင်း အပြင် နှစ်တစ်ရာကျော် ငါးဖယ်ချောင်း ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း၊ ရက်ကန်းလုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ရေပေါ်စိုက်ခင်းများ၊ မိုင်းသောက်တံတားများသို့ အများဆုံး သွားရောက်လည်ပတ်ကြကြောင်းသိရသည်။
#mhtnews