
နေပြည်တော်အတွင်း ဖောက်ခွဲမှုများဆောင်ရွက်နေသည့် တရားခံ ၆ ဦး လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီလ ၅ ရက် နေ့လည်ပိုင်းက ထွန်းထွန်းဝင်း (ခ)ပျံလွှား(ခ)ယံလေး(၄၃)နှစ်၊ တပ်ကုန်းမြို့နယ်၊ ပင်းစုကျေးရွာနေသူကို RETAY 84 FS အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၂၄ တောင့်၊ ဒီတိုနေတာ ၁၃၈ ခု၊ လက်လုပ်မိုင်း ၃ လုံး၊ ယမ်းကြိုး ၁ ခွေနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိတရားခံ ထွန်းထွန်းဝင်း(ခ)ပျံလွှား(ခ)ယံလေး ၏ ထွက်ဆိုချက်အရ ညပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ပုလဲငွေရောင် ဓာတ်မြေဩဇာဆိုင်သို့ သွားရောက်ရှာဖွေခဲ့ရာ ဆိုင်ပိုင်ရှင် ထက်လွင်(၃၆)နှစ်ကို ၉ မမ ကျည် ၁၉ တောင့်၊ ယမ်းကြိုး ၄ ခွေ၊ ဒီတိုနေတာ ၃၀၀ ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည့်အပြင် သန်းထွန်းနောင်(၄၀)နှစ်နှင့် ချစ်စံပယ်(၄၁)နှစ်တို့အား ၉ မမ ပစ္စတိုကျည် ၃၂ တောင့်၊ လက်လုပ်မိုင်းမျိုးစုံ ၃၁ လုံး၊ ယမ်းကြိုး ၁ ခွေ၊ ယမ်းစိမ်း ၁ ထုပ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ဧပြီ ၆ ရက် နံနက်ပိုင်းတွင် ဆက်စပ်တရားခံများဖြစ်သည့် အောင်ကိုဦး(၄၅)နှစ်နှင့် အေးအေးခိုင်(၄၆)နှစ်တို့အား တပ်ကုန်းမြို့နယ်၊ ဘူတာရွာ၌ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ ပေါင်း ၆ ဦးတို့အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၇၅ တောင့်၊ ဒီတိုနေတာ ၄၃၈ ခု၊ လက်လုပ်မိုင်း ၃၄ လုံး၊ ယမ်းကြိုး ၆ ခွေ၊ ယမ်းစိမ်း ၁ ထုပ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံး ပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ေနျပည္ေတာ္အတြင္း ေဖာက္ခြဲမႈမ်ားေဆာင္႐ြက္ေနသည့္ တရားခံ ၆ ဦးကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ”
ေနျပည္ေတာ္အတြင္း ေဖာက္ခြဲမႈမ်ားေဆာင္႐ြက္ေနသည့္ တရားခံ ၆ ဦး လက္နက္ခဲယမ္းမ်ားႏွင့္ ဖမ္းဆီးရမိေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဧၿပီလ ၅ ရက္ ေန႕လည္ပိုင္းက ထြန္းထြန္းဝင္း (ခ)ပ်ံလႊား(ခ)ယံေလး(၄၃)ႏွစ္၊ တပ္ကုန္းၿမိဳ႕နယ္၊ ပင္းစုေက်း႐ြာေနသူကို RETAY 84 FS အမ်ိဳးအစား ပစၥတို ၁ လက္၊ က်ည္အိမ္ ၁ ခု၊ ၉ မမ က်ည္ ၂၄ ေတာင့္၊ ဒီတိုေနတာ ၁၃၈ ခု၊ လက္လုပ္မိုင္း ၃ လုံး၊ ယမ္းႀကိဳး ၁ ေခြႏွင့္ လက္လုပ္မိုင္းျပဳလုပ္ရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
ဖမ္းဆီးရမိတရားခံ ထြန္းထြန္းဝင္း(ခ)ပ်ံလႊား(ခ)ယံေလး ၏ ထြက္ဆိုခ်က္အရ ညပိုင္းတြင္ တပ္ကုန္းၿမိဳ႕နယ္၊ ဗိုလ္မင္းေရာင္ရပ္ကြက္ရွိ ပုလဲေငြေရာင္ ဓာတ္ေျမဩဇာဆိုင္သို႔ သြားေရာက္ရွာေဖြခဲ့ရာ ဆိုင္ပိုင္ရွင္ ထက္လြင္(၃၆)ႏွစ္ကို ၉ မမ က်ည္ ၁၉ ေတာင့္၊ ယမ္းႀကိဳး ၄ ေခြ၊ ဒီတိုေနတာ ၃၀၀ ခုတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သည့္အျပင္ သန္းထြန္းေနာင္(၄၀)ႏွစ္ႏွင့္ ခ်စ္စံပယ္(၄၁)ႏွစ္တို႔အား ၉ မမ ပစၥတိုက်ည္ ၃၂ ေတာင့္၊ လက္လုပ္မိုင္းမ်ိဳးစုံ ၃၁ လုံး၊ ယမ္းႀကိဳး ၁ ေခြ၊ ယမ္းစိမ္း ၁ ထုပ္ႏွင့္ လက္လုပ္မိုင္း ျပဳလုပ္ရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ကာ ဧၿပီ ၆ ရက္ နံနက္ပိုင္းတြင္ ဆက္စပ္တရားခံမ်ားျဖစ္သည့္ ေအာင္ကိုဦး(၄၅)ႏွစ္ႏွင့္ ေအးေအးခိုင္(၄၆)ႏွစ္တို႔အား တပ္ကုန္းၿမိဳ႕နယ္၊ ဘူတာ႐ြာ၌ ဖမ္းဆီးရမိခဲ့သည္။
ျဖစ္စဥ္တြင္ တရားခံ အမ်ိဳးသား ၄ ဦး၊ အမ်ိဳးသမီး ၂ ဦး၊ ေပါင္း ၆ ဦးတို႔အား ပစၥတို ၁ လက္၊ က်ည္အိမ္ ၁ ခု၊ ၉ မမ က်ည္ ၇၅ ေတာင့္၊ ဒီတိုေနတာ ၄၃၈ ခု၊ လက္လုပ္မိုင္း ၃၄ လုံး၊ ယမ္းႀကိဳး ၆ ေခြ၊ ယမ္းစိမ္း ၁ ထုပ္ႏွင့္ လက္လုပ္မိုင္း ျပဳလုပ္ရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ား လက္လုပ္မိုင္း ျပဳလုပ္ရာတြင္ အသုံး ျပဳေသာ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments