
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့ပါသည်။
အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး (၇၅) နှစ်တာကာလအတွင်း လွတ်လပ် ရေး၏ အနှစ်သာရများကို တိုင်းရင်းသားများ အပြည့်အဝ မခံစားရသေးသောကြောင့် ၂၀၂၂ ခုနှစ် အတွင်း တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေးရရှိစေရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲများဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ အသီးသီးမှ ခေါင်းဆောင်များ ကိုယ်တိုင်နှင့် အဖွဲဝင် (၂) ဦးစီ တက်ရောက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်၏ တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသား ပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် ကမ်းလှမ်းနှိးဆော်ချက် ဖြစ်သဖြင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအသင်း(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တို့နှင့် နိုင်ငံရေးပါတီများမှ ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သိရှိရသည်။
#mhtnews
===========================
(Zawgyi)
“နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိင္၏ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ေျပာၾကားသည့္ မိန႔္ခြန္းကို ျမန္မာနိုင္ငံ ဟာသပညာရွင္မ်ားအသင္း(ဗဟို)အပါအဝင္ အသင္းအဖြဲ႕ ၅ ခုႏွင့္ နိုင္ငံေရးပါတီမ်ားမွ ေထာက္ခံေၾကာင္း စာထုတ္ျပန္”
နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိင္သည္ ၂၀၂၂ ခုႏွစ္၊ ဧၿပီလ(၂)ရက္ေန႕တြင္ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္၍ မိန႔္ခြန္းတစ္ခုကို ေျပာၾကားခဲ့ပါသည္။
အဆိုပါ မိန႔္ခြန္းတြင္ ျမန္မာနိုင္ငံ လြတ္လပ္ေရးရရွိၿပီး (၇၅) ႏွစ္တာကာလအတြင္း လြတ္လပ္ ေရး၏ အႏွစ္သာရမ်ားကို တိုင္းရင္းသားမ်ား အျပည့္အဝ မခံစားရေသးေသာေၾကာင့္ ၂၀၂၂ ခုႏွစ္ အတြင္း တစ္နိုင္ငံလုံးတြင္ ၿငိမ္းခ်မ္းေရးရရွိေစရန္ႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေစရန္ ရည္႐ြယ္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲမ်ားျဖင့္ ေတြ႕ဆုံေဆြးႏြေးမႈမ်ား ေဆာင္႐ြက္သြားမည္ျဖစ္သျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ အသီးသီးမွ ေခါင္းေဆာင္မ်ား ကိုယ္တိုင္ႏွင့္ အဖြဲဝင္ (၂) ဦးစီ တက္ေရာက္ေပးၾကရန္ တိုက္တြန္းေျပာၾကားခဲ့သည္။
နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိင္၏ တိုက္တြန္းေျပာၾကားခ်က္သည္ တိုင္းရင္းသား ျပည္သူမ်ားအားလုံး လိုလားေတာင့္တလ်က္ရွိသည့္ စစ္မွန္၍ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိေစရန္ ကမ္းလွမ္းႏွိးေဆာ္ခ်က္ ျဖစ္သျဖင့္ ျမန္မာနိုင္ငံစာေရးဆရာမ်ားအသင္း၊ ျမန္မာနိုင္ငံ ဟာသပညာရွင္မ်ားအသင္း(ဗဟို)၊ ျမန္မာနိုင္ငံဂီတအစည္းအ႐ုံး(ဗဟို)၊ ဗုဒၶဘာသာကလ်ာဏယုဝအသင္း(YMBA) ႏွင့္ ျမန္မာနိုင္ငံ သတင္းမီဒီယာေကာင္စီ တို႔ႏွင့္ နိုင္ငံေရးပါတီမ်ားမွ ေထာက္ခံေၾကာင္း သေဘာထားထုတ္ျပန္ခ်က္မ်ား အသီးသီး ထုတ္ျပန္ခဲ့ၾကေၾကာင္း သိရွိရသည္။
#mhtnews
Recent Comments