သီရိလင်္ကာနိုင်ငံ၌ စီးပွားရေးမတည်မငြိမ်မှုကနေ စတင်ဖြစ်ပွားလာတဲ့ ဆန္ဒပြမှုတွေ အရှိန်မြင့်တက်လာခဲ့တာခဲ့ကိုထိန်းချုပ်ဖို့ အာဏာပိုင်တွေက နိုင်ငံတစ်ဝှမ်းလုံးကို ကာဖျူးအမိန့်ထုတ်ပြန်ခဲ့ပေမယ့် ဆန္ဒပြမှုတွေကတော့ နေ့စဥ်ဖြစ်ပေါ်နေတာကြောင့် သီရိလင်္ကာအစိုးရအဖွဲ့ ဝန်ကြီးတွေအားလုံးဟာ ရာထူးမှနုတ်ထွက်ကြောင်း နုတ်ထွက်စာများကို ဧပြီ ၃ ရက် ညပိုင်းက တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၃ ရက်ညပိုင်းမှာ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် Mahinda Rajapaksa နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအားလုံးက နုတ်ထွက်စာ တင်သွင်းလိုက်ပြီဖြစ်ကြောင်းနဲ့ အစိုးရအဖွဲ့သစ်ဖွဲ့စည်းဖို့ နိုင်ငံရေးပါတီများအားလုံးအတွက် လမ်းဖွင့်ပေးထားကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

သို့သော်လည်း သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် Mahinda Rajapaksa နဲ့ ပြည်နယ်ဝန်ကြီးများကတော့ ၎င်းတို့ရဲ့ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ ယနေ့ ဧပြီ ၄ ရက်မှာ နိုင်ငံတော်သို့ အထူးကြေညာချက်တစ်စောင်ထုတ်ပြန်ကြေညာသွားဖို့ရှိနေပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေး ပူးပေါင်းအားထုတ်ကြိုးပမ်းဖို့အတွက် နိုင်ငံရေးပါတီများ တိုးမြှင့်ပါဝင်နိုင်ဖို့ ဖိတ်ခေါ်မှုတစ်ခုပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“နိုင္ငံတစ္ဝွမ္း ကာဖ်ဴးအမိန့္ထုတ္ထားေသာ္လည္း ဆႏၵျပမႈမ်ား ဆက္လက္ျဖစ္ပြာေနတဲ့ သီရိလကၤာနိုင္ငံမွာ အစိုးရအဖြဲ႕ဝန္ႀကီးမ်ားအားလုံး ႏုတ္ထြက္စာတင္”

သီရိလကၤာနိုင္ငံ၌ စီးပြားေရးမတည္မၿငိမ္မႈကေန စတင္ျဖစ္ပြားလာတဲ့ ဆႏၵျပမႈေတြ အရွိန္ျမင့္တက္လာခဲ့တာခဲ့ကိုထိန္းခ်ဳပ္ဖို႔ အာဏာပိုင္ေတြက နိုင္ငံတစ္ဝွမ္းလုံးကို ကာဖ်ဴးအမိန့္ထုတ္ျပန္ခဲ့ေပမယ့္ ဆႏၵျပမႈေတြကေတာ့ ေန႕စဥ္ျဖစ္ေပၚေနတာေၾကာင့္ သီရိလကၤာအစိုးရအဖြဲ႕ ဝန္ႀကီးေတြအားလုံးဟာ ရာထူးမွႏုတ္ထြက္ေၾကာင္း ႏုတ္ထြက္စာမ်ားကို ဧၿပီ ၃ ရက္ ညပိုင္းက တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

ဧၿပီ ၃ ရက္ညပိုင္းမွာ သီရိလကၤာနိုင္ငံဝန္ႀကီးခ်ဳပ္ Mahinda Rajapaksa နဲ႕ ညွိႏွိုင္းေဆြးႏြေးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးေတြအားလုံးက ႏုတ္ထြက္စာ တင္သြင္းလိုက္ၿပီျဖစ္ေၾကာင္းနဲ႕ အစိုးရအဖြဲ႕သစ္ဖြဲ႕စည္းဖို႔ နိုင္ငံေရးပါတီမ်ားအားလုံးအတြက္ လမ္းဖြင့္ေပးထားေၾကာင္း အစိုးရအဖြဲ႕တာဝန္ရွိသူေတြက ေျပာဆိုလိုက္ပါတယ္။

သို႔ေသာ္လည္း သီရိလကၤာနိုင္ငံဝန္ႀကီးခ်ဳပ္ Mahinda Rajapaksa နဲ႕ ျပည္နယ္ဝန္ႀကီးမ်ားကေတာ့ ၎တို႔ရဲ႕ လုပ္ငန္းတာဝန္မ်ားကို ဆက္လက္ထမ္းေဆာင္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဝန္ႀကီးခ်ဳပ္အေနနဲ႕ ယေန႕ ဧၿပီ ၄ ရက္မွာ နိုင္ငံေတာ္သို႔ အထူးေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ေၾကညာသြားဖို႔ရွိေနၿပီး အစိုးရအဖြဲ႕သစ္ ဖြဲ႕စည္းေရး ပူးေပါင္းအားထုတ္ႀကိဳးပမ္းဖို႔အတြက္ နိုင္ငံေရးပါတီမ်ား တိုးျမႇင့္ပါဝင္နိုင္ဖို႔ ဖိတ္ေခၚမႈတစ္ခုျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#mhtnews