
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများကလည်း မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော် ဇေယျာသီရိဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နယ်စပ်ရေးရာ ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထို့နောက် အခမ်းအနားမှူးက မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ် ကြောင်းကြေညာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ် ၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် ယိမ်းအဖွဲ့သမီးပျိုများက “မင်္ဂလာရှိသောသင်္ကြန်” သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ်များကို အောင်သပြေ ခက်ဖြင့် အတာရေပက်ဖျန်းပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာ ကြသူများကို သင်္ကြန်စတုဒိသာ အစားအစာများဖြင့် တည်ခင်းဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။
ထို့အတူ ညနေပိုင်းတွင်လည်း ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်းမဏ္ဍပ်၊ မန်ကျည်းရိပ်မဏ္ဍပ်နှင့် နေပြည်တော် မဏ္ဍပ်တို့ရှိ ရေကစားမဏ္ဍပ်များ၌ ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို သွားရောက်ဖွင့်လှစ်ပေးပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်းနှင့် အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း ျမန္မာ့ရိုးရာအတာသၾကၤန္ပြဲေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ) မိသားစု ေရကစားမ႑ပ္ ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ဖြင့္လွစ္
ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကလည္း ျမန္မာ့ရိုးရာအစဥ္အလာႏွင့္အညီ ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္ ျမန္မာ့ရိုးရာမဟာ သၾကၤန္ပြဲေတာ္ေရကစားမ႑ပ္ဖြင့္ပြဲ အခမ္းအနားကို ယမန္ေန႕ညေနပိုင္းတြင္ ေနျပည္ေတာ္ ေဇယ်ာသီရိေဂါက္ကြင္းရွိ ျမက္ခင္းျပင္၌ က်င္းပသည္။
အဆိုပါဖြင့္ပြဲအခမ္းအနားကို နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ကိုယ္စား နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ နယ္စပ္ေရးရာ ဝန္ႀကီး ဌာနျပည္ေထာင္စုဝန္ႀကီးဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ညွိႏွိုင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးထြန္းေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္ဇနီးမ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ယိမ္းအဖြဲ႕မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။
ထို႔ေနာက္ အခမ္းအနားမႉးက ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္ ျမန္မာ့ရိုးရာ မဟာသၾကၤန္ပြဲေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ) မိသားစု ေရကစားမ႑ပ္ဖြင့္ပြဲအခမ္းအနား ဖြင့္လွစ္ ေၾကာင္းေၾကညာၿပီး နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္အဖြဲ႕ဝင္တို႔က ဖဲႀကိဳးျဖတ္ ၍ ဖြင့္လွစ္ေပးသည္။
ယင္းေနာက္ ယိမ္းအဖြဲ႕သမီးပ်ိဳမ်ားက မဂၤလာရွိေသာသၾကၤန္ သီခ်င္းျဖင့္ ကျပေဖ်ာ္ေျဖၾကရာ ဖြင့္ပြဲအခမ္းအနားတက္ေရာက္လာၾကသူမ်ားက ယိမ္းအဖြဲ႕မ်ားႏွင့္ ဧည့္ပရိသတ္မ်ားကို ေအာင္သေျပ ခက္ျဖင့္ အတာေရပက္ဖ်န္းေပးၾကၿပီး အခမ္းအနားသို႔ တက္ေရာက္လာ ၾကသူမ်ားကို သၾကၤန္စတုဒိသာ အစားအစာမ်ားျဖင့္ တည္ခင္းဧည့္ခံ၍ ျမဝတီေတးဂီတအဖြဲ႕ႏွင့္အတူ နိုင္ငံေက်ာ္အႏုပညာရွင္မ်ား၊ ယိမ္းအဖြဲ႕မ်ားက ေတးသီခ်င္းမ်ား၊ ယိမ္းအကအလွမ်ားျဖင့္ သီဆိုကျပ ေဖ်ာ္ေျဖၾကသည္။
ထို႔အတူ ညေနပိုင္းတြင္လည္း ကာကြယ္ ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားက ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)ဝင္းအတြင္းရွိ အိမ္ေထာင္သည္လိုင္းမ်ားအနီးရွိ စိန္ပန္းမ႑ပ္၊ မန္က်ည္းရိပ္မ႑ပ္ႏွင့္ ေနျပည္ေတာ္ မ႑ပ္တို႔ရွိ ေရကစားမ႑ပ္မ်ား၌ ေရကစားမ႑ပ္ ဖြင့္ပြဲမ်ားကို သြားေရာက္ဖြင့္လွစ္ေပးၿပီး ေပ်ာ္႐ႊင္စြာ ပါဝင္ဆင္ႏႊဲခဲ့ၾကေၾကာင္းႏွင့္ အဆိုပါ ေရကစားမ႑ပ္မ်ားတြင္ မဟာသၾကၤန္အႀကိဳေန႕မွ အတက္ေန႕အထိ စည္ကားသိုက္ၿမိဳက္စြာျဖင့္ သၾကၤန္ယိမ္းအကအဖြဲ႕မ်ားႏွင့္ ေတးသံရွင္မ်ားက ယိမ္းအကမ်ား၊ ေတးသီခ်င္းမ်ားျဖင့္ သီဆိုကျပ ေဖ်ာ္ေျဖသြားမည္ျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments