
၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ယနေ့ ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့)နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပရဝုဏ်အတွင်း ကျင်းပခဲ့သည်။
ရေသဘင်ပွဲတော်သို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
ရေသဘင်ပွဲတော်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး တက်ရောက်လာကြသော အရာထမ်းနှင့် အမှုထမ်းများအား လာမည့်နှစ်သစ်မှာ တိုင်းပြည်တာဝန်ကို ကျေပွန်စွာထမ်းရွက်နိုင်ပါစေကြောင်းနှင့် ကပ်ရောဂါ အန္တာရာယ်မှ ကင်းဝေးပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းစကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် ဧည့်သည်တော်များအား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ လှပျိုဖြူများက သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေကာ အခမ်းအနားကို စတင်ခဲ့ကြပါသည်။
ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများအား မြန်မာရိုးရာအစားအစာများဖြစ်သည့် ကြာဇံဟင်းခါး၊ မုန့်လက်ဆောင်းနှင့် ရွှေရင်အေးတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

(Zawgyi)
“နိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၏ မဟာသၾကၤန္ေရသဘင္ပြဲေတာ္ က်င္းပ”
၁၃၈၄ ခုႏွစ္ ျမန္မာႏွစ္သစ္ကို ႀကိဳဆိုေသာအားျဖင့္ နိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၏ မဟာသၾကၤန္ေရသဘင္ပြဲေတာ္ကို ယေန႕ ဧၿပီ ၁၃ ရက္ (သၾကၤန္အႀကိဳေန႕)နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ နိုင္ငံျခားေရးဝန္ႀကီးဌာန ပရဝုဏ္အတြင္း က်င္းပခဲ့သည္။
ေရသဘင္ပြဲေတာ္သို႔ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ဇနီး၊ နိုင္ငံျခားေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးႏွင့္ ဇနီး၊ အၿမဲတမ္း အတြင္းဝန္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ အရာထမ္း၊ အမႈထမ္းႏွင့္ မိသားစုဝင္မ်ား ေပ်ာ္႐ႊင္စြာ ပါဝင္ဆင္ႏႊဲခဲ့ၾကပါသည္။
ေရသဘင္ပြဲေတာ္တြင္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးႏွင့္ နိုင္ငံျခားေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးတို႔က အဖြင့္အမွာစကားမ်ား အသီးသီးေျပာၾကားခဲ့ၾကၿပီး တက္ေရာက္လာၾကေသာ အရာထမ္းႏွင့္ အမႈထမ္းမ်ားအား လာမည့္ႏွစ္သစ္မွာ တိုင္းျပည္တာဝန္ကို ေက်ပြန္စြာထမ္း႐ြက္နိုင္ပါေစေၾကာင္းႏွင့္ ကပ္ေရာဂါ အႏၱာရာယ္မွ ကင္းေဝးပါေစေၾကာင္း ႏွစ္သစ္ဆုမြန္ေကာင္းစကားမ်ား ေျပာၾကားခဲ့ၾကပါသည္။ ထို႔ေနာက္ ဧည့္သည္ေတာ္မ်ားအား နိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာနတို႔မွ လွပ်ိဳျဖဴမ်ားက သၾကၤန္ယိမ္းအကမ်ားျဖင့္ ေဖ်ာ္ေျဖကာ အခမ္းအနားကို စတင္ခဲ့ၾကပါသည္။
ပြဲေတာ္တြင္ ပါဝင္ဆင္ႏႊဲၾကသူမ်ားအား ျမန္မာရိုးရာအစားအစာမ်ားျဖစ္သည့္ ၾကာဇံဟင္းခါး၊ မုန႔္လက္ေဆာင္းႏွင့္ ေ႐ႊရင္ေအးတို႔ျဖင့္ တည္ခင္းဧည့္ခံခဲ့ေၾကာင္း သိရွိရပါသည္။
Recent Comments