နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများအပေါ် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှ ၎င်းအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ကော်မတီဝင်(၅)ဟောင်း ဦးဆန်းနိုင်တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဒီပရပ်ကွက်ရှိ မြေကွက် ၉၆ ကွက် ဖော်ထုတ်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့ကို ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ် မေ ၄ ရက် ရက်စွဲပါစာအမှတ်၊ ၁၂၆(၁)/၈/သမ္မတရုံးဖြင့် ထုတ်ပြန်ထားသော နိုင်ငံတော်ပိုင်မြေကွက်များ ရောင်းချရငွေများကို နိုင်ငံတော်သို့သာ ပေးအပ်ရန်ဟူသော ညွှန်ကြားချက်နှင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တို့ကို လိုက်နာခြင်းမရှိဘဲ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အထွေထွေမြေကွက်များ ရောင်းချရသည့်ငွေမှ ငွေကျပ် သိန်း ၁၈၀၀၀ ကျော်ကို သုံးစွဲခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ငွေကျပ် သိန်း ၁၈၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ရသည့်အပြင် အဆိုပါ မြေကွက် ၉၆ ကွက် ဖော်ထုတ်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းတို့ကို ဆောင်ရွက်ရာတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန်မလိုသည့် ပုဂ္ဂလိကပိုင်မြေ ၉၆ ကွက်ကို မြေကြီး Level ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေကျပ်သိန်း ၇၈၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။

ထို့အပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ကော်မတီဝင်(၅)ဟောင်း ဦးဆန်းနိုင်တို့သည် ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင် တောရကျောင်းအနီး မြေကွက် ၃၅ ကွက် ဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန်မလိုသည့် ပုဂ္ဂလိကပိုင်မြေ ၃၅ ကွက်ကို မြေကြီး Level ညှိခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေကျပ် သိန်း ၃၉၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။

၎င်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့သည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မိုးသောက်ပန်းလမ်းအတွင်းရှိ မြေ ၀ ဒသမ ၇၅ ဧကကို စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်မည့် ပုဂ္ဂိုလ်တစ်ဦးကို ခွင့်ပြုချထားပေးခဲ့ရာတွင် နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၉ အရ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူမှုမရှိခြင်း၊ အများပြည်သူများသို့ စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest- EOI)ခေါ်ယူပြီး ပွင့်လင်းမြင်သာစွာ ကြော်ငြာရောင်းချမှုမရှိဘဲ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးဖြင့်သာ ဆုံးဖြတ်၍ ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ငွေကျပ် သိန်း ၅၀၀ ခန့် နစ်နာခဲ့ကြောင်း။

ထို့အပြင်လည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့သည် နေပြည်တော်မြို့မဈေး အငြိမ်းစားဝန်ထမ်းအိမ်ယာအနီး ပျဉ်းမနား-တောင်ညိုလမ်း၏ တောင်ဘက်ရှိ မြေဧက ငါးဧကကျော်ကို Shopping Mall ဖွင့်လှစ်လုပ်ကိုင်နိုင်ရန် ကုမ္ပဏီတစ်ခုသို့ ရောင်းချပေးရာတွင် နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၉ အရ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူမှုမရှိခြင်း၊ အများပြည်သူများသို့ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest- EOI) ခေါ်ယူ၍ ပွင့်လင်းမြင်သာစွာ ကြော်ငြာ၍ ရောင်းချမှုမရှိဘဲ မြေငါးဧကကို တစ်ဧကလျှင် ငွေကျပ် သိန်း ၁၀၀၀ နှုန်းဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးဖြင့်သာ ဆုံးဖြတ်၍ ရောင်းချခဲ့ခြင်းကြောင့် နိုင်ငံတော်မှစုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀၀ ခန့် နစ်နာခဲ့ကြောင်းတို့ စစ်ဆေးပေါ်ပေါက်သဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယ မြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် ကော်မတီဝင်(၅)ဟောင်း ဦးဆန်းနိုင် တို့အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်ကောင်စီနယ်မြေ အမှတ်(၁) မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

#mhtnews

(Zawgyi)

“ေနျပည္ေတာ္စည္ပင္ဥကၠ႒ႏွင့္ ၿမိဳ႕ေတာ္ဝန္ေဟာင္း ေဒါက္တာမ်ိဳးေအာင္၊ ဒုတိယဥကၠ႒ေဟာင္း ဦးရဲမင္းဦးႏွင့္ ေကာ္မတီဝင္ေဟာင္း ဦးဆန္းနိုင္တို႔အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္အေရးယူ”

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူမ်ားအေပၚ တိုင္ၾကားျခင္းႏွင့္ စပ္လ်ဥ္း၍ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာမွ ၎အဖြဲ႕၏ စစ္ေဆးေတြ႕ရွိခ်က္အရ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ႏွင့္ ၿမိဳ႕ေတာ္ဝန္ေဟာင္း ေဒါက္တာမ်ိဳးေအာင္၊ ေကာ္မတီဝင္(၅)ေဟာင္း ဦးဆန္းနိုင္တို႔သည္ နိုင္ငံေရးရာထူးလက္ရွိျဖစ္ခဲ့စဥ္က ပုဗၺသီရိၿမိဳ႕နယ္၊ ဉာဏဒီပရပ္ကြက္ရွိ ေျမကြက္ ၉၆ ကြက္ ေဖာ္ထုတ္ျခင္းႏွင့္ ေရပိုက္လိုင္းသြယ္တန္းျခင္းတို႔ကို ေဆာင္႐ြက္ရာတြင္ နိုင္ငံေတာ္သမၼတ႐ုံး၏ ၂၀၁၈ ခုႏွစ္ ေမ ၄ ရက္ ရက္စြဲပါစာအမွတ္၊ ၁၂၆(၁)/၈/သမၼတ႐ုံးျဖင့္ ထုတ္ျပန္ထားေသာ နိုင္ငံေတာ္ပိုင္ေျမကြက္မ်ား ေရာင္းခ်ရေငြမ်ားကို နိုင္ငံေတာ္သို႔သာ ေပးအပ္ရန္ဟူေသာ ၫႊန္ၾကားခ်က္ႏွင့္ နိုင္ငံေတာ္သမၼတ႐ုံး၏ ၫႊန္ၾကားခ်က္အမွတ္ ၁/၂၀၁၇ တို႔ကို လိုက္နာျခင္းမရွိဘဲ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ အေထြေထြေျမကြက္မ်ား ေရာင္းခ်ရသည့္ေငြမွ ေငြက်ပ္ သိန္း ၁၈၀၀၀ ေက်ာ္ကို သုံးစြဲခဲ့ျခင္းေၾကာင့္ နိုင္ငံေတာ္အေနျဖင့္ ေငြက်ပ္ သိန္း ၁၈၀၀၀ ေက်ာ္ နစ္နာဆုံးရႈံးခဲ့ရသည့္အျပင္ အဆိုပါ ေျမကြက္ ၉၆ ကြက္ ေဖာ္ထုတ္ျခင္းႏွင့္ ေရပိုက္လိုင္းသြယ္တန္းျခင္းတို႔ကို ေဆာင္႐ြက္ရာတြင္ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ေဆာင္႐ြက္ေပးရန္မလိုသည့္ ပုဂၢလိကပိုင္ေျမ ၉၆ ကြက္ကို ေျမႀကီး Level ညွိျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ နိုင္ငံေတာ္အေနျဖင့္ ျပည္သူ႕ဘ႑ာေငြက်ပ္သိန္း ၇၈၀၀ ေက်ာ္ နစ္နာဆုံးရႈံးခဲ့ေၾကာင္း။

ထို႔အျပင္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ႏွင့္ ၿမိဳ႕ေတာ္ဝန္ေဟာင္း ေဒါက္တာမ်ိဳးေအာင္၊ ေကာ္မတီဝင္(၅)ေဟာင္း ဦးဆန္းနိုင္တို႔သည္ ဒကၡိဏသီရိၿမိဳ႕နယ္၊ ထန္းတပင္ ေတာရေက်ာင္းအနီး ေျမကြက္ ၃၅ ကြက္ ေဖာ္ထုတ္ျခင္းလုပ္ငန္းေဆာင္႐ြက္ရာတြင္ ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာ္မတီအေနျဖင့္ ေဆာင္႐ြက္ေပးရန္မလိုသည့္ ပုဂၢလိကပိုင္ေျမ ၃၅ ကြက္ကို ေျမႀကီး Level ညွိျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ နိုင္ငံေတာ္အေနျဖင့္ ျပည္သူ႕ဘ႑ာေငြက်ပ္ သိန္း ၃၉၀၀ ေက်ာ္ နစ္နာဆုံးရႈံးခဲ့ေၾကာင္း။

၎ေနာက္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ႏွင့္ ၿမိဳ႕ေတာ္ဝန္ေဟာင္း ေဒါက္တာမ်ိဳးေအာင္၊ ဒုတိယၿမိဳ႕ေတာ္ဝန္ေဟာင္း ဦးရဲမင္းဦးတို႔သည္ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ မိုးေသာက္ပန္းလမ္းအတြင္းရွိ ေျမ ၀ ဒသမ ၇၅ ဧကကို စားေသာက္ဆိုင္လုပ္ငန္းလုပ္ကိုင္မည့္ ပုဂၢိုလ္တစ္ဦးကို ခြင့္ျပဳခ်ထားေပးခဲ့ရာတြင္ ေနျပည္ေတာ္စည္ပင္သာယာေရးဥပေဒပုဒ္မ ၂၉ အရ နိုင္ငံေတာ္သမၼတ႐ုံးသို႔ တင္ျပခြင့္ျပဳခ်က္ရယူမႈမရွိျခင္း၊ အမ်ားျပည္သူမ်ားသို႔ စိတ္ဝင္စားမႈ အဆိုျပဳလႊာ (Expression of Interest- EOI)ေခၚယူၿပီး ပြင့္လင္းျမင္သာစြာ ေၾကာ္ျငာေရာင္းခ်မႈမရွိဘဲ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ စီမံခန႔္ခြဲမႈ အစည္းအေဝးျဖင့္သာ ဆုံးျဖတ္၍ ေငြက်ပ္ သိန္း ၁၀၀၀ ႏႈန္းျဖင့္ ေရာင္းခ်ခဲ့ျခင္းေၾကာင့္ နိုင္ငံေတာ္မွ ေငြက်ပ္ သိန္း ၅၀၀ ခန႔္ နစ္နာခဲ့ေၾကာင္း။

ထို႔အျပင္လည္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီဥကၠ႒ႏွင့္ ၿမိဳ႕ေတာ္ဝန္ေဟာင္း ေဒါက္တာမ်ိဳးေအာင္၊ ဒုတိယၿမိဳ႕ေတာ္ဝန္ေဟာင္း ဦးရဲမင္းဦးတို႔သည္ ေနျပည္ေတာ္ၿမိဳ႕မေဈး အၿငိမ္းစားဝန္ထမ္းအိမ္ယာအနီး ပ်ဥ္းမနား-ေတာင္ညိုလမ္း၏ ေတာင္ဘက္ရွိ ေျမဧက ငါးဧကေက်ာ္ကို Shopping Mall ဖြင့္လွစ္လုပ္ကိုင္နိုင္ရန္ ကုမၸဏီတစ္ခုသို႔ ေရာင္းခ်ေပးရာတြင္ ေနျပည္ေတာ္စည္ပင္သာယာေရးဥပေဒပုဒ္မ ၂၉ အရ နိုင္ငံေတာ္သမၼတ႐ုံးသို႔ တင္ျပခြင့္ျပဳခ်က္ရယူမႈမရွိျခင္း၊ အမ်ားျပည္သူမ်ားသို႔ စိတ္ဝင္စားမႈအဆိုျပဳလႊာ (Expression of Interest- EOI) ေခၚယူ၍ ပြင့္လင္းျမင္သာစြာ ေၾကာ္ျငာ၍ ေရာင္းခ်မႈမရွိဘဲ ေျမငါးဧကကို တစ္ဧကလွ်င္ ေငြက်ပ္ သိန္း ၁၀၀၀ ႏႈန္းျဖင့္ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ စီမံခန႔္ခြဲမႈ အစည္းအေဝးျဖင့္သာ ဆုံးျဖတ္၍ ေရာင္းခ်ခဲ့ျခင္းေၾကာင့္ နိုင္ငံေတာ္မွစုစုေပါင္း ေငြက်ပ္သိန္း ၂၀၀၀၀ ခန႔္ နစ္နာခဲ့ေၾကာင္းတို႔ စစ္ေဆးေပၚေပါက္သျဖင့္ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ႏွင့္ ၿမိဳ႕ေတာ္ဝန္ေဟာင္း ေဒါက္တာမ်ိဳးေအာင္၊ ဒုတိယ ၿမိဳ႕ေတာ္ဝန္ေဟာင္း ဦးရဲမင္းဦးႏွင့္ ေကာ္မတီဝင္(၅)ေဟာင္း ဦးဆန္းနိုင္ တို႔အေပၚ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ အရ ေနျပည္ေတာ္ေကာင္စီနယ္ေျမ အမွတ္(၁) ၿမိဳ႕မရဲစခန္းတြင္ ယေန႕ရက္စြဲျဖင့္ ပထမသတင္းေပးတိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲဆို အေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ သိရသည္။

#mhtnews