နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ဘူတာကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများ လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘူတာအတွင်းအပြင် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုသည့် အခြေအနေများ၊ ပြင်ဦးလွင်ဘူတာရုံ အဆောက်အဦသည် ရှေးဟောင်းအဆောက်အဦဖြစ်သဖြင့် ရှေးမူမပြတ်ထိန်းသိမ်း၍ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းရန်လိုအပ်သည့် အခြေအနေများ၊ ရထားတွဲများနှင့် ရထားသံလမ်းများကို အဆင့်မြှင့် တင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားသည်။

အဆိုပါ ပြင်ဦးလွင်ဘူတာကြီးသည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)၊ အောင်ဇေယျလမ်းတွင်တည်ရှိပြီး ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၀၆ ပေတွင်ရှိကြောင်း၊ မန္တလေး-ပြင်ဦးလွင်နောင်ချို-သီပေါ-လားရှိုး မီးရထားလမ်းပိုင်းပေါ်တွင်တည်ရှိပြီး ဒေသခံပြည်သူတို့၏ ခရီးသွားလာရေး နှင့် ကုန်စည်စီးဆင်းမှုများကို အထောက်အကူများစွာဖြစ်စေခဲ့သည့် နှစ်ပေါင်း ၁၂၃ နှစ်ရှိပြီဖြစ်သည့် မီးရထားဘူတာကြီးတစ်ခုလည်းဖြစ်ကြောင်း၊ ဘူတာရုံအဆောက်အဦနှင့် အပြင်အဆင်ပိုင်းအားလုံးကို ရှေးမူလက်ရာမပြတ်သာ ထိန်းသိမ်းထားရှိကြောင်းနှင့် ဘူတာရုံဧည့်ခန်းအတွင်း မီးရထားနှင့် ပတ်သက်သည့် ဓာတ်ပုံ သမိုင်းမှတ်တမ်းများကိုလည်း ချိတ်ဆွဲပြသထားရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ျပင္ဦးလြင္ဘူတာႀကီးသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး၍ ေရွးေဟာင္းအေဆာက္အဦျဖစ္သည့္ ျပင္ဦးလြင္ဘူတာ႐ုံအေဆာက္အဦးကို ေရွးမူမျပတ္ထိန္းသိမ္း၍ ေရရွည္တည္တံ့ေစေရး ထိန္းသိမ္းရန္လိုအပ္သည္မ်ားကို မွာၾကား”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ တာဝန္ရွိသူမ်ားသည္ ယမန္ေန႕နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕ ဘူတာႀကီးသို႔ သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ရာ ျပည္ေထာင္စုဝန္ႀကီး၊ ျမန္မာ့မီးရထား ဦးေဆာင္ၫႊန္ၾကားေရးမႉး သူရဦးေအာင္မ်ိဳးျမင့္ႏွင့္ တာဝန္ရွိသူမ်ား လိုက္လံရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ဘူတာအတြင္းအျပင္ ပတ္ဝန္းက်င္ သန႔္ရွင္းသာယာလွပေရး ထိန္းသိမ္းေဆာင္႐ြက္ရန္လိုသည့္ အေျခအေနမ်ား၊ ျပင္ဦးလြင္ဘူတာ႐ုံ အေဆာက္အဦသည္ ေရွးေဟာင္းအေဆာက္အဦျဖစ္သျဖင့္ ေရွးမူမျပတ္ထိန္းသိမ္း၍ ေရရွည္တည္တံ့ေစေရး ထိန္းသိမ္းရန္လိုအပ္သည့္ အေျခအေနမ်ား၊ ရထားတြဲမ်ားႏွင့္ ရထားသံလမ္းမ်ားကို အဆင့္ျမႇင့္ တင္ေဆာင္႐ြက္နိုင္မည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေဆြးႏြေးမွာၾကားသည္။

အဆိုပါ ျပင္ဦးလြင္ဘူတာႀကီးသည္ ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး(၇)၊ ေအာင္ေဇယ်လမ္းတြင္တည္ရွိၿပီး ၁၈၉၉ ခုႏွစ္တြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ကာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၃၅၀၆ ေပတြင္ရွိေၾကာင္း၊ မႏၱေလး-ျပင္ဦးလြင္ေနာင္ခ်ိဳ-သီေပါ-လားရွိုး မီးရထားလမ္းပိုင္းေပၚတြင္တည္ရွိၿပီး ေဒသခံျပည္သူတို႔၏ ခရီးသြားလာေရး ႏွင့္ ကုန္စည္စီးဆင္းမႈမ်ားကို အေထာက္အကူမ်ားစြာျဖစ္ေစခဲ့သည့္ ႏွစ္ေပါင္း ၁၂၃ ႏွစ္ရွိၿပီျဖစ္သည့္ မီးရထားဘူတာႀကီးတစ္ခုလည္းျဖစ္ေၾကာင္း၊ ဘူတာ႐ုံအေဆာက္အဦႏွင့္ အျပင္အဆင္ပိုင္းအားလုံးကို ေရွးမူလက္ရာမျပတ္သာ ထိန္းသိမ္းထားရွိေၾကာင္းႏွင့္ ဘူတာ႐ုံဧည့္ခန္းအတြင္း မီးရထားႏွင့္ ပတ္သက္သည့္ ဓာတ္ပုံ သမိုင္းမွတ္တမ္းမ်ားကိုလည္း ခ်ိတ္ဆြဲျပသထားရွိေၾကာင္း သိရသည္။

#mhtnews