စစ်တွေမြိုနယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့် ၁၃၈၃ ခု ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်၏ ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယနေ့ မဟာသင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်) ညနေ ၄ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင်ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေကစားနေကြသည့် ပြည်သူများ ပျော်ရွှင်စွာ တက်ရောက်ကြသည်။

ပြည်နယ်အစိုးရအဖွဲမှ ကြီးမှူးဖွင့်လှစ်သည့် စစ်တွေမြိုရှိ ဗဟိုမဏ္ဍပ်ကို ဧပြီ ၁၃ရက်နေ့မှ ၁၆ရက်နေ့အထိ ၄ ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး အဆိုအကများ၊ ရိုးရာ ရေလောင်းမဏ္ဍပ်များ၊ ခေတ်မီ ရေလောင်းစနစ်များပါဝင်ပြီး လာရောက်လည်ပတ်သူ၊ ဖျော်ဖြေသူများ၊ ရေပက်ခံထွက်လည်ကြသူများဖြင့် အထူးပင်စည်ကားခဲ့ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်အေးနုစိန်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ စစ်တွေ မြို့နယ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားသို့တက်ရောက်”

စစ်တွေမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့် ၁၃၈၃ ခု ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်၏ ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယနေ့ မဟာသင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်) ညနေ ၄ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေကစားနေကြသည့် ပြည်သူများ ပျော်ရွှင်စွာ တက်ရောက်ကြသည်။

ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် စစ်တွေမြို့ရှိ ဗဟိုမဏ္ဍပ်ကို ဧပြီ ၁၃ရက်နေ့မှ ၁၆ရက်နေ့အထိ ၄ ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး အဆိုအကများ၊ ရိုးရာ ရေလောင်းမဏ္ဍပ်များ၊ ခေတ်မီ ရေလောင်းစနစ်များပါဝင်ပြီး လာရောက်လည်ပတ်သူ၊ ဖျော်ဖြေသူများ၊ ရေပက်ခံထွက်လည်ကြသူများဖြင့် အထူးပင်စည်ကားခဲ့ကြောင်း သိရသည်။
#mhtnews