(၅၈) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်-မြန်မာ သက္ကရာဇ် ၁၃၈၄-ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဦးဥတ္တမခန်းမ၌ ကျင်းပရာ စစ်တွေမြို့ပေါ်မှ သက်ကြီးအဘိုး၊ အဘွားများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ် မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကော်မတီဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် အလှူရှင်များတက်ရောက်ပူဇော်ကြသည်။

မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်ရိုးရာမင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပြီး မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီစာရင်းစစ်မှူး၊ ဦးစံညွန့်က မင်္ဂလာဩဘာရတုဖြင့် ရွတ်ဆိုပူဇော်ကာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစံသာမောင်က သက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းအမှူးပြုသော ဧည့်ပရိတ်သတ်များက သက်ကြီးအဘိုး၊ အဘွားများအား လက်အုပ်ချီမိုး ဦးချပူဇော်ကန်တော့ကသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သက်ကြီးအဘိုး၊ အဘွား များအား မင်္ဂလာရေစင်ဖြင့် ပက်ဖျန်းပူဇော်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းကြကာ မြို့လုံး ကျွတ်သက်ကြီးပူဇော်ပွဲကော်မတီနှင့် အလှူရှင်၊ စေတနာရှင်များက အဘိုး၊ အဘွားများအား အလှူငွေ နှင့်လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြသည်။ ယင်းနောက် အပူဇော်ခံအဘိုး၊ အဘွားများကိုယ်စား အဘိုး ဦးစောစိန်က ဆုတောင်းမေတ္တာပို့ စကားပြောကြားပြီး မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီ၊ ယဉ်ကျေးမှုကော်မတီမှ “အာရက္ခတဘောင်” ယိမ်းအကဖြင့် ဂါရဝပြုကပြ ဖျော်ဖြေပူဇော် ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းတို့က သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီနှင့်ယိမ်းအက အဖွဲ့ဝင် လူငယ်များသို့ အလှူငွေနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီမှ ယနေ့ခန်းမအတွင်းသို့ လာရောက်အပူဇော်ခံအဘိုး၊ အဘွား ၇၀ ဦးကိုပူဇော်ကြပြီး ရပ်ကွက်အသီးသီးနှင့် ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများကိုလည်း လှည့်လည် ပူဇော်သွားမည်ဖြစ်သည်။ စစ်တွေမြို့တွင် ရခိုင်ရိုးရာသက်ကြီး ပူဇော်ပွဲကျင်းပရေး ကော်မတီက အသက် ၈၀ နှင့်အထက် အဘိုး၊ အဘွားများနှင့် အသက်တစ်ရာနှစ်အထက် အဘိုး၊ အဘွား ၇ ဦးအပါအဝင် စုစုပေါင်း ၁၁၁၀ ဦး ကိုပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။

(Zawgyi)

“နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ေဒၚေအးႏုစိန္ (၅၈) ႀကိမ္ေျမာက္ စစ္ေတြၿမိဳ႕လုံးကြၽတ္ ရခိုင္ရိုးရာသက္ႀကီးပူေဇာ္ပြဲသို႔တက္ေရာက္ပူေဇာ္”

(၅၈) ႀကိမ္ေျမာက္ စစ္ေတြၿမိဳ႕လုံးကြၽတ္ ရခိုင္ရိုးရာသက္ႀကီးပူေဇာ္ပြဲအခမ္းအနားကို ရခိုင္-ျမန္မာ သကၠရာဇ္ ၁၃၈၄-ခု၊ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႕ ယေန႕နံနက္ပိုင္းက စစ္ေတြၿမိဳ႕ဦးဥတၱမခန္းမ၌ က်င္းပရာ စစ္ေတြၿမိဳ႕ေပၚမွ သက္ႀကီးအဘိုး၊ အဘြားမ်ား၊ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ေဒၚေအးႏုစိန္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္ေက်ာ္မင္းႏွင့္ ဇနီး၊ ျပည္နယ္တရား လႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ေဒၚဝါဝါထြန္း၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ စစ္ေတြတပ္နယ္မွ တပ္ မေတာ္အရာရွိႀကီးမ်ား၊ ဌာနဆိုင္ရာမ်ား၊ စစ္ေတြၿမိဳ႕လုံးကြၽတ္ သက္ႀကီးပူေဇာ္ပြဲေကာ္မတီဝင္မ်ား၊ ယိမ္းအကအဖြဲ႕မ်ားႏွင့္ အလႉရွင္မ်ားတက္ေရာက္ပူေဇာ္ၾကသည္။

ၿမိဳ႕လုံးကြၽတ္သက္ႀကီးပူေဇာ္ပြဲအခမ္းအနားကို ရခိုင္ရိုးရာမဂၤလာစည္ေတာ္တီး၍ ဖြင့္လွစ္ၿပီး ၿမိဳ႕လုံးကြၽတ္သက္ႀကီးပူေဇာ္ပြဲက်င္းပေရးေကာ္မတီစာရင္းစစ္မႉး၊ ဦးစံၫြန႔္က မဂၤလာဩဘာရတုျဖင့္ ႐ြတ္ဆိုပူေဇာ္ကာ ၿမိဳ႕လုံးကြၽတ္သက္ႀကီးပူေဇာ္ပြဲက်င္းပေရး ေကာ္မတီဥကၠ႒ ဦးစံသာေမာင္က သက္ႀကီးပူေဇာ္ပြဲက်င္းပရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားသည္။

ဆက္လက္၍ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ေဒၚေအးႏုစိန္က ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္ စကားေျပာၾကားၿပီး ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္ေက်ာ္မင္းက သက္ႀကီးပူေဇာ္ပြဲႏွင့္ ပတ္သက္၍ ဂုဏ္ျပဳ အမွာစကားေျပာၾကားသည္။ ထို႔ေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ေဒၚေအးႏုစိန္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္ေက်ာ္မင္းအမႉးျပဳေသာ ဧည့္ပရိတ္သတ္မ်ားက သက္ႀကီးအဘိုး၊ အဘြားမ်ားအား လက္အုပ္ခ်ီမိုး ဦးခ်ပဴေဇာ္ကန္ေတာ့ကသည္။ ယင္းေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္တို႔က သက္ႀကီးအဘိုး၊ အဘြား မ်ားအား မဂၤလာေရစင္ျဖင့္ ပက္ဖ်န္းပူေဇာ္ၾကၿပီး လႉဖြယ္ဝတၳဳပစၥည္းမ်ားကို လႉဒါန္းၾကကာ ၿမိဳ႕လုံး ကြၽတ္သက္ႀကီးပူေဇာ္ပြဲေကာ္မတီႏွင့္ အလႉရွင္၊ ေစတနာရွင္မ်ားက အဘိုး၊ အဘြားမ်ားအား အလႉေငြ ႏွင့္လႉဖြယ္ပစၥည္းမ်ားကို လႉဒါန္းၾကသည္။ ယင္းေနာက္ အပူေဇာ္ခံအဘိုး၊ အဘြားမ်ားကိုယ္စား အဘိုး ဦးေစာစိန္က ဆုေတာင္းေမတၱာပို႔ စကားေျပာၾကားၿပီး ၿမိဳ႕လုံးကြၽတ္ သက္ႀကီးပူေဇာ္ပြဲက်င္းပေရး ေကာ္မတီ၊ ယဥ္ေက်းမႈေကာ္မတီမွ အာရကၡတေဘာင္ ယိမ္းအကျဖင့္ ဂါရဝျပဳကျပ ေဖ်ာ္ေျဖပူေဇာ္ ၾကသည္။

ထို႔ေနာက္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ေဒၚေအးႏုစိန္ႏွင့္ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္ေက်ာ္မင္းတို႔က သက္ႀကီးပူေဇာ္ပြဲက်င္းပေရး ေကာ္မတီႏွင့္ယိမ္းအက အဖြဲ႕ဝင္ လူငယ္မ်ားသို႔ အလႉေငြႏွင့္ ဂုဏ္ျပဳဆုေငြမ်ားေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

သက္ႀကီးပူေဇာ္ပြဲက်င္းပေရးေကာ္မတီမွ ယေန႕ခန္းမအတြင္းသို႔ လာေရာက္အပူေဇာ္ခံအဘိုး၊ အဘြား ၇၀ ဦးကိုပူေဇာ္ၾကၿပီး ရပ္ကြက္အသီးသီးႏွင့္ ဘိုးဘြားရိပ္သာရွိ အဘိုး၊ အဘြားမ်ားကိုလည္း လွည့္လည္ ပူေဇာ္သြားမည္ျဖစ္သည္။ စစ္ေတြၿမိဳ႕တြင္ ရခိုင္ရိုးရာသက္ႀကီး ပူေဇာ္ပြဲက်င္းပေရး ေကာ္မတီက အသက္ ၈၀ ႏွင့္အထက္ အဘိုး၊ အဘြားမ်ားႏွင့္ အသက္တစ္ရာႏွစ္အထက္ အဘိုး၊ အဘြား ၇ ဦးအပါအဝင္ စုစုေပါင္း ၁၁၁၀ ဦး ကိုပူေဇာ္ကန္ေတာ့သြားမည္ျဖစ္ေၾကာင္း သိရသည္။